ယာယာတိုးရေး နေရာ အစားထိုးရန် ဖရက်ဒ်ကို ခေါ်ယူရန် မန်စီးတီး ပြင်ဆင်

1.5K
မန်ချက်စတာစီးတီးအသင်းဟာ အသင်းရဲ့အဓိကကွင်းလယ်ကစားသမား ယာယာတိုရေးဟာ သီကုန်ရင်အသင်းကနေ ထွက်ခွာတော့မှာဖြစ်တာကြောင့် သူ့ရဲ့နေရာမှာ အစားထိုးဖို့ ရှက်တာဒိုးနတ်အသင်းက အသက် ၂၄ နှစ်အရွယ် ဖရက်ဒ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဖရက်ဒ်ကို ခေါ်ယူနိုင်ဖို့ သေချာသလောက်ဖြစ်နေပေမယ့်လည်း ဒေါ့မန်အသင်းက ကွင်းလယ်အဖျက် ဂျူလီယန် ဝိုင်ဂယ်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပါတယ်။
မန်စီးတီးအသင်းဟာ နောက်ခံလူအဖြစ် ဆောက်သမ်တန်းအသင်းက ဗန်ဒိုက်ခ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ် အပါအဝင် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး အခုနှစ်ရာသီရလဒ် ကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့ ငွေအမြောက်အမြား သုံးပြီး ပြင်ဆင်နေတာ ဖြစ်ပါတယ်။