တကျော့ပြန်ဘောလုံးသမားအဖြစ် ခံစားရကြောင်း ဒီယေဂိုကော်စတာ ပြော

1.6K
စပိန်ကိုပါဒယ်ရေးပြိုင်ပွဲမှာ ဂိုးစတင်သွင်းယူနိုင်ခဲ့တဲ့ ဒီယေဂိုကော်စတာက သူ့အနေနဲ့ တကျော့ပြန် ဘောလုံးသမားအဖြစ် ခံစားရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကော်စတာဟာ ဇန်နဝါရီ ၄ ရက်နေ့က ယှဉ်ပြိုင်တဲ့ စပိန်ကိုပါဒယ်ရေးပြိုင်ပွဲအဖြစ် လိုင်ဒါအက်စ်ပေါ်တူအသင်းကို အဝေးကွင်းမှာ ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ပြီး ၅ မိနစ်အတွင်းမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ကော်စတာဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားဖိုင်နယ် အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ဘောလုံး နောက်ဆုံးကစားခဲ့တာဖြစ်ပြီး အသင်းဟောင်း အက်သလက်တီကိုအသင်းကို ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ကော်စတာဟာ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြကစားခဲ့ပေမယ့် ဆက်ဆံရေးပိုင်းမှာ အဆင်မပြေမှုတွေ ရှိတာကြောင့် အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။
ကော်စတာက အက်သလက်တီကိုအသင်းဟာ သူ့အတွက် အရေးပါပြီး အရမ်းလည်း ပျော်ရွှင်နေရသလို ဘောလုံးပြန်ကစားတဲ့အချိန်မှာပဲ ဂိုးသွင်းနိုင်ခဲ့တာ တကယ့်ကို ကောင်းလွန်းပါတယ်လို့ ပြောကြားခဲ့ပါတယ်။