DVB Logo
Home
မြန်မာသတင်း
မူး​ယစ်​ဆေး​ဝါး​ ရှိမရှိ လာ​ရောက်စစ်​ဆေး​ရန် ဒီ​ကေဘီ​အေ ဖိတ်​ခေါ်
DVB
·
April 26, 2012
မူး​ယစ်​ဆေး​ဝါး​ ရှိမရှိ လာ​ရောက်စစ်​ဆေး​ရန် ဒီ​ကေဘီ​အေ ဖိတ်​ခေါ်
Donate to DVB

ဒီ​ကေဘီ​အေ​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ကို ထိုင်း​အစိုး​ရက မူး​ယစ်​ဆေး​ဝါး​ ကုန်ကူး​သူအဖြစ် နာမည်ပျက် စာရင်း​သွင်း​ပြီး​ ထုတ်ပြန်လိုက်တဲ့​အ​ပေါ် ဒီ​ကေဘီ​အေက ငြင်း​ဆိုလိုက်ပြီး​ သံသယရှိတဲ့​ ဘယ်​နေရာမဆို လာ​ရောက်ကြည့်​ရှုဖို့​ ဖိတ်​ခေါ်လိုက်ပါတယ်။

အစိုး​ရနဲ့​ အပစ်အခတ်ရပ်ထား​တဲ့​ ကလိုထူး​ဖောတပ် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ဟာ ထိုင်း​နိုင်ငံက အလိုရှိ​နေတဲ့​ မူး​ယစ်ရာဇာ ၂၅ ဦး​ထဲမှာ တဦး​အပါအဝင်ဖြစ်ပြီး​ သူ့​ကို ဖမ်း​မိသူကို ဆု​ငွေ ဘတ် ၁ သန်း​ပေး​မယ်လို့​ ထိုင်း​နိုင်ငံ Office of the Narcotics Control Board (ONCB) အဖွဲ့​က လွန်ခဲ့​တဲ့​ရက်ပိုင်း​က ထုတ်ပြန်ခဲ့​ပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ဒီ​ကေဘီ​အေဘက်က တရား​ဝင် တုံ့​ပြန်ချက်ဖြစ်ပြီး​ ဒီကိစ္စမှာတာဝန်ရှိတဲ့​ ထိုင်း​ ဒု-ဝန်ကြီး​ချုပ် ကိုယ်တိုင် တိကျခိုင်လုံတဲ့​ အ​ထောက်အထား​တွေ ပြသ​ဖြေရှင်း​ဖို့​ ကမ်း​လှမ်း​ထား​ပါတယ်။

မ​ဖြေရှင်း​ပေး​ရင်​တော့​ နိုင်ငံတကာ ဥ​ပေဒအရ အ​ရေး​ယူသွား​မယ်လို့​လည်း​ ဒီ​ကေဘီ​အေအဖွဲ့​ရဲ့​ ဒီ​နေ့​ထုတ်ပြန်ချက်မှာ ​ရေး​သား​ပါတယ်။

ဒီ​ကေဘီ​အေရဲ့​ စစ်ဦး​စီး​ချုပ်အ​ပေါ် ထိုင်း​အစိုး​ရရဲ့​ စွပ်စွဲချက်ဟာ မြန်မာနိုင်ငံ အ​နေနဲ့​ရော ဒီ​ကေဘီ​အေ တပ်ဖွဲ့​အ​နေနဲ့​သာမကဘဲ ပုဂ္ဂိုလ်​ရေး​ ဂုဏ်သိက္ခာအရ တုံ့​ပြန်ရတာလို့​ ဒီ​ကေဘီ​အေ အဖွဲ့​ပြောခွင့်​ရှိသူ ဗိုလ်ကြီး​စောကိုမျိုး​က ​ပြောပါတယ်။

“ဒီ​ကေဘီ​အေအတွက် နစ်နာမှုဆိုတာက​တော့​ ဂုဏ်သိက္ခာပိုင်း​မှာ အများ​ကြီး​ ထိခိုက်တာ​ပေါ့​။ ကျ​နော်တို့​က ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဆိုတာကလည်း​ ​တော်​တော်များ​များ​ လူသိရှင်ကြား​ ကမ္ဘာမှာလည်း​ ​တော်​တော်များ​များ​ သိ​နေကြတဲ့​ လူ​တွေပဲ။ ​နောက် ကျ​နော်တို့​ကလည်း​ ကိုယ်ကျိုး​အတွက်ကြည့်​ပြီး​ အလုပ်လုပ်​နေတဲ့​ အဖွဲ့​အစည်း​ မဟုတ်ဘဲနဲ့​ အများ​ပြည်သူရဲ့​အကျိုး​ကို လုပ်​ဆောင်​နေတဲ့​ အဖွဲ့​အစည်း​ ဖြစ်တဲ့​အတွက်​ကြောင့်​မို့​ ဂုဏ်သိက္ခာပိုင်း​ ဆိုတာက ကျ​နော်တို့​ရဲ့​ တန်ဖိုး​မဖြတ်နိုင်တဲ့​ အရာ​လေး​တခု​ပေါ့​ဗျာ။”

ဒီ​ကေဘီ​အေ ထိန်း​ချုပ်နယ်​မြေအတွင်း​ မူး​ယစ်​ဆေး​ဝါး​ ထုတ်လုပ်တယ်လို့​ သံသယရှိတဲ့​ ဘယ်​နေရာကိုမဆို လာ​ရောက် စစ်​ဆေး​နိုင်တယ်လို့​ ဖိတ်​ခေါ်ထား​ပြီး​ ဒီ​ကေဘီ​အေဟာ မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်တယ်ဆိုတာ ​ဖော်ထုတ်​တွေ့​ရှိရင် ဘယ်တရား​ရုံး​မှာမဆို ရင်ဆိုင်မှာ ဖြစ်တယ်လို့​ ဆိုပါတယ်။

“ဒီဥစ္စာကြီး​က ကျ​နော်တို့​နဲ့​လည်း​ လုပ်​ဆောင်တာ မရှိပါဘူး​ဗျာ။ ကျ​နော်တို့​ ​နေရာမှာ မရှိတဲ့​အတွက်​ကြောင့်​မို့​လို့​ ပြန်ပြီး​တော့​ ဒီလိုမျိုး​ ဖိတ်​ခေါ်ထား​တာ ရှိပါတယ်။ လာကြည့်​ပါ ဘယ်​နေရာ​တွေ ကြည့်​ချင်လဲ၊​ ကြည့်​ပါ၊​ စုံစမ်း​ပါ၊​ ​လေ့​လာပါ။ သူ့​ဟာသူ ​လေ့​လာပြီး​တော့​မှ မဟုတ်ဘူး​ဆိုလည်း​ မဟုတ်တဲ့​အ​ကြောင်း​ပေါ့​ဗျာ။ တာဝန်ယူ ​ဖြေရှင်း​ပေး​ရမယ့်​ အပိုင်း​ကို ကျ​နော်တို့​ ဗိုလ်ချုပ်ကြီး​ ​စောလား​ဘွယ် (ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​) ကိုယ်တိုင်ကိုက ဒါမျိုး​တွေ လုပ်​ဆောင်တာလည်း​ မရှိပါဘူး​ဗျာ။ မရှိတဲ့​အတွက် ကျ​နော်တို့​ အဖွဲ့​အစည်း​အတွင်း​မှာလည်း​ ဒါမျိုး​တွေ မရှိ​အောင်၊​ ​တွေ့​ရင်လည်း​ ကာကွယ်ထိန်း​သိမ်း​ဖို့​ ကျ​နော်တို့​ တာဝန်၊​ ကျ​နော်တို့​ ရှိတဲ့​ နယ်​မြေ​ဒေသမှာလည်း​ မရှိ​အောင်လို့​ ဆိုပြီး​တော့​ အမြဲ ညွှန်ကြား​ချက်​တွေ ​ပေး​နေပါတယ်။ ထုတ်ပြန်ချက်​တွေ ​ကြေညာထား​တာ ရှိပါတယ်ခင်ဗျ။ ဒီဟာနဲ့​ ပတ်သက်ရင်လည်း​ ကျ​နော်တို့​ဆီမှာ ပြင်း​ပြင်း​ထန်ထန် တား​မြစ်ထား​ပါတယ်။ တား​မြစ်တာလည်း​ ရှိသလို ဒီ​ဒေသတွင်း​မှာလည်း​ မလုပ်ဖို့​ မကိုင်ဖို့​ကို၊​ သိခဲ့​ရင်လည်း​ ချက်ချင်း​ဖော်ထုတ် အ​ရေး​ယူဖို့​အတွက်ကို ကျ​နော်တို့​ အား​လုံး​ကိုဗျာ အရာရှိငယ်၊​ ​ခေါင်း​ဆောင်ငယ်​တွေ အား​လုံး​ကို ညွှန်ကြား​ချက် ထုတ်ပြန်ထား​ပါတယ်။”

မူး​ယစ်ရာဇာ ၂၅ ဦး​ကို ထိုင်း​နိုင်ငံက အလိုရှိပြီး​ ဘတ်​ငွေ ၁ သိန်း​က ​နေ ၂သန်း​ထိ ဆု​ငွေထုတ် ​ကြေညာထား​ပါတယ်။ အဲဒီထဲမှာ ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ကို ဆု​ငွေ ဘတ် ၁ သန်း​ ထုတ်ပြန်ထား​တာပါ။ ထိုင်း​နိုင်ငံက အလိုရှိတဲ့​ မူး​ယစ်ရာဇာ ၂၅ ဦး​ ထဲမှာ မြန်မာနိုင်ငံက ​နော်ခမ်း​၊​ ယင်​ဆေး​နဲ့​ ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​တို့​ ၃ ဦး​ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013