Home
မြန်မာသတင်း
သက္ကမ (ဒိုင်းနက်) တိုင်ရင်းသားများ အမျိုးသားနေ့ ကျင်းပ
DVB
·
January 7, 2018
26230497_197138714171458_6195661179368574776_n
26229991_197139190838077_657608961310145991_n
26229708_197139030838093_932768819632403243_n
26229381_197138857504777_5920058648864040752_n
26196194_197139097504753_8817493170196060061_n
26195909_197138770838119_1388198499117126446_n
26169159_197139230838073_5171111546771304375_n
  သက္ကမ (ဒိုင်းနက်) တိုင်းရင်းသားတို့ရဲ့ သတ္တမအကြိမ် သက္ကမ အမျိုးသားနေ့ကို ဘူးသီးတောင်မြို့နယ် မိကျောင်းခေါင်းဆွဲ၊ ကုန်တန်း ကျေးရွာမှာ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက စတင်ကျင်းပနေပါတယ်။ မိမိကိုယ်တိုင် သက္ကမ အဖြစ် သတ်မှတ်ခေါ်ဆိုကြပေမယ့် ဒိုင်းနက်လူမျိုးအဖြစ် သတ်မှတ်ခံနေရတာကြောင့် လူမျိုးအမည်မှန်ကို ပြည်ထောင်စုက အသိအမှတ်ပြုပေးစေချင်လို့ အမျိုးသားနေ့ကို ကျင်းပရတာလို့ ပွဲစီစဉ်သူ ဆရာတော် အရှင်ဇောတိပါလက ပြောပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တိုင်းရင်းသားရေးရာ ဝန်ကြီးဦးပုန်ဗွေကလည်း တိုင်းရင်းသားလူမျိုးများ စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန ဖွင့်လှစ်ထားပြီး တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတွေကို တိုးတက်အောင် ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်းပြောပါတယ်။ သက္ကမ (ဒိုင်းနက်) တိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အများဆုံး နေထိုင်ကြပြီး မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်တွေမှာ ပြန့်ကျဲနေထိုင်နေထိုင်ကြပြီး တနိုင်ငံလုံးမှာ လူဦးရေစုစုပေါင်း ငါးသောင်းကျော်ပဲ ရှိနိုင်တော့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024