DVB Logo
Home
မြန်မာသတင်း
နို့​ဖိုး​ဒုက္ခသည်စခန်း​က ဒုက္ခသည်အချို့​ ဆန္ဒပြ
DVB
·
April 25, 2012
နို့​ဖိုး​ဒုက္ခသည်စခန်း​က ဒုက္ခသည်အချို့​ ဆန္ဒပြ
Donate to DVB

ထိုင်း​နိုင်ငံ တာ့​ခရိုင် အုန်း​ဖန်မြို့​နယ် နို့​ဖိုး​ဒုက္ခသည်စခန်း​က ဒုက္ခသည် ၁၀၀ ​ကျော်ဟာ ဒီမနက် စခန်း​တွင်း​မှာရှိတဲ့​ ကုလသမဂ္ဂဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ (ယူအန်အိပ်ခ်ျစီအာ) ရုံး​ကို သွား​ရောက်ဆန္ဒပြခဲ့​ကြပါတယ်။

[caption id="attachment_24551" align="alignleft" width="300" caption="နို့ဖိုး​ဒုက္ခသည်စခန်း​"][/caption]

၂၀၀၉ က​နေ ၂၀၁၁ အထိ နို့​ဖိုး​ဒုက္ခသည်စခန်း​မှာ ဝင်​ရောက် ခိုလှုံ​နေသူ​တွေကို ခုချိန်ထိ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ် မပြု​သေး​တဲ့​အတွက် ဆန္ဒပြကြတာလို့​ နိုဖိုး​ဒုက္ခသည်စခန်း​ ​ကော်မတီအတွင်း​ရေး​မှူး​ ​စောသူး​လေဒိုစိုး​က ​ပြောပါတယ်။

“အဓိက ဒုက္ခသည်ဖြစ်​ရေး​ပဲ၊​ လူသစ်က လူ​ဟောင်း​ဖြစ်ဖို့​ အတွက်ပဲ၊​ အဲဒါအဓိကအချက်ပဲ။ သူတို့​ကို ယူအန်အိပ်ခ်ျစီအာက ​လော​လောဆယ် အသိအမှတ် မပြု​သေး​ဘူး​၊​ ပရီ(အကြို)အဆင့်​ပဲ ရှိ​သေး​တယ်။ ယူအန်အိပ်ခ်ျစီအာက ​လော​လောဆယ် ဘာမှအ​ဖြေ​ပေး​လို့​ မရ​သေး​ဘူး​။ အခုလက်ရှိက လူ​ဟောင်း​ဖြစ်ဖို့​ ထိုင်း​အာဏာပိုင် လက်ထဲမှာရှိတယ်။”

ဆန္ဒထုတ်​ဖော် ​တောင်း​ဆိုရာမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု​ပေး​ရေး​ သာမက စား​နပ်ရိက္ခာ လုံ​လောက်စွာ ​ထောက်ပံ့​ပေး​ရေး​၊​ အနာဂတ်မဲ့​နေမှုနဲ့​ နိုင်ငံမဲ့​ ဖြစ်​နေမှုတို့​ကို ​ဖြေရှင်း​ဆောင်ရွက်​ပေး​ရေး​နဲ့​ ကုလသမဂ္ဂအ​နေနဲ့​ ဒုက္ခသည်အ​ရေး​ကို ပိုမိုအ​လေး​ထား​ လုပ်​ဆောင်​ပေး​ရန် ​တောင်း​ဆိုခဲ့​ကြပါတယ်။

ဒုက္ခသည်​တွေရဲ့​ ​တောင်း​ဆိုချက်​တွေကို စခန်း​က ကုလသမဂ္ဂ တာဝန်ရှိသူ​တွေက အထက်ကို ပြန်တင်ပြမယ်ဆိုတဲ့​အ​ကြောင်း​ ပြန်လည် ​ဖြေဆိုခဲ့​တယ်လို့​ ​စောသူး​လေဒိုစိုး​က ​ပြောပါတယ်။

နို့​ဖိုး​ဒုက္ခသည်စခန်း​မှာ ဒုက္ခသည်​ပေါင်း​ ၁၇,၀၀၀ ​ကျော်ရှိပြီး​ ကုလသမဂ္ဂက အသိအမှတ်မပြု​သေး​သူ​ပေါင်း​ ၆၀၀၀ ​ကျော်ရှိတယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013