ကော်တင်ဟိုကို ပေါင် ၁၄၂ သန်းဖြင့် ဘာစီလိုနာ ခေါ်ယူ

2K
လီဗာပူးစတား ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းနဲ့ ခေါ်ယူဖို့ မနေ့က သဘောတူညီမှုရရှိသွားပြီ ဖြစ်ပါတယ်။
အခု ပြောင်းရွှေ့ကြေးဟာ ဗြိတိန်ကလပ်တွေထဲ မှာ အများဆုံးရရတဲ့ ကြေးဖြစ်သလို စပိန် ကလပ်တခုက အမြင့်ဆုံးပေးတဲ့ ပြောင်းရွှေ့ကြေးအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးလောကမှာ တတိယ အများဆုံး ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့ပါတယ်။ ပထမအများဆုံးကတော့ ပေါင် ၂၂၂ သန်း နဲ့ ပီအက်စ်ဂျီကို ပြောင်းသွားတဲ့ နေမာရဲ့ ပြောင်းရွှေ့ ကြေးဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဘရာဇီး လက်ရွေးစင် ကော်တင်ဟိုဟာ ၂၀၁၃ ခုနှစ်က လီဘာပူး အသင်းကို ပေါင် ၈ သန်းခွဲနဲ့ ရောက်လာခဲ့တာပါ။
သူဟာ အသင်းအတွက် ၁၅၃ ပွဲ ကစားပေးထားပြီး ၄၂ ဂိုးသွင်းပေးထားသူပါ။ ၂၀၁၀ မှာ ဘရာဇီးနိုင်ငံ လက်ရွေးစင်ဖြစ်လာပြီး ၃၂ ပွဲ ကစား၊ ၈ ဂိုးသွင်းပေးထားပါတယ်။