DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအမတ်များ လွှတ်တော်တက်ရန် ဆုံးဖြတ်
DVB
·
April 30, 2012
အန်အယ်လ်ဒီအမတ်များ လွှတ်တော်တက်ရန် ဆုံးဖြတ်
Donate to DVB

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ  လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ မနက် အဖွဲ့ ချုပ်ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေ နဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်တာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဥာဏ်ဝင်းက “ဒီနေ့ နေ့ ခင်းပဲ ကျနော်တို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျမ်းကျိန်စာသား မပြင်ပေးသေးပါဘူး၊ ဒါဟာ ပြဿနာတခုဖြစ်နေတယ်။ အဓိကအားဖြင့်တော့ ကျနော်တို့ က ပြည်သူတွေရဲ့ အသံကို နားထောင်လို့ ပြည်သူတွေက အရမ်းကို တက်စေချင်နေတယ်။ နောက် တိုင်းရင်းသားပါတီ တွေကလည်း ကျနော်တို့ကို စာပို့ တယ်။ တက်စေချင်တယ်။ ဒါကိုလိုက်လျောတဲ့ အနေနဲ့ နဂိုရှိရင်းဆွဲ ကျမ်းကျိန်လွှာကိုပဲ ကျနော်တို့ ကျမ်းသစ္စာပြုတက်ရောက်မှာပါ’ လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၂၅ ဇယား (၄) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ပါမည်ဆိုတဲ့ စာသားကို လက်မခံနိုင်တာကြောင့် လွှတ်တော်မတက်ဘဲ စာသားပြင် ဆင်နိုင်ရေး ကြိုးပမ်းနေခဲ့တာပါ။

ခုတော့ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားဆန္ဒကိုရယူပြီး  ဒီမနက် ကျင်းပတဲ့  ဗဟိုအလုပ်မှုဆောင်  စီအီးစီ အစည်းအဝေးမှာ အပြီးဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဦးဥာဏ်ဝင်းက “ကျနော်တို့ ဒီဇယား ၄ က ဟိုတုန်းက မတင်ပြခဲ့တာ ကိုယ့်ရဲ့ အားနည်းချက် လစ်ဟင်းချက်လို့လည်း ၀န်ခံတယ်။ အဲ့ဒါကြောင့်တက်မှာ” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီကိုယ်စားလှယ်တွေဟာ  မေလ ၂ ၇က်နေ့မှာစပြီး လွှတ်တော်အစည်းအဝေးတွေကို စတင်တက်ရောက်မှာဖြစ်ပြီး  ဒီအကြောင်း လွှတ်တော်ကိုရော လွှတ်တော်အ မတ်တွေကို အကြောင်းကြားတယ်လို့ အန်အယ်လ်ဒီက ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည် သတင်း​စာရှင်း​လင်း​ပွဲ အသံဖိုင် နား​ဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013