A d v e r t i s e m e n t With Us

ကျမ်း​ကျိန်ပြဿနာ အကျယ်မချဲ့​လိုဟု ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား

အီတလီနိုင်ငံြခား​ေရး​ဝန်ြကီး​နှင့်​ ​ေဒါ်​ေအာင်ဆန်း​စုြကည်
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ်​တွေ လွှတ်​တော်တက်ဖို့​ အခက်​တွေ့​စေတဲ့​ ကျမ်း​ကျိန်စာသား​ပြဿနာဟာ လုပ်ထုံး​လုပ်နည်း​ ကိစ္စဖြစ်ပြီး​ ဒီကိစ္စကို အကျယ်မချဲ့​စေချင်ဘူး​လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ အီတလီ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဂျူလီယို တာဇီနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဒီ​နေ့​ ရန်ကုန်မြို့​ တက္ကသိုလ်ရိပ်သာလမ်း​နေအိမ်မှာ ​တွေ့​ဆုံအပြီး​ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ သတင်း​ထောက်​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​ခဲ့​တာပါ။ [caption id="attachment_24610" align="alignright" width="300" caption="အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့်​ ​ဒေါ်​အောင်ဆန်းစုကြည်"][/caption] “ဒါဟာ လုပ်ထုံး​လုပ်နည်း​ဆိုင်ရာ ကိစ္စသက်သက်ဖြစ်တယ်လို့​ ကျမတို့​ မှတ်ယူ​စေချင်ပါတယ်။ နိုင်ငံ​ရေး​ကိစ္စရပ်တခု ဖြစ်လာတဲ့​အထိ​ရောက်​အောင် မချဲ့​စေချင်ပါဘူး​။ ကျမတို့​ အစိုး​ရနဲ့​ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ ဆက်လုပ်​နေဦး​မှာပါ။ အထူး​သဖြင့်​ သမ္မတဦး​သိန်း​စိန်ရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​ ကြိုး​စား​အား​ထုတ်မှု​တွေဟာ ရိုး​သား​မှုရှိတယ်လို့​ ယုံကြည်တဲ့​အတွက်ပါ။ ပြီး​တော့​ သူဟာ မြန်မာပြည်ကို အမှန်တကယ် တိုး​တက်ကြွယ်ဝတဲ့​ တိုင်း​ပြည်အဖြစ် မြင်ချင်သူလို့​ ယုံပါတယ်။ ဒါ့​ကြောင့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ မြန်မာပြည်ရဲ့​ ဒီမိုက​ရေစီစနစ်ဆီ ပြုပြင်​ပြောင်း​လဲ​ရေး​ ကြိုး​ပမ်း​မှု​တွေမှာ သမ္မတနဲ့​ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ တိုး​မြှင့်​ ​ဆောင်ရွက်သွား​မယ်။” ဒါ့​ပြင် အီတလီ နိုင်ငံခြား​ရေး​ဝန်ကြီး​နဲ့​ ​တွေ့​ဆုံရာမှာ မြန်မာပြည်ရဲ့​ အနာဂတ်အ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​အကူအညီ​ပေး​ရေး​ ကိစ္စ​တွေလည်း​ ​ဆွေး​နွေး​ခဲ့​ကြပြီး​ မြန်မာပြည်​ရှေ့​ရေး​အတွက် သတိနဲ့​ အ​ကောင်း​မြင်တယ်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​ခဲ့​ပါတယ်။ အီတလီနိုင်ငံခြား​ရေး​ဝန်ကြီး​ ဂျူလီယို တာဇီက​တော့​ “မြန်မာပြည်ရဲ့​ အသွင်ကူး​ပြောင်း​ရေး​ ​နောက်ပြန်မလှည့်​ရင် အီး​ယူရဲ့​ ပိတ်ဆို့​ဒဏ်ခတ်မှု ဆိုင်း​ငံ့​ထား​တာဟာလည်း​ ​နောက်​ကြောင်း​ပြန်မသွား​နိုင်ပါဘူး​။ အီး​ယူရဲ့​ ဆုံး​ဖြတ်ချက်ကို အီတလီက အခိုင်အမာ ​ထောက်ခံတယ်လို့​ သမ္မတဦး​သိန်း​စိန်ကို ရှင်း​ပြခဲ့​ပါတယ်။ အီး​ယူက မြန်မာအ​ပေါ် ပိတ်ဆို့​အ​ရေး​ယူမှု ဆိုင်း​ငံ့​ဖို့​ ဆုံး​ဖြတ်လိုက်တာပါ။ ပယ်ဖျက်လိုက်တာ မဟုတ်ပါဘူး​။ ကျ​နော်တို့​ အ​ကောင်း​မြင်ဖို့​လိုပါတယ်။ ဒါ​ပေမယ့်​ တချိန်တည်း​မှာပဲ သတိထား​ရပါမယ်။ ပြီး​တော့​ ဒီမိုက​ရေစီ​ပြောင်း​လဲ​ရေး​ဖြစ်စဉ် ​သေချာ​စေဖို့​၊​ ရပ်တန့်​မသွား​ဖို့​၊​ ​နှေး​ကွေး​မသွား​ဖို့​ကျ​နော်တို့​ အတူတွဲလိုက်ပါသွား​ဖို့​ လိုပါတယ်” လို့​ပြောကြား​ခဲ့​ပါတယ်။ အီတလီ နိုင်ငံခြား​ရေး​ဝန်ကြီး​ဟာ ပြီး​ခဲ့​တဲ့​ရက်​တွေက ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်၊​ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​တို့​နဲ့​လည်း​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။ ပြန်ကြား​ရေး​ရေး​ဝန်ကြီး​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရာမှ​တော့​ မြန်မာ့​ရိုး​ရာယဉ်​ကျေး​မှု အ​မွေအနှစ်​တွေ ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​ကိစ္စ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။ ဒီ​ဆွေး​နွေး​ပွဲ တက်​ရောက်ခဲ့​တဲ့​ ​ရှေး​ဟောင်း​ သု​တေသနဌာန ညွှန်ချုပ် ဦး​ကျော်လင်း​ဦး​က “မြန်မာ့​ယဉ်​ကျေး​မှုအ​မွေအနှစ်​တွေ ထိန်း​သိမ်း​ရေး​အတွက် စွမ်း​ရည်မြှင့်​တင်​ရေး​ စီမံကိန်း​တွေကို အီတလီအစိုး​ရနဲ့​ UNESCO (ကုလသမဂ္ဂ ပညာ​ရေး​၊​ သိပ္ပံနှင့်​ယဉ်​ကျေး​မှုအဖွဲ့​)တို့​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ​ဆွေး​နွေး​ခဲ့​တယ်၊​ လာမယ့်​နှစ်​တွေမှာ မြန်မာ့​ အ​မွေအနှစ်​တွေကို ယူနက်စကိုရဲ့​ ကမ္ဘာ့​ယဉ်​ကျေး​မှု အ​မွေအနှစ်အဖြစ် အမည်စာရင်း​ တင်သွင်း​နိုင်​ရေး​ လုပ်ငန်း​စဉ်​တွေကိုလည်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်”လို့​ ရိုက်တာ သတင်း​ကို ​ပြောပါတယ်။ ဒါ့​အပြင် အီတလီအစိုး​ရက မြန်မာ့​ယဉ်​ကျေး​မှုအ​မွေအနှစ် ထိမ်း​သိမ်း​ရေး​ စီမံကိန်း​တွေအတွက် ယူရို​ငွေ ၄ သိန်း​ လှူဒါန်း​ခဲ့​တယ်လို့​ဆိုပါတယ်။ ဒီ​ထောက်ပံမှု​တွေဟာ မြန်မာနိုင်ငံရဲ့​ ​ရှေး​ဟောင်း​အ​မွေအနှစ် ​ဒေသ​တွေ ဖြစ်တဲ့​ ပျူနဲ့​ ပုဂံ ​ဒေသ​တွေကို ထိန်း​သိမ်း​စောင့်​ရှောက်တဲ့​ ​နေရာမှာ အကူအညီ ဖြစ်​စေလိမ့်​မယ်လို့​ UNESCO က ​ပြောကြား​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up