A d v e r t i s e m e n t With Us

ရေပိုင်နက်အနီး ဖြတ်သွားသည့် ရုရှားစစ်သင်္ဘောကို ဗြိတိန်စစ်သင်္ဘော လိုက်လံစောင့်ကြည့်

ဓာတ်ပုံ - ရိုက်တာ
နှစ်နိုင်ငံဆက်ဆံရေး အဖုအထစ်ဖြစ်နေစဉ်မှာ ဗြိတိန်ရေပိုင်နက်အနီးကနေ ဖြတ်သွားတဲ့ ရုရှားစစ်သင်္ဘောကို ဗြိတိန်စစ်သင်္ဘောက လိုက်လံစောင့်ကြည့်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြောပါတယ်။ ရုရှားစစ်သင်္ဘော အက်ဒ်မာရယ် ဂတ်ရှ်ကော့ဖ်ဟာ မြောက်ပိုင်းပင်လယ်အနီးမှာ ဖြတ်သန်းသွားနေတာကြောင့် ဗြိတိန် ဖရီးဂိတ်ရေယာဉ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စေလွှတ်ခဲ့ရတာပါ။ ဗြိတိန်တော်ဝင်ရေတပ်ဖွဲ့က ဖရီးဂိတ်ရေယာဉ်ဟာ ခရစ္စမတ်ကာလအထိ ရုရှားစစ်သင်္ဘောကို စောင့်ကြည့်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နောက်ပိုင်းမှာ စခန်းကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ အခုဖြစ်ရပ်အပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလီယံဆန်က ကြေညာချက် ထုတ်ပြန်ရာမှာ “မိမိတို့ရေပိုင်နက်ကို ကာကွယ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်သလို ဘယ်လို ကျူးကျော်ရန်စမှုကိုမှ သည်းခံမှာ မဟုတ်ဘူး” လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် ရုရှားကို အလည်အပတ် သွားရောက်စဉ် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့စ်ကို “ဗြိတိန် ဥရောပသမဂ္ဂကထွက်တဲ့ လူထုဆန္ဒခံယူပွဲမှာ ရုရှားက ဆိုက်ဘာတိုက်ခိုက်တဲ့နည်းလမ်း စတာတွေနဲ့ ဝင်ရောက်စွက်ဖက်ခဲ့တဲ့ အထောက်အထား အများကြီးရှိတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောကြားခဲ့အပြီး ဗြိတိန်-ရုရှား ဆက်ဆံရေးဟာ အဖုအထစ် ဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up