Sunday, May 28, 2023
Homeမြန်မာသတင်းအလုပ္သမား​အဖြဲ့​မ်ား​ကို အလုပ္သမားနေ့​တွင် လွတ်လပ်စွာ ​ပြောဆိုခွင့်​မပြု

အလုပ်သမား​အဖွဲ့​များ​ကို အလုပ်သမား​နေ့​တွင် လွတ်လပ်စွာ ​ပြောဆိုခွင့်​မပြု

ရန်ကုန်တိုင်း​အတွင်း​ တရား​ဝင် ဖွဲ့​စည်း​ခွင့်​ပြုလိုက်တဲ့​ အလုပ်သမား​ အဖွဲ့​အစည်း​တွေကို အလုပ်သမား​နေ့​ အခမ်း​အနား​ တက်​ရောက်ဖို့​ အစိုး​ရက ဖိတ်ကြား​ခဲ့​ပေမယ့်​ လွတ်လပ်စွာ ​ပြောဆို​ဆွေး​နွေး​ခွင့်​တော့​ ရမှာမဟုတ်ဘူး​လို့​ သိရပါတယ်။

ရန်ကုန်တိုင်း​ထဲမှာရှိတဲ့​ လှိုင်သာယာ၊​ ​ရွှေ​ပေါက်ကံစတဲ့​ စက်မှုဇုန်​တွေက တိုင်ရီ၊​ ​ရွှေဇင်မင်း​စတဲ့​ အလုပ်သမား​အဖွဲ့​ ၈ ဖွဲ့​ကို အလုပ်သမား​ဝန်ကြီး​ဌာနက တရား​ဝင်အဖွဲ့​အစည်း​တွေအဖြစ် ဧပြီ ၂၅ ရက်မှာ အသိအမှတ်ပြု လက်မှတ်​တွေ ထုတ်​ပေး​လိုက်ပါတယ်။

အဲ့​ဒီလက်မှတ် ထုတ်​ပေး​တဲ့​အခမ်း​အနား​မှာ အလုပ်သမား​ဝန်ကြီး​ဌာန တာဝန်ရှိသူက ​နေပြည်​တော်မှာ ကျင်း​ပမယ့်​ အလုပ်သမား​နေ့​ အခမ်း​အနား​ တက်​ရောက်ဖို့​ ဖိတ်ကြား​ခဲ့​ပြီး​ အဖွဲ့​အား​လုံး​ကိုယ်စား​ တဦး​ကိုပဲ တင်ပြခွင့်​ ပြုတာ ဖြစ်ပါတယ်။

ဒါ့​ပြင် ဒီအခမ်း​အနား​မှာ လွတ်လပ်စွာ ​ပြော​ရေး​ဆိုခွင့်​ရမှာ မဟုတ်ဘူး​လို့​ တိုင်ရီဖိနပ်စက်ရုံ အ​ခြေခံအလုပ်သမား​ အဖွဲ့​အစည်း​ဥက္ကဋ္ဌ ​ဒေါ်မိုး​ဝေက ​ပြောပါတယ်။

“အဲဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ကျမတို့​ ညွှန်ချုပ်ကြီး​တွေကို ​တောင်း​ဆိုတယ်။ အလုပ်သမား​အဖွဲ့​အစည်း​အ​နေနဲ့​ ဖိတ်ကြား​လို့​ တက်​ရောက်တယ်ဆိုရင်​တော့​ ကျမတို့​အ​နေနဲ့​ တက်​ရောက်ခွင့်​ရတာ ဂုဏ်ယူတယ်။ အဲဒီလို ​မေ​ဒေး​နေ့​ အခမ်း​အနား​တွေ ကျင်း​ပ​ပေး​သလိုပဲ အလုပ်သမား​ကိုယ်စား​ပြု ကျမတို့​ အဖွဲ့​အစည်း​တွေ အ​နေနဲ့​ စကား​ပြောခွင့်​ ရချင်တယ်လို့​ ​တောင်း​ဆိုတာကို သူတို့​က လက်မခံဘူး​။ တဦး​တ​ယောက်ထဲကပဲ ​ပြောရမယ်လို့​ ​ပြောပါတယ်။ ​ပြောမယ့်​စကား​ကို စာတမ်း​ဖတ်ခွင့်​ ရှိမယ်လို့​ ​ပြောတယ်။ ​မေ​ဒေး​နေ့​ အခမ်း​အနား​မှာ အလုပ်သမား​တွေက ​ပြောချင်တဲ့​စကား​ကို ​ပြောပိုင်ခွင့်​ ရှိမှာမျိုး​တော့​ မဟုတ်ဘူး​။ နိုင်ငံ​တော် အစိုး​ရက ချမှတ်ထား​တဲ့​ မူ​တွေ​ဘောင်​တွေနဲ့​ ကိုက်ညီမှသာလျှင် ​ပြောခွင့်​ရှိမယ်။ ​ပြောမယ့်​စာ​တွေကိုလည်း​ တရက်ကြိုတင်ပြီး​တော့​ သူတို့​ဆီကို တင်ထား​ရမယ်။ ပယ်ချလိုက်မယ်။ ​ပြောခွင့်​မရှိဘူး​ဆိုရင်​တော့​ ဘာမှ​ပြောလို့​ရမှာ မဟုတ်ဘူး​။

ကျမ​ပြောချင်တာက နိုင်ငံ​တော်က​နေ ​မေ​ဒေး​နေ့​ အခမ်း​အနား​ကြီး​တောင် လုပ်​ပေး​ခဲ့​တယ် ဆိုရင်​တော့​ ဒီအဖွဲ့​အစည်း​ရဲ့​ ကိုယ်စား​ပြုသူ​တွေက အလုပ်သမား​တွေနဲ့​ ပတ်သက်တဲ့​ အ​ကြောင်း​အရာ​တွေကို ​ဆွေး​နွေး​ပြောဆိုခွင့်​ ​ပေး​သင့်​တယ်လို့​ ကျမအ​နေနဲ့​ထင်တယ်။”

ဧပြီလ ၂၅ ရက်မှာ အလုပ်သမား​ဖွဲ့​စည်း​ခွင့်​နည်း​ဥပ​ဒေ ၁၅(က)နဲ့​ (ခ)အရ အဖွဲ့​ ၈ ဖွဲ့​ ဖွဲ့​စည်း​ခွင့်​ပြုခဲ့​ပါတယ်။ အဲ့​ဒီအဖွဲ့​တွေက​တော့​ တိုင်ရီ၊​ အိုပယ်၊​ အိုဇန်၊​ ပုဝါစက်ရုံ၊​ သာဓုကန်စက်မှုဇုန်၊​ ​ရွှေဇင်မင်း​အထည်ချုပ်စက်ရုံ၊​ ​ရွှေ​ပေါက်ကန်စက်မှုဇုန်နဲ့​ မြန်မာနိုင်ငံသ​င်္ဘောသား​များ​ အဖွဲ့​ချုပ်တို့​ ဖြစ်ပါတယ်။

အခုဖွဲ့​စည်း​ခွင့်​ပြုလိုက်တဲ့​ အလုပ်သမား​အဖွဲ့​တွေ ​ပေါင်း​စုပြီး​ အလုပ်သမား​အခွင့်​အ​ရေး​နဲ့​ ရပိုင်ခွင့်​တွေရရှိဖို့​ ဆက်လက် လုပ်​ဆောင်သွား​မယ့်​အ​ကြောင်း​လည်း​ တိုင်ရီအလုပ်သမား​အဖွဲ့​ဥက္ကဋ္ဌ ​ဒေါ်မိုး​ဝေက ​ပြောပါတယ်။

“လွတ်လပ်စွာဖွဲ့​စည်း​ခွင့်​တော့​ပေး​လိုက်တယ်။ ဒီအဖွဲ့​အစည်း​ရဲ့​ လုပ်ပိုင်ခွင့်​တွေနဲ့​ ပတ်သက်ပြီး​တော့​ တား​ဆီး​ပိတ်ပင်ထား​တဲ့​ အကန့်​အသတ်​တွေက များ​နေတယ်။ အဲဒီ​တော့​ ကျမတို့​အ​နေနဲ့​ အဖွဲ့​အစည်း​တွေ အများ​ကြီး​ ညီညွတ်​အောင် ဖွဲ့​စည်း​ဖို့​ ကြိုး​စား​မယ်။ ဒီအဖွဲ့​အစည်း​တွေ အား​လုံး​ပေါင်း​ပြီး​မှ အဖွဲ့​အစည်း​တွေရဲ့​ လုပ်ပိုင်ခွင့်​ဆိုတာကို ရရှိလာ​အောင် အရင်ကြိုး​စား​သင့်​တယ်။”

RELATED ARTICLES
- Advertisment -
Google search engine

Most Popular