A d v e r t i s e m e n t With Us

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သတ်မှတ်နှုန်းထက်ပိုမောင်းသည့်ယာဉ် ၂၂၀၀၀ ကျော် အရေးယူထား

  ရန်ကုန်-မန္တလေးအမြန်လမ်းမှာ  သတ်မှတ်အရှိန်နှုန်းထက် ပိုမောင်းတဲ့မော်တော်ကား ၂၂၀၀၀ ကျော်ကို  ၁ နှစ်ကျော်ကာလအတွင်းမှာ ဖမ်းဆီးအရေးယူခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၆ စက်တင်ဘာ ၁ ရက်ကနေ  ၂၀၁၇ဒီဇင်ဘာ ၂၆ ရက်ထိ သတ်မှတ် အရှိန်နှုန်းထက်ပိုမောင်းတဲ့  ယာဉ် ၂၂၅၀၆ စီး ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ခရစ္စမတ်ကာလဖြစ်တဲ့ ဒီဇင်ဘာလ ၂၃၊ ၂၄၊ ၂၅ နဲ့ ၂၆ရက်တို့မှာလည်း သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ မော်တော်ယာဉ် အစီး ၂၀၀ ခန့်ကို သက်ဆိုင်ရာက စစ်ဆေးအရေးယူခဲ့ပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်း နေပြည်တော်တိုးဂိတ်၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၊ တံတားဦးမြို့နယ် စကားအင်း တိုးဂိတ်၊ ဖြူးမြို့နယ်(၁၁၅)မိုင် ဖြူးတိုးဂိတ်နဲ့  မိတ္ထီလာမြို့နယ် သီးကုန်း တိုးဂိတ်တို့မှာ အရှိန်ပိုမောင်းတဲ့ ယာဉ်တွေကို စစ်ဆေးအရေးယူခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးတွေမှာ  တရားစွဲဖို့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up