A d v e r t i s e m e n t With Us

မိုင်းတုံတွင် တရားမ၀င်သစ်တင်လာသည့် ကားတစီး တိမ်းမှောက်၊ ၁ ဦးသေ

မိုင်းတုံမြို့နယ်​ မိုင်းတုံ/တာဆန်းသွားကားလမ်း ကီလိုမီတာ (၂၃၁/၂၃၂) အကြားမှာ ဇန်​နဝါရီ ၅ ရက်​ နေ့လယ်ပိုင်းက မိုင်းတုံဘက်​ကို ယာဉ်​​မောင်းစိုင်း​ပေါင်​ဝမ်း(ဘ)ဦးစိုင်း​ဇော်​ဦး ​မောင်းနှင်​ပြီး ယာဉ်​​နောက်​လိုက်​ ယားပါ(ခ)ဖိုး​ဇော်​လိုက်​ပါလာတဲ့ ဒိုင်​နာယာဉ်​တစီး ချောက်ထဲ ထိုးကျပြီး ယာဉ်နောက်လိုက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ “သတင်းရရချင်း နယ်​ထိန်းအဖွဲ့နဲ့အတူ အခင်းဖြစ်​​နေရာကိုသွားခဲ့တယ်​။ ဒိုင်​နာယာဉ်​ကဘရိတ်​​ပေါက်​ပြီး ထိုးကျသွားခဲ့တာ​ကြောင့် ယာဉ်​​မောင်း​ဘေးခုံမှာ လိုက်​ပါလာတဲ့ ယာဉ်​​နောက်​လိုက်​က နဖူးပွန်းပဲ့ဒဏ်​ရာ၊ မျက်​ခုံးနှစ်​ဘက်​ကြားညိုမဲ၊ ဘယ်​ဘက်​မျက်​လုံး​ အောက်​ညိုမဲ၊ ဘယ်​ဖက်​တင်​ပါးဆုံ အထက်​ ၄ လက်​မလောက် ပြတ်​ရှဒဏ်​ရာ ၂ ချက်​ရပြီး​ နေရာမှာတင်​​သေဆုံးခဲ့တယ်​။ ယာဉ်​​မောင်းက​တော့ ဘယ်​ဘက်​ပခုံးပွန်းပဲ့ဒဏ်​ရာ တစ်​ချက်​ပဲ ရခဲ့တယ်​။ သစ်​တင်​လာတဲ့ ကားဖြစ်​ပါတယ်​” လို့ မိုင်းတုံမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးသန်းလွင်​က ​ပြောပါတယ်။ အဆိုပါယာဉ်​အနီး တရားမဝင်​တင်​​ဆောင်​လာတဲ့ ပိ​တောက်​သစ်​ခွဲသားဆိုဒ်​စုံ ၂၅ တုံး ၂ ဒသမ ၃၀၂၈ တန်​လောက် ပြန့်​ကျဲ​နေပြီး အရှိန်​မထိန်းနိုင်​ဘဲ​ ချောက်​ထဲထိုးကျခဲ့တာဖြစ်​ပါတယ်​။ မိုင်းတုံမြို့မရဲစခန်းက စိုင်းပေါင်ဝမ်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ပြင်းထန်ဒဏ်ရာရရှိမှု၊ လူသေမှု ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၇၇/၃၀၄ တို့နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ သိရပါတယ်။ ​အောင်​​ဇေယျ(မိုင်းတုံ)

A d v e r t i s e m e n t With Us

More News
Up