A d v e r t i s e m e n t With Us

အမေရိကန်တွင် အအေးလှိုင်းဖြတ်၊ ရေခဲပြင်ထဲ ကားများပိတ်မိ (ရုပ်သံ)

အမေရိကန်နိုင်ငံ မန်ဆာချူးဆက်ပြည်နယ် ကမ်းရိုးတန်းရပ်ကွက်တွေမှာ ရေကြီးနေချိန် အအေးလှိုင်းဖြတ်လို့ ကားတွေ ရေခဲပြင်ထဲမှာ ပိတ်မိနေပါတယ်။ ဇန်န၀ါရီ ၄ ရက်နေ့က အားကောင်းတဲ့ မုန်တိုင်းဟာ အမေရိကန် အရှေ့မြောက် တလွှား ဖြတ်သန်းတိုက်ခတ်ခဲ့တာပါ။ ဘော့စ်တွန်မြို့နားက ရီဗီရာ ကမ်းခြေမြို့မှာ ကားအတော်များများ ရေခဲပြင်ထဲမှာ ပိတ်မိနေပါတယ်။ ကားတွေ ရပ်ထားတဲ့ လမ်းတလျှောက်လုံး မျက်စိတဆုံး ရေခဲပြင်ထဲမှာ ပိတ်မိနေပုံ ရုပ်သံကို လူမှုကွန်ရက် မီဒီယာပေါ်မှာ တွေ့ရပါတယ်။ မုန်တိုင်းကြောင့် ဘော့စ်တွန်၊ နယူးဂျာစီနဲ့ မိန်းပြည်နယ် အစိတ်အပိုင်းတွေ အပါအဝင် ဒေသတွင်းမှာ မနေ့မနက်က ၁ နာရီ မိုင်၇၀ ကျော် နှုန်းနဲ့ လေပြင်းတိုက်ခဲ့ပြီး နှင်းတွေ ၁ ပေကျော် ကျဆင်းခဲ့ပါတယ်။ ရုတ်တရက် လေဖိအား ထိုးကျသွားတဲ့ အနေအထားကြောင့် မိုးလေဝသ ဟောကိန်းထုတ်သူတွေက ဒီအခြေအနေကို ဗုံးဆိုင်ကလုန်းလို့ ရည်ညွှန်းခေါ်ဆိုခဲ့ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ရာသီကြောင့် ကျန်ခဲ့တဲ့ရက်တွေအတွင်း တက္ကဆက်နဲ့ မြောက်ကာရိုလိုင်းနား အပါအဝင် ဒေသတွင်းမှာ လူအနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up