A d v e r t i s e m e n t With Us

ဒေါက်တာစင်သီယာ​မောင်ဆေး​ခန်း​တွင် ဘတ်ဂျက် ၅၀ ရာခိုင်နှုန်း​ လိုအပ်

ဒေါကျတာ စငျသီယာ​မောငျ
မြန်မာပြည်က ဒုက္ခသည်​တွေနဲ့​ ​ရွှေ့​ပြောင်း​အလုပ်သမား​တွေ အား​ထား​ကြတဲ့​ ထိုင်း​-မြန်မာနယ်စပ်၊​ မဲ​ဆောက်မြို့​အစွန်က မယ်​တော်​ဆေး​ခန်း​မှာ ဒီနှစ်အတွက် ဘတ်ဂျက် ထက်ဝက်​လျော့​နည်း​နေတယ်လို့​ ​ဆေး​ခန်း​ကို စတင်ထူ​ထောင်သူ ​ဒေါက်တာစင်သီယာ​မောင်က ​ပြောပါတယ်။ [caption id="attachment_24572" align="alignright" width="300" caption="​ဒေါက်တာ စင်သီယာမောင်"][/caption] “ဇွန်လ​လောက်ဆိုရင်​တော့​ ဘယ်​လောက် ​လျော့​သွား​လဲဆိုတာ ပို​သေချာသိရမယ်။ အခု မတ်လထိ​တော့​ ၅ဝရာခိုင်နှုန်း​ ​လျော့​နည်း​တယ်။ မတ်လမှာ ​တွေ့​ရှိရတဲ့​ အ​ခြေအ​နေ​ပေါ်မူတည်ပြီး​တော့​ တချို့​ ပရိုဂရမ်​တွေကို ​ရွှေ့​ဆိုင်း​တာ၊​ ​လျှော့​ချတာ​တွေ လုပ်မလား​ဆိုတာ ဘတ်ဂျက်ကို ပြန်သုံး​သပ်တာမျိုး​ လုပ်ထား​ရတယ်။” မတ်လအထိ အတည်ပြုနိုင်တဲ့​ ဘတ်ဂျက်အ​ခြေအ​နေကို ကြည့်​ပြီး​ ကုသ​ရေး​ပိုင်း​ကို မထိခိုက်​စေဘဲ လူနာ​တွေအတွက် ရိက္ခာနဲ့​ တခြား​ ဝန်​ဆောင်မှု​တွေကို ​လျှော့​ချတာမျိုး​တွေ မလွှဲမ​ရှောင်သာ လုပ်ရနိုင်တယ်လို့​ ​ဒေါက်တာ စင်သီယာ​မောင်က ​ပြောပါတယ်။ တချို့​အလှူရှင်​တွေဟာ မြန်မာပြည်က နိုင်ငံ​ရေး​ အ​ပြောင်း​အလဲ​တွေ​ကြောင့်​ ပြည်တွင်း​ကို ပိုပြီး​ အာရုံစိုက်တာမျိုး​ရှိလာတာကလည်း​ အခုလို အလှူ​ငွေ​တွေ ​လျော့​နေ​သေး​တဲ့​ အ​ကြောင်း​ရင်း​တရပ် ဖြစ်နိုင်တယ်လို့​ သူက ဆက်​ပြောပါတယ်။ “တချို့​ donor ​တွေက နယ်စပ်မှာ ငြိမ်း​ချမ်း​ရေး​တွေ ဖြစ်လာရင် ဒီက အကူအညီ​တွေက ပြည်တွင်း​ထဲမှာ ပို​ပေး​မလား​။ ပညာ​ရေး​တို့​၊​ တချို့​လုပ်ငန်း​စဉ်​တွေက အထဲမှာ တည်​ဆောင်နိုင်မလား​ပေါ့​ အဲဒါမျိုး​တွေလည်း​ တချို့​စဉ်း​စား​တာ ရှိမယ်။ တချို့​ကျ​တော့​လည်း​ သူ့​သက်တမ်း​အရ စာချုပ်အသစ် အတွက် structure အသစ် မ​ရောက်​သေး​တာလည်း​ ဖြစ်နိုင်တယ်။ တချို့​အဖွဲ့​က ပြည်တွင်း​က​နေ တဆင့်​ ထပ်ပြီး​ ဝင်လို့​ရမလား​ဆိုတဲ့​ စဉ်း​စား​မှု​တွေလည်း​ ရှိမယ်လို့​ ထင်တယ်။” မယ်​တော်​ဆေး​ခန်း​က ​နေ့​စဉ် လူနာ ၂၀၀ နဲ့​ ၃၀၀ အကြား​ ကုသမှု​ပေး​နေပြီး​၊​ နှစ်စဉ် လူနာအ​ရေအတွက် ၅ ရာခိုင်နှုန်း​က​နေ ၁၀ ရာခိုင်နှုန်း​ကြား​မှာ တိုး​နေဆဲပဲလို့​ ဆိုပါတယ်။ လက်ရှိ နိုင်ငံ​ရေး​ အ​ပြောင်း​အလဲကာလမှာ ကျန်း​မာ​ရေး​ကဏ္ဍမှာလည်း​ ပြုပြင်​ပြောင်း​လဲဖို့​ လိုအပ်​နေတာ​တွေကိုလည်း​ ​ဒေါက်တာစင်သီယာ​မောင်က အခုလို ​ပြောပါတယ်။ “လက်ရှိမှာ​တော့​ ​ဒေသတိုင်း​မှာ အပစ်အခတ်ရပ်စဲပြီဆိုတာနဲ့​ တပြိုင်တည်း​မှာ ကျန်း​မာ​ရေး​စနစ်၊​ ပညာ​ရေး​စနစ်​တွေ​ရော၊​ လူမှုဘဝလုံခြုံ​ရေး​တွေနဲ့​ ပတ်သက်ပြီး​တော့​ အဆင့်​ဆင့်​ အချိန်ကာလတခု သတ်မှတ်ပြီး​ ထိထိ​ရောက်​ရောက် ​ဆွေး​နွေး​သွား​နိုင်တယ်ဆိုရင်​တော့​ ဒီဘက်က​နေပြီး​တော့​ ကျမတို့​ ကျန်း​မာ​ရေး​အဖွဲ့​တွေကဖြစ်​စေ၊​ နိုင်ငံတကာအဖွဲ့​တွေက ဖြစ်​စေ နည်း​ပညာအရ ပံ့​ပိုး​ဖို့​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​တွေ ဆက်လုပ်သွား​ပေး​ဖို့​ ရှိပါတယ်။ လက်ရှိက​တော့​ ကျန်း​မာ​ရေး​ဆိုင်ရာ သတင်း​အချက်အလက်ပဲ ဖြစ်ဖြစ်၊​ ​ဆေး​သင်တန်း​နဲ့​ ပတ်သက်တဲ့​ သင်ရိုး​ညွှန်း​တမ်း​တွေပဲဖြစ်ဖြစ် ကျမတို့​က ​ဒေသအလိုက်၊​ ​ဒေသ​တွေမှာ ရှိတဲ့​ ကျန်း​မာ​ရေး​အဖွဲ့​အစည်း​တွေနဲ့​ ကျမတို့​က ပုံမှန်​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေ အမြဲရှိ​နေတဲ့​အတွက်​ကြောင့်​ ပြင်ဆင်မှု​တွေလည်း​ ရှိ​နေကြပါတယ်။ သို့​သော်လည်း​ အဓိကက​တော့​ တိုင်း​ရင်း​သား​ပြည်နယ်အလိုက် ကျန်း​မာ​ရေး​ဌာန​တွေ အချင်း​ချင်း​ ထိထိ​ရောက်​ရောက် လက်တွဲပြီး​တော့​ အလုပ်လုပ်နိုင်တဲ့​ ကျန်း​မာ​ရေး​စနစ်​တွေ​တော့​ ​ပေါ်လာဖို့​ လိုတာ​ပေါ့​။” လော​လောဆယ် မယ်​တော်​ဆေး​ခန်း​မှာ ကုသ​ရေး​ပိုင်း​ကို တာဝန်ယူထား​တဲ့​ ​ဆေး​ဝန်ထမ်း​ ၂၅၀ ဝန်း​ကျင်နဲ့ တခြား​ ​ရောဂါကာကွယ်​ရေး​၊​ စီမံခန့်​ခွဲ​ရေး​ အပါအဝင် စုစု​ပေါင်း​ ဝန်ထမ်း​ ၅၀၀ ဝန်း​ကျင်ရှိတယ်လို့​ သိရပါတယ်။ ဒါ့​အပြင် နယ်လှည့်​ကျောပိုး​အိတ်အဖွဲ့​လို စစ်ဖြစ်ရာ​ဒေသ၊​ ​ဝေး​လံတဲ့​ တိုင်း​ရင်း​သား​ဒေသ​တွေမှာ ကျန်း​မာ​ရေး​ဝန်​ဆောင်မှု​ပေး​နေတဲ့​ အဖွဲ့​တွေ၊​ ပြည်တွင်း​ရှိ တိုင်း​ရင်း​သား​ဒေသက ကျန်း​မာ​ရေး​ဌာန​တွေမှာ တာဝန် ထမ်း​ဆောင်​နေတာ​တွေလည်း​ ရှိ​နေတယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up