အစ္စရေးတွင် ရေပြတ်လပ်မှု အဆုံးသတ်ရေး မိုးရွာရန် ဆုတောင်းပွဲပြုလုပ်

နည်းပညာသုံးစွဲမှုမြင့်မားတဲ့ အစ္စရေးနိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရေပြတ်လပ်မှု အဆုံးသတ်ရေး မိုးရွာဖို့ဆုတောင်းပွဲကို စိုက်ပျိုးရေးဝန်ကြီး တက်ရောက်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ဝတ်ပြုသူတွေ ဂျေရုဆလင်မြို့ အနောက်ဘက်တံတိုင်းမှာ စီတန်းလှည့်လည်မှုအတွင်း ပူးပေါင်းခဲ့တာပါ။ ၄ နှစ်ကြာ အကြီးအကျယ် မိုးခေါင်မှုကြောင့် အစ္စရေးရဲ့ ဆားငံရေကနေ ရေချိုပြန်ထုတ်တဲ့ စက်ရုံတွေနဲ့ ရေဆိုးသန့်စင်စက်ရုံတွေ အခက်တွေ့ခဲ့သလို လယ်သမားတွေလည်း အကြီးအကျယ် ဒုက္ခရောက်ကုန်ပါတယ်။ အော်သိုဒေါ့ခရစ်ယန် ဂျူးလူမျိုး စိုက်ပျိုးရေးဝန်ကြီး ယူရီအီရီယယ်ဟာ ရေမူဝါဒချမှတ်ရေးနဲ့ ရေသယံဇာတကို ဘယ်လိုသုံးမလဲဆိုတာ ကိုင်တွယ်ဖြေရှင်းရသူပါ။ အခုတော့ သိပ္ပံပညာနဲ့ ဘာသာရေးကို ဟန်ချက်ညီအောင် ထိန်းညှိပြီး အများပြည်သူ ဝတ်ပြုပွဲကို ဦးဆောင်သူတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ ဂျူးတွေအတွက် အမြင့်မြတ်ဆုံး ဘာသာရေးနေရာ ဂျေရုဆလင်မြို့ဟောင်းရဲ့ အနောက်ဘက်တံတိုင်းမှာ စုရုံးပြီး မိုးခေါင်မှု အဆုံးသတ်ရေး အထူးဆုတောင်း ဝတ်ပြုခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up