DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့​လှည့်​ခရီး​သည်များ​ ပြည်တွင်း​ခရီး​အဆင်​ပြေရန် ဟိုတယ်ခရီး​ ​ဆောင်ရွက်​တော့​မည်
DVB
·
April 27, 2012
ကမ္ဘာ့​လှည့်​ခရီး​သည်များ​ ပြည်တွင်း​ခရီး​အဆင်​ပြေရန် ဟိုတယ်ခရီး​ ​ဆောင်ရွက်​တော့​မည်
Donate to DVB

ကမ္ဘာလှည့်​ခရီး​သည်​တွေ ပြည်တွင်း​ခရီး​သွား​ရာမှာ အဆင်​ပြေ​စေဖို့​ ​မော်​တော်ကား​၊​ မြင်း​လှည်း​ စတဲ့​ သယ်ယူပို့​ဆောင်​ရေး​ကိစ္စ စနစ်တကျဖြစ်​အောင် ဟိုတယ်ခရီး​ဝန်ကြီး​ဌာနက ​ဆောင်ရွက်​တော့​မှာဖြစ်ပါတယ်။

ကမ္ဘာလှည့်​ခရီး​သည်​တွေ ပြည်တွင်း​ခရီး​သွား​လာရာမှာ ကြုံ​တွေ့​ရတဲ့​ တုံ့​ပြန်မှု​တွေကို ​စောင့်​ကြည့်​လေ့​လာပြီး​ အခုလို ​ဆောင်ရွက်​ပေး​ဖို့​ စီစဉ်တာလို့​ ဟိုတယ်ခရီး​ဝန်ကြီး​ဌာန၊​ သတင်း​အချက်အလက်နဲ့​ မှတ်တမ်း​ဌာန၊​ ညွှန်ကြား​ရေး​မှူး​ ဦး​မိုး​ဇော်ထွတ်က ​ပြောပါတယ်။

“ကျ​နော်တို့​ ခရီး​သွား​လုပ်ငန်း​က အခုမှ စဖွံ့​ဖြိုး​ခါစပဲ ရှိ​သေး​တယ်။ ​နေ့​စဉ် complain တို့​၊​ lost and found တို့​ဆိုတာ information ​ကောင်တာ​တွေမှာ လုပ်ထား​ပါတယ်။ အဲဒီ​တော့​ နိုင်ငံခြား​သား​တွေရဲ့​ ကမ္ဘာလှည့်​ ခရီး​သွား​တွေရဲ့​ complain ​တွေ၊​ သူတို့​ဆီက အကြံပြုချက်​တွေရပါတယ်။ ကျ​နော်တို့​ ဆိုင်ကယ်​တွေ၊​ ကား​တွေ၊​ ဘတ်စ်ကား​တွေက ​ခေတ်​နောက်ကျ​နေတယ်။ ​နောက်တခုက အချိန်မမှန်ဘူး​။ တခြား​နိုင်ငံ​တွေနဲ့​ ယှဉ်လိုက်ရင် ​ဈေး​ကြီး​နေတယ် ဆိုတာ​တွေ ကျ​နော်တို့​ သိရပါတယ်။ အဓိက ကျ​နော်တို့​ အဲဒါ​တွေကို​တော့​ ​လော​လောဆယ် လုပ်နိုင်တာကို စပြီး​တော့​ တည်ပြီး​လုပ်တာပါ။”

လာမယ့်​ ​မေလကစလို့​ ပုဂံမှာ စတင်​ဆောင်ရွက်နိုင်ဖို့​ ပြည်တွင်း​လုပ်ငန်း​ရှင်​တွေနဲ့​ ညှိနှိုင်း​နေပြီး​ ခရီး​သည်​တွေ လုံခြုံစိတ်ချမှုရှိ​စေ​ရေး​ အဓိက စဉ်း​စား​ဆောင်ရွက်သွား​မယ်လို့​လည်း​ ​ပြောပါတယ်။

ကမ္ဘာလှည့်​ခရီး​သွား​တွေအတွက် ပုဂံ​လေဆိပ်မှာ စုံစမ်း​ရေး​ကောင်တာ ဖွင့်​ထား​ပြီး​ အဲ့​ဒီ​ကောင်တာမှာပဲ ကား​၊​ မြည်း​လှည်း​တို့​ကို အဆင်​ပြေ​ပြေ ငှား​ရမ်း​ စီး​နင်း​နိုင်​အောင် ​ဆောင်ရွက်​ပေး​ထား​မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး​ ရန်ကုန်၊​ မန္တ​လေး​၊​ ဟဲဟိုး​၊​ ​တောင်ကြီး​၊​ အင်း​လေး​စတဲ့​ ​ဒေသ​တွေမှာ ဆက်လက် လုပ်​ဆောင်​ပေး​သွား​မှာလည်း​ ဖြစ်ပါတယ်။

ဧည့်​လမ်း​ညွှန်လုပ်ငန်း​လုပ်ခဲ့​တာ အနှစ်၂၀ ​လောက်ရှိပြီဖြစ်တဲ့​ ရန်ကုန်က ဧည့်​လမ်း​ညွှန် ကိုသန်း​ဝင်း​ထွတ်က​တော့​ ရှိပြီး​သား​ သယ်ယူပို့​ဆောင်​ရေး​ကိုပဲ ပို​ကောင်း​အောင် လုပ်ဖို့​ ​ပြောပါတယ်။

“ဥပမာ​လေး​ တခု ​ပြောပြချင်ပါတယ်။ ရန်ကုန်မြို့​မှာရှိတဲ့​ (ပါရမီ) မီတာတပ်ထား​တဲ့​ အငှား​ယာဉ်​တွေ ရှိတယ်။ နိုင်ငံခြား​သား​မ​ပြောနဲ့​။ ပြည်သူလူထုစီး​တာ​တောင်မှ အငှား​ကား​က မီတာမဖွင့်​bဲနဲ့​ ပါး​စပ်စကား​နဲ့​ပဲ ညှိပြီး​တော့​ သွား​နေရတာ၊​ ရှိပြီး​သား​ဥစ္စာကိုပဲ ဒီပါရမီ ကုမ္ပဏီကြီး​ကိုက စည်း​ကမ်း​တကျနဲ့​ လုပ်တာပိုပြီး​တော့​ ​ကောင်း​သေး​တယ်။ မရှိလို့​ လုပ်ရတယ်ဆိုတာက တပိုင်း​ပေါ့​၊​ မီတာတက္ကစီ တကယ်ရှိပြီး​သား​ကို သူ့​စည်း​ကမ်း​နဲ့​ မလုပ်တာ၊​ ရှိပြီး​သား​ကိုပဲ ​ကောင်း​အောင်လုပ်တာ ပို​ကောင်း​မယ်လို့​ မြင်တာပဲ။”

၂၀၁၂ ခုနှစ်၊​ ဇန်နဝါရီလက​နေ ဧပြီလဆန်း​အထိ ​နေ့​စဉ် ကမ္ဘာလှည့်​ခရီး​သည် ၁၅၀၀ ​လောက် ရန်ကုန်​လေဆိပ်က ဝင်​ရောက်​နေပြီး​ ဒီနှစ်ထဲ ခရီး​သည် တသန်း​ခွဲ​လောက် လာ​ရောက်လည်ပတ်ဖို့​ ဟိုတယ်ခရီး​ဝန်ကြီး​ဌာနက ​မျှော်မှန်း​ ​ဆောင်ရွက်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013