A d v e r t i s e m e n t With Us

မြန်အောင်မြို့နယ်တွင် စကားများရာမှ လူသတ်မှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်စခန်းအပိုင်၊ ထူကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာမှာ ဒီဇင်ဘာ ၃၀ ရက် ညပိုင်းက လူသတ်မူတခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဦးမြင့်ဦး (ခေါ်)ဂန်ဒူးက တရွာတည်းနေ ဦးတင်မြင့်ကို လှံနဲ့ ထိုးပြီး ဓားနဲ့ ခုတ်သတ်ခဲ့တာပါ။ “ဟုတ်ပါတယ်။ ဖြစ်တာကတော့ ည ၈ နာရီလောက်ကဖြစ်တယ်။ ကျနော်တို့ ရဲစခန်းကို အဲဒီက ကျေးရွာအုပ်ချုပ်ရေးမှူး အကြောင်းကြားတာက ညဘက် ၉ နာရီလောက်ဖြစ်နေပါပြီ။ ဖြစ်တာကတော့ ဦးဂန်ဒူးခြံထဲမှာ အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကြတာပါ။ အဲမှာ လှံသဖွယ်ပြုလုပ်ထားတဲ့ သံဆူချွန်နဲ့ အရင်ထိုးတယ်။ အချက်ပေါင်းက ၅ ချက်ကျော်မယ်။ ပြီးတော့ ဓားမနဲ့လည်ပင်းကို ခုတ်လိုက်တာပဲ။ အဲဒီဒဏ်ရာတွေနဲ့ နေရာမှာ ပွဲချင်းပြီးသေဆုံးနေတာပါပဲ။ အလောင်းကို ညတွင်းချင်း အင်ပင်တိုက်နယ်ဆေးရုံပို့ထားတယ်” လို့ ရဲဒုတပ်ကြပ် နယ်ထိန်းအဖွဲ့ဝင် လင်းထင်က ပြောပါတယ်။ အင်ပင်ရဲတပ်ဖွဲ့စခန်းက ဦးမြင့်ဦး (ခေါ်) ဂန်ဒူးကို လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up