A d v e r t i s e m e n t With Us

အီဂျစ်တွင် မိုးပျံပူဖောင်း ပျက်ကျမှုကြောင့် လူ ၁ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

The remains of a hot air balloon is seen on the ground near the ancient city of Luxor after a fatal crash on January 5, 2018. / AFP PHOTO / STRINGER (Photo credit should read STRINGER/AFP/Getty Images)
အီဂျစ်နိုင်ငံ အရှေ့ပိုင်းက လက်ဇောမြို့မှာ မနေ့က မိုးပျံပူဖောင်း ပျက်ကျလို့ လူတယောက် သေဆုံးပြီး တခြားလူ အတော်များများ ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ သေဆုံးသူဟာ တောင်အာဖရိက နိုင်ငံသား အမျိုးသား ကမ္ဘာလှည့်ခရီးသည် မီးပုံးပျံ စီးနင်းသူပါ။ ရာသီဥတု မကောင်းချိန်မှာ မိုးပျံပူဖောင်းစီးလို့ ခုလိုဖြစ်တာလို့ အစိုးရ မီဒီယာက ပြောပါတယ်။ နိုင်ငံတလွှား ဒေသ အတော်များများမှာ လေပြင်းနဲ့ သဲမုန်တိုင်း တွေ တိုက်ခတ် နေတာပါ။ ကိုင်ရိုမြို့တော်ရဲ့ အဓိက လေဆိပ်ကောင်းကင်မှာ သဲမုန်တိုင်း ဖုံးနေပြီး ပင်လယ်နီ ဆိပ်ကမ်းတွေကို ပိတ်ထားရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အာဂျင်တီးနား နိုင်ငံသားတယောက်နဲ့ ပြင်သစ်ခရီးသည် ၂ ယောက်ပါပြီး ဆေးရုံတင် ကုသပေးထားတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရက ပြောပါ တယ်။ တခြားခရီးသည်တွေကိုလည်း လက်ဇောမြို့ နိုင်ငံတကာ ဆေးရုံကို တင်ပို့ခဲ့ရပေမယ့် နာရီ နည်းနည်းအကြာမှာ ဆေးရုံကနေ ဆင်းသွားနိုင်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up