DVB Logo
Home
မြန်မာသတင်း
လွှတ်​တော်ကို ​တောင်း​ပန်ရန် လယ်ဆည်ဝန်ကြီး​ကို ​တောင်း​ဆို
DVB
·
April 29, 2012
လွှတ်​တော်ကို ​တောင်း​ပန်ရန် လယ်ဆည်ဝန်ကြီး​ကို ​တောင်း​ဆို
Donate to DVB

ပြည်​ထောင်စုအစိုး​ရဝန်ကြီး​ ဦး​မြင့်​လှိုင်က ဂျာနယ်တခုမှာ ​ပြောဆိုချက်နဲ့​ ပတ်သက်ပြီး​ လွှတ်​တော်နဲ့​ လွှတ်​တော်အမတ်မင်း​တွေကို ​တောင်း​ပန်ဖို့​ ဆက်တိုက် ​တောင်း​ဆို​နေရာမှာ လာမယ့်​ တနင်္လာ​နေ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ဦး​မြင့်​လှိုင် တက်​ရောက်လာဖွယ် ရှိတယ်လို့​ သိရပါတယ်။

ရန်ကုန်အခြေစိုက် မတ်လ ၂၃ ရက်ထုတ် Hot News ဂျာနယ ​ဖော်ပြချက်ပါ လယ်ယာနဲ့​ ဆည်​မြောင်း​ရေး​ရာဝန်ကြီး​ ဦး​မြင့်​လှိုင်ရဲ့​ အင်တာဗျူး​မှာ ဦး​မြင့်​လှိုင်က လွှတ်​တော် ကိုယ်စား​လှယ်​တွေဟာ ဆယ်တန်း​မ​အောင်၊​ စာမတတ်ဘဲ လွှတ်​တော်တွင်း​ ​ပြောသမျှနာခံကာ ရမ်း​လုပ်​နေသူများ​ ဖြစ်တယ်ဆိုပြီး​ သုံး​နှုန်း​ခဲ့​ပါတယ်။

မြစ်​ရေတင်စီမံကိန်း​တွေနဲ့​ ​ရေကာတာစီမံကိန်း​တွေရဲ့​ မ​အောင်မမြင်ဖြစ်မှုကို ပြည်သူ့​ငွေစာရင်း​ကော်မတီက စိစစ်အတည်ပြုပြီး​ လွှတ်​တော်ကို တင်ပြ ​ဆွေး​နွေး​ရာမှာ အဲဒီစီမံကိန်း​တွေ ​တော်​တော်များ​များ​ အသုံး​စရိတ် ဖြတ်​တောက်တာကို ခံခဲ့​ရပြီး​နောက် ဦး​မြင့်​လှိုင်က အင်တာဗျူး​ပေး​တာ ဖြစ်ပါတယ်။

ဒီ​ဝေဖန်ချက်ဟာ လွှတ်​တော်အမတ်​တွေရဲ့​ ဂုဏ်ကျက်သ​ရေကို ထိပါး​တဲ့​ စကား​ကျွံမှုအဖြစ် ရှုမြင်ပြီး​ ပြည်သူ့​ကိုယ်စား​လှယ်အခွင့်​အ​ရေး​ကာကွယ်တဲ့​ဥပ​ဒေနဲ့​ လိုအပ်သလို ​ဆောင်ရွက်ဖို့​ ပြင်ဆင်​နေကြတာဖြစ်ပါတယ်။

အခု​တော့​ လွှတ်​တော်အမတ်​တွေက ဒီကိစ္စကို တရား​ဝင်​တောင်း​ပန်ဖို့​ လက်မှတ် လိုက်လံစု​ဆောင်း​ ​တောင်း​ဆို​နေကြတာပါ။ ဒီကိစ္စကို ဦး​စီး​ ​ဆောင်ရွက်​နေတဲ့​ တနင်္သာရီတိုင်း​ဒေသကြီး​ ​ရေဖြူမြို့​နယ်မှာ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီကို ကိုယ်စား​ပြု ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ဝင်း​ဦး​က ခုလို ​ပြောပါတယ်။

“လွှတ်​တော်ကိုယ်စား​လှယ်​တွေ အား​လုံး​ရဲ့​ကိုယ်စား​ ကျ​နော်ဦး​ဆောင်ပြီး​ လုပ်ခဲ့​ပါတယ်။ ကျ​နော်တို့​တင်တာ​တော့​ ပြည်​ထောင်စုဝန်ကြီး​ ဦး​မြင့်​လှိုင်အ​နေနဲ့​ လွှတ်​တော်နဲ့​ လွှတ်​တော်ကိုယ်စား​လှယ်များ​ရဲ့​ ဂုဏ်သိက္ခာကျဆင်း​အောင် အသ​ရေပျက်​အောင် စိတ်ညှိုး​နွမ်း​အောင်၊​ ​ပြောဆိုခဲ့​တဲ့​ အမှု​တွေအ​ပေါ်မှာ စိစစ်ပြီး​တော့​ အ​ရေး​ယူ​ပေး​ပါဆိုပြီး​ ပထမတ​ခေါက်က လွှတ်​တော်အခွင့်​အ​ရေး​ ​ကော်မတီကို တင်ခဲ့​တယ်။ အဲဒီက​နေတခါ ပြည်​ထောင်စုလွှတ်​တော် လွှတ်​တော်အခွင့်​အ​ရေး​ ပူး​ပေါင်း​ကော်မတီကို ထပ်ပြီး​တော့​ လုပ်ခဲ့​ပါတယ်။ အခုအဲဒီဟာရဲ့​ အကျိုး​ဆက်က​တော့​ တနင်္လာ​နေ့​မှာ ပြည်​ထောင်စုဝန်ကြီး​ ဦး​မြင့်​လှိုင်က​နေ လွှတ်​တော်ထဲမှာ လာ​ရောက်ရှင်း​ပြမယ်လို့​တော့​ ​ပြောတယ်။ ဒါ​ပေမယ့်​ ကျ​နော်တို့​ ​တောင်း​ဆိုထား​တာ ဝန်ချ​တောင်း​ပန်ဖို့​၊​ အဲဒီ​နေ့​မှာ တကယ်လို့​ သူက သူမှား​ခဲ့​တဲ့​ ကိစ္စ​လေး​ကို ဝန်ချ​တောင်း​ပန် လိုက်ရင်လည်း​ ကျ​နော်တို့​ အား​လုံး​က ခွင့်​လွှတ်မှာပါ။ အာဃာတနဲ့​ အငြိုး​နဲ့​ ရန်သူ​တွေ မဟုတ်ပါဘူး​။ သို့​သော် ဂုဏ်သိက္ခာကို ထိန်း​သိမ်း​သောအား​ဖြင့်​ လွှတ်​တော်ရဲ့​ဂုဏ်သိက္ခာ၊​ လွှတ်​တော်ကိုယ်စား​လှယ်​တွေရဲ့​ ဂုဏ်သိက္ခာ၊​ ပြည်သူ​တွေရဲ့​ ကိုယ်စား​လှယ်ဖြစ်တဲ့​ ဂုဏ်သိက္ခာကို ထိန်း​သိမ်း​သောအား​ဖြင့်​ သူ့​အ​နေနဲ့​ လာပြီး​တောင်း​ပန်လိုက်ရင် ​ကျေနပ်ခွင့်​လွှတ်မှာပါ။ ရှင်း​ပြရုံ​လောက်​တော့​ လက်ခံမှာမဟုတ်ပါဘူး​။ ​တောင်း​ပန်မှ ​ကျေနပ်မှာပါ။ သူမ​တောင်း​ပန်ရင်​တော့​ မ​ကျေနပ်ပါဘူး​။ တဆင့်​ဆီသွား​ပါမယ်။”

သူတို့​အ​နေနဲ့​ ပြည်​ထောင်စုဝန်ကြီး​က ရှင်း​ပြတာကို မလိုလား​ဘဲ ​တောင်း​ပန်တာကိုသာ လိုလား​တယ်လို့​ ဦး​ဝင်း​ဦး​က ​ပြောပါတယ်။ တကယ်လို့​ မ​တောင်း​ပန်ရင်​တော့​ ဆက်လက် ​ဆောင်ရွက်သွား​မယ်လို့​လည်း​ သူက ​ပြောပါတယ်။

ဦး​မြင့်​လှိုင်ဟာ တပ်မ​တော်အငြိမ်း​စာ ဗိုလ်ချုပ်​ဟောင်း​တဦး​ဖြစ်ပြီး​ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ​နေပြည်​တော် ဒက္ခိဏသိရီမဲဆန္ဒနယ်က​နေ ​ရွေး​ကောက်ခံရသူ ဖြစ်ပါတယ်။

ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ ဝန်ကြီး​တဦး​ဟာ ဝန်ကြီး​ရာထူး​နဲ့​ ထိုက်တန် ​လျော်ညီမှုမရှိရင် ပြန်လည်ပယ်ဖျက်ပိုင်ခွင့်​ကို လွှတ်​တော် ကိုယ်စား​လှယ်​တွေနဲ့​ မဲဆန္ဒရှင်​တွေက ​တောင်း​ဆိုခွင့်​ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013