Home
မြန်မာသတင်း
ဟုမ္မလင်းမြို့အနီး အင်အား ၅.၈ အဆင့်ရှိ ငလျင်လှုပ်
DVB
·
January 7, 2018
26195823_936135426541536_6654519120341706643_n
  စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နားမှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တခု ဒ နေ့လယ်ပိုင်းက လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒီငလျင်ကြောင့် မန္တလေး၊ ဗန်းမောက်၊ တမူး၊ ဝန်းသိုနဲ့ ကသာမြို့တွေမှာလည်း လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီနဲ့ ၁၃ မိနစ်မှာ ဟုမ္မလင်းမြို့ရဲ့ အနောက်တောင်ဘက် ၁၅ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅.၈ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်သွားတာ ဖြစ်ပါတယ်။ မနက် ၅ နာရီခွဲလောက်ကလည်း ဂွမြို့ရဲ့ အရှေ့မြောက်ရဲ့ မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိတဲ့ ငလျင်လှုပ်သွားခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024