A d v e r t i s e m e n t With Us

မြန်မာ့​အ​ပြောင်း​အလဲမှာ အီး​ယူ-အာဆီယံ ဆက်ဆံ​ရေး​ကဏ္ဍသစ်ဖွင့်

အီး​ယူ-အာဆီယံ နိုင်ငံခြား​ရေး​ဝန်ကြီး​များ​ အစည်း​အ​ဝေး​ကို ဘရူး​နိုင်း​ နိုင်ငံမှာ ဒီ​နေ့​ ကျင်း​ပ​နေပြီး​ မြန်မာနိုင်ငံရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေ​ကြောင့်​ အီး​ယူနဲ့​ အာဆီယံ ဆက်ဆံ​ရေး​အခန်း​ကဏ္ဍသစ် ဖွင့်​လှစ်နိုင်ပြီလို့​ အီး​ယူက ​ပြောကြား​လိုက်ပါတယ်။ မြန်မာအစိုး​ရရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုနဲ့​ အတိုက်အခံ​တွေအ​ပေါ် ဖိနှိပ်မှု​တွေ​ကြောင့်​ အီး​ယူအပါအဝင် နိုင်ငံတကာနဲ့​ အာဆီယံ ဆက်ဆံ​ရေး​အကြား​ ရှိခဲ့​တဲ့​ အဖုအထစ်​တွေဟာ မြန်မာနိုင်ငံရဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေ​ကြောင့်​ ​ကျော်လွှား​နိုင်ပြီး​ စာမျက်နှာသစ်တခု ဖွင့်​လှစ်နိုင်လိုက်ပြီလို့​ အီး​ယူနိုင်ငံခြား​ရေး​ရာမူဝါဒ အကြီး​အကဲ ကတ်သရင်း​ အက်ရှ်တွန်က ​ပြောပါတယ်။ ဂျာကာတာပို့​စ်သတင်း​စာ အ​တွေး​အမြင် စာမျက်နှာမှာ ကတ်သရင်း​အက်ရှ်တွန်က အခုလို ​ရေး​သား​ထား​တာဖြစ်ပါတယ်။ အီး​ယူနဲ့​ အာဆီယံတို့​ဟာ ​ဆွေး​နွေး​ဘက်​တွေ ဖြစ်ခဲ့​ကြပြီး​ ၁၉၉၇ ခုနှစ်မှာ အာဆီယံကို ဝင်​ရောက်ခွင့်​ပြုလိုက်တဲ့​အခါ မြန်မာနိုင်ငံရဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှုနဲ့​ တိုင်း​ရင်း​သား​ဒေသပြဿနာများ​ကြောင့်​ စီး​ပွား​ရေး​အပြင် တခြား​ အာဆီယံ-အီး​ယူ ​ဆွေး​နွေး​ပွဲ​တွေမှာ မြန်မာကို ဝင်​ရောက်​ဆွေး​နွေး​ခွင့်​ မပြုတာ​တွေ ရှိခဲ့​ပါတယ်။ ပြည်ပအ​ခြေစိုက် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အား​စု နိုင်ငံခြား​ရေး​ရာ တွဲဖက်အတွင်း​ရေး​မှူး​ ဦး​စိုး​အောင်က အခုလို အီး​ယူနဲ့​မြန်မာ ဆက်ဆံ​ရေး​ ​ပြောင်း​လဲလာတာနဲ့​ ပတ်သက်ပြီး​တော့​ သူ့​ရဲ့​အမြင်ကို အခုလို ​ပြောပါတယ်။ “အီး​ယူက ဒီအာဆီယံရဲ့​ ဒိုင်ယာ​လော့​ ပါတနာ​လေ။ အဲဒီ​တော့​ အာဆီယံက မြန်မာနိုင်ငံကို ၉၇ နှစ်ကတည်း​က​နေ စပြီး​တော့​မှ သူတို့​ အဖွဲ့​ဝင်အဖြစ် အသိအမှတ် ပြုလိုက်တဲ့​ အချိန်ကတည်း​က စပြီး​တော့​မှ မြန်မာနိုင်ငံထဲမှာ ဖြစ်​နေတဲ့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေက တိုင်း​ရင်း​သား​ပြည်သူ​တွေကို မတရား​ နှိပ်စက်မှု​တွေ​ကြောင့်​မို့​လို့​ အာဆီယံနဲ့​ အီယူအစည်း​အ​ဝေး​တွေမှာ အမြဲတမ်း​ ပြဿနာဖြစ်ခဲ့​ရတယ်။ အထူး​သဖြင့်​ ဒီအစည်း​အ​ဝေး​တွေမှာ အီး​ယူက အာဆီယံနဲ့​ တစား​ပွဲတည်း​ ထိုင်ပြီး​ ​ဆွေး​နွေး​မယ် ဆိုလို့​ရှိရင် မြန်မာပြည်က ပါလို့​ မရဘူး​။ အဲဒါ​ကြောင့်​မို့​လို့​ အခု​လော​လောဆယ် အီး​ယူက​နေ မြန်မာပြည်အ​ပေါ် ချထား​တဲ့​ စီပွား​ရေး​ပိတ်ဆို့​အ​ရေး​ယူမှု​တွေကို ​ခေတ္တခဏ ရပ်နား​တယ် ဆိုတဲ့​ဟာမှာ အာဆီယံက​နေ ချက်ချင်း​ အား​တက်သ​ရော ဒီဟာက ဖြစ်သင့်​တယ်၊​ လုပ်သင့်​တယ်၊​ ကြိုဆိုတယ် ဆိုပြီး​တော့​မှ ချက်ချင်း​ထောက်ခံတာ။” ဘရူနိုင်း​ နိုင်ငံမှာ ကျင်း​ပ​နေတဲ့​ အီး​ယူ-အာဆီယံ အစည်း​အ​ဝေး​ပွဲမှာ ၂၀၁၁ ခုနှစ်က ကုန်သွယ်မှု တန်ဖိုး​ ​ဒေါ်လာ ၂၂၁ ဘီလီယံရှိခဲ့​တဲ့​ ​ဒေသနှစ်ခု အကြား​ ကုန်သွယ်​ရေး​ အပြန်အလှန်တိုး​မြှင့်​ဖို့​ ကိစ္စ​တွေကို ဝန်ကြီး​တွေက ​ဆွေး​နွေး​မှာ ဖြစ်ပါတယ်။ ဒါ့​အပြင် ၂၀၁၅ မှာ အာဆီယံက လုပ်​ဆောင်မယ့်​ အာဆီယံ စီး​ပွား​ရေး​အသိုင်း​အဝိုင်း​ ထူ​ထောင်ဖို့​ကိစ္စကိုလည်း​ အီး​ယူက ​ထောက်ခံတယ်လို့​ ဆိုပါတယ်။ ဒီ​ဆွေး​နွေး​ပွဲအပြီး​မှာ ကတ်သရင်း​ အက်ရှ်တွန်ဟာ ဧပြီလ ၂၈ က​နေ ၃၀ ထိ မြန်မာနိုင်ငံကို သွား​ရောက်မှာ ဖြစ်ပါတယ်။ ဧပြီ ၂၈ ရက်မှာ​တော့​ ရန်ကုန်မှာ အီး​ယူရုံး​ဖွင့်​ပွဲကို တက်​ရောက်မှာဖြစ်သလို မြန်မာ သမ္မတ ဦး​သိန်း​စိန် အပါအဝင် အစိုး​ရ ထိပ်တန်း​ခေါင်း​ဆောင်​တွေ၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဦး​ဌေး​ဦး​နဲ့​ လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေနဲ့​လည်း​ ​တွေ့​ဆုံသွား​မယ်လို့​ အီး​ယူက ထုတ်ပြန် ​ကြေညာထား​ပါတယ်။ ဧပြီလ ၃၀ ရက် ​နေ့​မှာ​တော့​ ချက်ထရီယမ် ဟိုတယ်မှာ ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ အီး​ယူ ဥ​ရောပသမဂ္ဂဟာ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ကပဲ မြန်မာနိုင်ငံအ​ပေါ်ကို ချမှတ်ထား​တဲ့​ ပိတ်ဆို့​ဒဏ်ခတ် အ​ရေး​ယူမှု​တွေကို တနှစ် ဆိုင်း​ငံ့​ပေး​ထား​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up