Saturday, June 10, 2023
Homeမြန်မာသတင်းစီးပွားရေးကမၻာ့​ဘဏ္ရံုး မြန်မာပြည်တွင် ဖွင့်​မည်

ကမ္ဘာ့​ဘဏ်ရုံး​ မြန်မာပြည်တွင် ဖွင့်​မည်

မြန်မာပြည်နဲ့​ ဆက်ဆံ​ရေး​ ဖြတ်​တောက်ထား​တာ ဆယ်စုနှစ် နှစ်ခုရှိပြီဖြစ်တဲ့​ ကမ္ဘာ့​ဘဏ်ဟာ မြန်မာပြည်မှာ လာမယ့်​ ဇွန်လထဲ ရုံး​ခန်း​လာဖွင့်​တော့​မယ်လို့​ကြေညာလိုက်ပါတယ်။

ဒါဟာ မြန်မာပြည်မှာ အစိုး​ရသစ်တက်လာတဲ့​နောက်ပိုင်း​ နိုင်ငံတကာ ​ငွေ​ကြေး​အဖွဲ့​အစည်း​တွေက မြန်မာပြည်နဲ့​ ပြန်လည်ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ လုပ်လာတာရဲ့​ ​နောက်ဆုံး​ တိုး​တက်မှုဖြစ်ပါတယ်။

ကမ္ဘာ့​ဘဏ် အ​ရှေ့​အာရှနဲ့​ ပစိဖိတ်​ဒေသ​ရေး​ရာ ဒု – ဥက္ကဋ္ဌ ပါမီလာ ​ကော့​စ် က ကမ္ဘာ့​ဘဏ်က ကျွမ်း​ကျင်သူ​တွေဟာ မြန်မာပြည်က ဖြစ်​ပေါ်တိုး​တက်​နေတဲ့​ အ​ခြေအ​နေ၊​ ဘဏ္ဍာ​ရေး​နဲ့​ စီး​ပွား​ရေး​ စီမံခန့်​ခွဲမှု​တွေအတွက် လိုအပ်ချက်နဲ့​ လုပ်နိုင်တဲ့​ အင်အား​တွေကို သွား​ပြီး​ ​လေ့​လာမယ်လို့​ ဆိုပါတယ်၊​ သူကိုယ်တိုင်လည်း​ မြန်မာပြည်ကို သွား​ရောက်ပြီး​ အစိုး​ရပိုင်း​နဲ့​ ​တွေ့​ဖို့​ ရှိပါတယ်။

ဒါ​ပေမယ့်​ မြန်မာပြည်မှာ ကမ္ဘာ့​ဘဏ်ရဲ့​ အစီအစဉ်​တွေ အပြည့်​အဝ ပြန်စနိုင်ဖို့​ ဆိုရင် မြန်မာပြည်က ကမ္ဘာ့​ဘဏ်​ပေး​စရာရှိတဲ့​ အ​ကြွေး​ အ​မေရိကန်​ဒေါ်လာ ၃၉၃ သန်း​၊​ အာရှဖွံ့​ဖြိုး​ရေး​ကို ​ပေး​ရမယ့်​ အ​ကြွေး​ ​ဒေါ်လာသန်း​ ၅၀၀ ကို ပြန်ဆပ်မှ ဖြစ်မယ်လို့​ ဆိုပါတယ်။

ကမ္ဘာ့​ဘဏ်ဆီက​နေ ​ချေး​ထား​တဲ့​အ​ကြွေး​ကို မြန်မာအစိုး​ရက ပြန်မဆပ်တဲ့​အတွက် မြန်မာပြည်ကို ၁၉၈၇ ခုနှစ်မှာ ​ငွေ​ချေး​တာ​တွေကို ရပ်ဆိုင်း​ခဲ့​ပါတယ်။ ​နောက်တနှစ်မှာပဲ အ​နောက်နိုင်ငံ အစိုး​ရ ​တွေက မြန်မာပြည်ကို ဒဏ်ခတ်ပိတ်ဆို့​မှု​တွေ ချမှတ်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ မြန်မာပြည်က ဒီမိုက​ရေစီအ​ပြောင်း​အလဲ​တွေကို အား​ပေး​တဲ့​အ​နေနဲ့​ အ​မေရိကန်၊​ ဥ​ရော ပသမဂ္ဂ တို့​က စီး​ပွား​ရေး​ဒဏ်ခတ်ထား​တာ​တွေကို ဆိုင်း​ငံ့​ထား​ပြီး​ အကူအညီ​တွေကို ပြန်​ပေး​ဖို့​ ​ခြေလှမ်း​ပြင်​နေပါပြီ၊​ ပြီး​ခဲ့​တဲ့​အပတ်ကပဲ ဂျပန်က မြန်မာပြည်က တင်​နေတဲ့​ အ​ကြွေး​ အ​မေရိကန်​ဒေါ်လာ သန်း​ ၃၇၀၀ ကို ​လျော်​ပေး​မယ်လို့​ကြေညာခဲ့​ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular