A d v e r t i s e m e n t With Us

မြိတ်မြို့တွင် ဖမ်းဆီးထားသည့် ဆူညံပါဝါ အိတ်ဇောများ ဒုတိယအကြိမ်ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ ဆူညံပါဝါ အိတ်ဇောတွေ ဖမ်းဆီးပြီး ဒုတိယအကြိမ် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးတွေ၊ အရန်မီးသတ်တွေ၊ ရဲတပ်ဖွဲ့တွေ ပူးပေါင်း ဖမ်းဆီးထားတဲ့ ပါဝါအိတ်ဇောတွေကို ဒီဇင်ဘာ ၂၈ ရက်နေ့က လမ်းကြိတ်စက်နဲ့ ဖျက်ဆီးခဲ့တာဖြစ်ပြီး ပါဝါအိတ်ဇောအလုံးရေ ၂၁၇ ချောင်း၊ တန်ဖိုး သိန်း ၈၀ ဖိုးလောက် ရှိတယ်လို့  ယာဉ်ထိန်းရဲတပ်ဖွဲ့စု ၇၆ ယဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲမှူးကိုကိုက ပြောကြားခဲ့ပါတယ်။ “သက်ကြီးရွယ်အိုတွေ အိပ်နေချိန်မှာ ပါဝါအိတ်ဇောတွေက အနှောင့်အယှက်ပေးတာကြောင့် အိပ်မရတာတွေ ကြားရနေရပါတယ်။ မိဘပြည်သူတွေ အတော်လေး စိတ်aသာကရောက်နေကြရတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် ယဉ်ထိန်းရဲတွေက နေ့ညလှည့်ကင်းတွေနဲ့ လိုက်လံဖမ်းဆီးအရေးယူခဲ့တာပါ? ရှေ့ဆက်ပြီးဖမ်းဆီးမှာပါ။ အရောင်းဆိုင်တွေကိုလည်း ရှာဖွေမှာပါ။ မော်တော်ယဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီး ကြပ်ကော်ကဲရေးကော်မတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာပါ။” လမ်းတွေမှာ ငယ်တချို့ ပါဝါအိတ်ဇောတွေ တပ်ဆင်ကာ ဆူညံစွာ မောင်းနှင်နေတာကြောင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဖမ်းဆီးအရေးယူဖို့ ညွှန်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေက အခုလို လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ အခုနှစ်အစောပိုင်းက ပါဝါအိတ်ဇော ၁၅၀ ကို ဖျက်ဆီးခဲ့ပြီးပြီလို ဆိုပါတယ်။ ဒါ့အပြင် အိတ်ဇောတွေ ရောင်းချတဲ့ ဆိုင်တွေကိုလည်း ပါဝါအိတ်ဇောတွေ မရောင်းချဖို့ သတိပေးထားပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြတ်ထွဋ် ( မြိတ် )

A d v e r t i s e m e n t With Us

More News
Up