A d v e r t i s e m e n t With Us

ရှစ်လေးလုံး ပြည်ပရဲဘော်များနှင့် ဒီမိုကရေစီအင်အားစုများ ၈၈၈၈ပါတီကို ကန့်ကွက်

မန္တ​လေးတိုင်း၊ ချမ်းမြသာစည်​မြို့နယ်​၊ ​ငွေငါး​ကျောင်းတိုက်​မှာ ရှစ်​​လေးလုံး(ပြည်​ပရဲ​ဘော်​များ)နဲ့ အထက်​မြန်​မာပြည်​ မန္တ​လေးဒီမိုက​ရေစီ အင်​အားစုတွေ တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်​။ “ရှစ်​ဆယ့်ရှစ်​ပါတီ​ထောင်​တာနဲ့ ပတ်​သက်​ရင်​ ကျ​နော်​တို့မူအရ ဒီလို ရှစ်​​လေးလုံးမျိုးဆက်​ နိုင်​ငံ​ရေးပါတီ၊ နိုင်​ငံ​ရေးအင်​အားစု ရှိတာကို သ​ဘောတူတယ်​။ ရှိသင့်​တယ်​လို့လည်း မြင်​တယ်​။ ကျ​နော်​တို့က နာမည်​ကိစ္စကို​တော့ ကန့်​ကွက်​တယ်​။ ရှစ်​​လေးလုံးဆိုတဲ့ အမည်​က တဦးတ​ယောက်​ တဖွဲ့ကပိုင်​တာ မဟုတ်​ဘူး။ ကျ​နော်​တို့ လှည်း​နေ ​လှေ​အောင်း မြင်း​ဇောင်းမကျန် ​ပြည်​သူတရပ်​လုံးက မဆလ တပါတီအာဏာရှင်​စနစ်​ကို အသက်​၊ ​သွေး၊ ​ချွေး၊ ဘဝ​တွေနဲ့ ရင်းပြီး ​တော်​လှန်​ခဲ့ကြတဲ့ သမိုင်း​မော်​ကွန်းတရပ်​ဖြစ်​တယ်​။ ဒါ​ကြောင့်​ ဒီနာမည်​နဲ့ နိုင်​ငံ​ရေးပါတီတည်​​ထောင်​တာကို ကျ​နော်​တို့ ကန့်​ကွက်​တာဖြစ်​တယ်​။ သ​ဘောလည်းမတူနိုင်​ဘူး။ ဒီအမည်​ကိုသုံးပြီး တစုံတခုချွတ်​​ချော်​မှားယွင်းခဲ့ပြီး တိမ်း​စောင်းခဲ့ရင်​ သမိုင်းတခုလုံး ​မော်​ကွန်းကြီးတခုလုံးကို သွားပြီးထိခိုက်​​စေတယ်​။ အဲဒါ​ကြောင့် ကျ​နော်​တို့က ရှစ်​​လေးလုံးအမည်​ကို ကန့်​ကွက်​တာဖြစ်​တယ်​” လို့ ၈၈ မျိုးဆက်​ (ဗကသ)​ ကျောင်းသား​ခေါင်း​ဆောင်​ ကိုဇာနည်​က​ပြောပါတယ်။ “စစ်​အာဏာရှင်​ကို​တော်​လှန်​ခဲ့တဲ့ သမိုင်းဝင် သပိတ်​​​တိုက်​ပွဲကို ဘုန်းဘုန်းတို့စည်းရုံးပြီး အထက်​ဗမာပြည်​ မန္တ​လေးရာပြည့်​ကွင်းမှာ သမိုင်းတ​ခေတ်​ဖွင့်​လှစ်​ခဲ့တဲ့ ရှစ်​​လေးလုံးအ​ရေး​တော်​ပုံကြီးဖြစ်​ခဲ့လို့ ဒီအမည်​ဟာ တစ်​ဦးတ​ယောက်​က​နေ ရှစ်​​လေးလုံးက ကျ​နော်​ဟာလို့ ​ပြောလို့မရဘူး။ တဦးတ​ယောက်​အမည်​နဲ့ ကိုင်​သုံးလို့မရဘူး မသင့်​​တော်​ဘူး တ​ယောက်​တည်းပိုင်​တဲ့ အ​ရေး​တော်​ပုံသမိုင်းမဟုတ်​ဘူး။ ဒါ​ကြောင့် ဘုန်းဘုန်းတို့ကလည်း ဒါကိုဘဝငိမကျဘူး” လို့ ရှစ်​​လေး​လုံးအ​ရေး​တော်​ပုံကို ဦး​ဆောင်​ခဲ့တဲ့ ဂဠုန်​နီဆရာ​တော် ​ဦးကာဝိယက မိန့်ပါတယ်။ ဒီအခမ်းအနားကို ရှစ်​​လေးလုံးမျိုးဆက်​သစ်​ (ပြည်​ပ) ရဟန်းပျိုများသမဂ္ဂ ဥက္ကဋ္ဌ ဦး​ခေမာစာရ၊ ကိုစိုးမိုး​အောင်​ ၈၈(ဗကသ)၊ ကို​ဇော်​​ဇော်​နိုင်​ (ဗကသ) ABSDS၊ ကို​အောင်​သန်း(အကသ)၊ ကိုမင်းနိုင်​(အကသ) လူ​ဘောင်​သစ်​ တို့နဲ့အတူ မန္တ​လေး အထက်ဗမာပြည်​ နိုင်​ငံ​ရေးအင်​အားစုမှ ဦးတင်​​အေးကြူ၊ ဦး​ကျော်​မြ၊ ဦးမင်းထက်​ငြိမ်းချမ်း၊ ဦးသိန်း​အောင်​မြင်၊့​ ဦး​ကျော်​စိုး၊ ​ဒေါ်သွယ်​သွယ်​စန်း၊ ​ဒေါ်မြင့်​မြင့်​ခိုင်​ စတဲ့ နိုင်​ငံ​ရေးအင်​အားစုတွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

A d v e r t i s e m e n t With Us

More News
Up