A d v e r t i s e m e n t With Us

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၄ ဦး ဒဏ်ရာရ

ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၇၆/၆ နဲ့ ၇ ကြားမှာ ဇန်နဝါရီ ၃ ရက် ညနေက ခရီးသည်တင် ကားတစီးတိမ်းမှောက်ခဲ့လို့ ခရီးသည် ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ မန္တလေးဘက်ကလာတဲ့ ယာဉ်မောင်း အောင်သူဟိန်း မောင်းနှင်လာတဲ့ ခရီးသည်တင် အန်စာတုံးကားဟာ ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ လမ်းရဲ့ဘယ်ဘက်ဘေးမှာ တိမ်းမှောက်သွားရာမှာ ကားပေါ်မှာ ယာဉ်မောင်းပါ ၉ ဦးအနက် ခရီးသည် ၄ ဦး ဒဏ်ရသွားတယ်လို့ သိရပါတယ်။ ရွှေတောင်ရွာရဲစခန်း စခန်းမှူးက “ခရီးသည် ၄ ဦးတော့ ဒဏ်ရာရတယ်။ ဝမ်းတွင်းဆေးရုံကို ပို့ပေးရတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ကားကတော့ ပျက်စီးမှု ရှိတယ်” လို့ ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်းက အောင်သူဟိန်းကို ယာဉ်မဆင်မခြင်မောင်းလို့ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up