A d v e r t i s e m e n t With Us

မြစ်ကြီး​နား​မြို့​ ဗုံး​ပေါက်ကွဲမှု​ကြောင့်​ ၃ ဦး​ ဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီး​နား​မြို့​မှာ ဒီမနက်က ဗုံး​ပေါက်ကွဲမှုတခု ဖြစ်ပွား​ခဲ့​ပြီး​ ၃ ဦး​ ဒဏ်ရာရှိသွား​ပါတယ်။ မြစ်ကြီး​နား​မြို့​ ပြည်သူ့​ဆေး​ရုံ​ထောင့်​က ယာဉ်ထိန်း​ရဲကင်း​ အနီး​မှာ ဒီမနက် ၇ နာရီခွဲ​လောက်က ဗုံး​ပေါက်ကွဲခဲ့​တာ ဖြစ်တယ်လို့​ မြို့​ခံတဦး​က ဒီဗွီဘီကို ​ပြောပါတယ်။ ဒီ​ပေါက်ကွဲမှု​ကြောင့်​ အမျိုး​သား​ ၂ ဦး​နဲ့​ အမျိုး​သမီး​တဦး​ ထိခိုက်ဒဏ်ရာ ရသွား​တာလို့​ မြစ်ကြီး​နား​မြို့​ ပြည်သူ့​ဆေး​ရုံက အတည်ပြုပါတယ်။ “၃ ​ယောက် ​ဆေး​ရုံတင်ထား​တယ်ဗျ။ ​ဒဏ်ရာက ဆိုး​ဆိုး​ဝါး​ဝါး​ကြီး​ မဟုတ်ပါဘူး​။ လက်နဲ့​ခြေ​ထောက်​တွေ ထိသွား​တာ။ ခွဲစိပ်​ဆောင်မှာ တင်ထား​ပါတယ်။” ဒီ​ပေါက်ကွဲမှုဟာ ဘယ်လို ဗုံး​အမျိုး​အစား​နဲ့​ ဘယ်အဖွဲ့​အစည်း​ရဲ့​ လက်ချက် ဖြစ်တယ်ဆိုတာကို ရဲတပ်ဖွဲ့​ဝင်​တွေက စုံစမ်း​စဲဖြစ်တယ်လို့​ ရဲတပ်ဖွဲ့​ဝင်တဦး​က ​ပြောပါတယ်။ အခုလ ၁၄ ရက်​နေ့​တန်း​ကလည်း​ မြစ်ကြီး​နား​မှာ ​ပေါက်ကွဲမှု တခု ဖြစ်ပွား​ခဲ့​ပါ​သေး​တယ်။ အဲဒီ​ပေါက်ကွဲမှု​တွေမှာ ထိခိုက်​သေဆုံး​တာ မရှိခဲ့​ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up