A d v e r t i s e m e n t With Us

ပတ္တယားတွင် အ၀တ်မပါ အမျိုးသမီးတဦး ကွန်ဒိုတိုက်ပေါ်မှ ပြုတ်ကျသေဆုံး

ထိုင်းနိုင်ငံ ပတ္တယားမှာ ကွန်ဒိုအခန်းတခန်းထဲကနေ အဝတ်မပါပဲ အမျိုးသမီးတဦး ပြုတ်ကျသေဆုံးလို့ သူမနဲ့နောက်ဆုံး မြင်ခဲ့တဲ့ နိုင်ငံခြားသားအမျိုးသားကို ရဲတွေက ရှာဖွေနေတယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ ပတ္တယား စိုင်ဆောင်လမ်းမကြီး၊ လမ်းသွယ် ၆ က ဘီယာဘားမှာ အလုပ် လုပ်တဲ့ အသက် ၂၆ နှစ်အရွယ် ဝန်နစ်ပါချန်ဟူရာသွန်လို့ ဆိုပါတယ်။ သူမကို ဘန်လာမူအန်ခရိုင်၊ တန်ဘုံနောင်ပရူ ကိုးဇီးဘိ့ခ်ျကွန်ဒိုတိုက်ခန်းနားက လမ်းပေါ်မှာ ဒဏ်ရာအပြင်းအထန်နဲ့ တွေ့ခဲ့တာလို့ ဆိုပါတယ်။ သူမရဲ့ခြေထောက်တွေနဲ့ လက်တွေ ကျိုးသွားပြီး ကယ်ဆယ်ရေးတွေက ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။ ပတ္တယားရဲချုပ် အပီချိုင်ခရော့ပက်က နိုင်ငံခြားသားအမျိုးသားဟာ မစ္စဝန်နစ်ပါအလုပ်လုပ်တဲ့ ဘားကို မသွားခင် သူ့ရဲ့ရည်းစားနဲ့ ရန်ဖြစ်ခဲ့တယ်လို့ သိရကြောင်း၊ အဲ့ဒီနောက်  မစ္စဝန်နစ်ပါကို သူနဲ့အတူအိပ်ဖို့ ကွန်ဒိုတိုက်ခန်းကို ခေါ်သွားတယ်၊ အဲ့ဒီတိုက်ခန်းပေါ်က သူမ ပြုတ်ကျ သေဆုံးတယ်လို့ ပြောပါတယ်။ သုံးပြီးကွန်ဒုံတွေ၊ အဝတ်အစားတွေနဲ့ အမျိုးသမီး ပြုတ်ကျ မသေဆုံးခင် သူတို့ ၂ ဦး အတူအိပ်တယ်ဆိုတာကို သက်သေခံနိုင်တဲ့ အခြားသက်သေတွေ ရဲတွေက တွေ့ခဲ့ပါတယ်၊ ဒါပေမယ့် သေဆုံးမှုမှာ အမည်မဖော်ပြတဲ့ နိုင်ငံခြားသားအမျိုးသား ပါဝင် ပက်သက်မှု ရှိ မရှိဆိုတာကို စုံစမ်းရေးအရာရှိတွေက မပြောပါဘူး။ ကွန်ဒိုတိုက်ခန်းရဲ့ လုံခြုံရေး ကရီရန်ဆက်ခမာဟာချိုင်က သူ တိုက်ရဲ့ ဂိတ်ပေါက်မှာ ထိုင်နေတုန်း အသံကျယ်ကြီးကြားတယ်၊ စစ်ဆေးဖို့သွားကြည့်တော့ အမျိုးသမီးက သွေးအိုင်ထဲ လဲနေတယ်၊ ဒါကြောင့် ရဲတွေကို ချက်ခြင်း အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။ အထပ်မြင့်အဆောက်အအုံရဲ့ ၅ ထပ်အခန်းကနေ အမျိုးသမီး ပြုတ်ကျတာဖြစ်နိုင်တယ်လို့ ရဲတွေက အစောပိုင်းမှာ ယူဆနေပြီး အခန်းကို စစ်ဆေးချိန် အခန်းထဲမှာ ဘယ်သူမှ မတွေ့ဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up