DVB Logo
Home
မြန်မာသတင်း
လူဝတ်လဲလိုက်သည့်​ အရှင်ဂမ္ဘီရ စိတ်ကျန်း​မာ​ရေး​ ကုသ​နေ
DVB
·
April 29, 2012
လူဝတ်လဲလိုက်သည့်​ အရှင်ဂမ္ဘီရ စိတ်ကျန်း​မာ​ရေး​ ကုသ​နေ
1 / 3
Donate to DVB

ကိုညီညီလွင်တဖြစ်လဲ မြန်မာနိုင်ငံလုံး​ဆိုင်ရာ သံဃတပ်​ပေါင်း​စုအဖွဲ့​ကြီး​ရဲ့​ ဦး​ဆောင်သံဃာ​တော် အရှင်ဂမ္ဘီရရဲ့​ စိတ်ကျန်း​မာ​ရေး​မ​ကောင်း​ဘူး​လို့​ သူ့​မိခင် ​ဒေါ်​ရေး​က ​ပြောပါတယ်။

[caption id="attachment_21067" align="alignleft" width="300" caption="အရှင်ဂမ္ဘီရ"][/caption]

၂၀၀၇ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​ကာလက ဦး​ဆောင်သံဃာတပါး​ဖြစ်တဲ့​ အရှင်ဂမ္ဘီရဟာ နှစ်ဆန်း​တရက်​နေ့​က လူထွက်ခဲ့​ပြီး​တဲ့​နောက် စိတ်ကျန်း​မာ​ရေး​ ဆရာဝန်ထံမှာ ကုသမှုခံယူ​နေတယ်လို့​ သူ့​မိခင် ​ဒေါ်​ရေး​က ​ပြောပါတယ်။

မိထ္တီလာမြို့​က စက်မှုဇုန်မှာ မိဘ​တွေနဲ့​အတူ ​နေထိုင်​နေတဲ့​ ကိုညီညီလွင်ဟာ တ​ယောက်တည်း​နေရင်း​ ရယ်​မော​နေတတ်သလို ညဘက်ဆိုရင် ပို​ဖောက်လာတယ်လို့​ ဆိုပါတယ်။

“ဟိုတ​နေ့​က လူထွက်​တော့​ ပုံမှန်မဟုတ်ဘူး​။ တ​ယောက်တည်း​ ရယ်​နေတယ်၊​ ညကျ​တော့​ အာရုံထဲမှာ ဆက်သွယ်​နေကြတယ်ဆိုပြီး​ အဲလို​တွေ​ပြောတယ်။ ​နေ့​ခင်း​က အ​ကောင်း​ပဲ၊​ ညပိုင်း​ ၆ - ၇ နာရီ​လောက် သတင်း​တွေဘာ​တွေကြား​ရင် စိတ်ကထိန်း​ချုပ်လို့​ မရဘူး​။ တအား​ဆိုး​လာတယ်။ ​ဆေး​စစ်​တော့​လည်း​ မခံဘူး​။ မိထ္တီလာမှာ စိတ်ကျန်း​မာ​ရေး​ဆရာဝန်ကြီး​နဲ့​ သွား​ဆွေး​နွေး​ကြည့်​ပြီး​ပြီ။”

သူဟာ ​ထောင်ကထွက်ပြီး​တဲ့​နောက် သင်္ကန်း​ပြန်ဝတ်ခဲ့​ပါတယ်။ ဒီ​နောက် နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က သံဃာပြန်ဝတ်ချင်ရင် ပြန်လည် ​လျှောက်ထား​ရမယ်ဆိုတဲ့​ ညွန်ကြား​လွှာ ၁၅ အရ ပြန်​လျှောက်ခိုင်း​ခဲ့​ပါတယ်။

အရှင်ဂမ္ဘီရက သူဟာ ရဟန်း​ဖြစ်ပြီး​ဖြစ်လို့​ ​လျှောက်စရာမလိုဘူး​လို့​ ခံယူပြီး​ မ​လျှောက်တာ​ကြောင့်​ အဲဒီညွှန်ကြား​လွှာအရ တရား​စွဲဆိုခံရနိုင်တယ်ဆိုနဲ့​အချက်နဲ့​ ငြိစွန်း​သလို သတင်း​စာ​တွေမှာလည်း​ အာဏာစက်နဲ့​ ကိုင်တွယ်မယ်လို့​ ပါရှိလာပြီး​ သွား​လာ​နေထိုင်​ရေး​ ခက်ခဲခဲ့​ပါတယ်။

ဒေါ်​ရေး​က ရန်ကုန်မှာ ​နေထိုင်သွား​လာ​ရေး​ခက်ခဲပုံကို ခုလို ​ပြောပါတယ်။

“စိတ်ဖိစီး​မှု​တွေလည်း​ များ​တယ်။ ဟိုတ​လောက ရန်ကုန်ကို ​ဆေး​စစ်ဖို့​သွား​တယ်။ သွား​တော့​ ဘယ်​ကျောင်း​မှာမှ မတည်း​ရဲဘူး​။ ​ပေး​မတည်း​ဘူး​။ အဲဒါ​တွေလည်း​ စိတ်ထဲခံစား​ရမှာ​ပေါ့​။”

အရှင်ဂမ္ဘီရဟာ ​ထောင်တွင်း​နှိပ်စက်ခံရတဲ့​ဒဏ်​တွေအပြင် ​ထောင်တွင်း​ မူး​ယစ်​ဆေး​တွေပါ ထိုး​နှံခံရတယ်ဆိုတာ သံသယရှိတယ်လို့​ ​ဒေါ်​ရေး​က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013