
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ဝပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ထိန်းချုပ်ရာဒေသမှာ မြန်မာအစိုးရဝန်ထမ်းတွေဖြစ်တဲ့ နယ်စပ်ဒေသ၊ ပညာရေးနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးညွှန်ကြားမှုဦးစီးဌာန (နတလ) က ဝန်ထမ်းတွေကို ပြန်လက်ခံတဲ့အတွက် ဌာန ၂ ခုက ဝန်ထမ်းတွေ ဝဒေသမှာ တာဝန်ထမ်းဆောင်နေရပြီလို့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။
“စစ်တပ်တွေ မဝင်ရသေးဘူး။ ဒီကို ဝင်လာတာက နတလနဲ့ ပညာရေးဌာန ၂ ခုပဲ ရှိသေးတယ်။ သူနာပြုတွေကို အခုတော့ မပို့သေးဘူး။ ပို့ပေးမယ်လို့တော့ ပြောတယ်။”
ကျန်းမာရေးဌာနနဲ့ အခြား ဝန်ထမ်းတွေကတော့ ဝပြည်ထဲကို မရောက်သေးဘူးလို့ ဆိုပါတယ်။
ယူဒဗလျူအက်စ်အေက ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကတော့ အစိုးရဝန်ထမ်းတွေ အကုန်လုံးနီးပါး ပြန်ဝင်လာဖို့ လက်ခံထားတယ
[caption id="attachment_19235" align="alignright" width="300" caption="ဦးအောင်မြင့်"]
[/caption]
်လို့ ဒီဗွီဘီကို ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကျင်းပဖို့အတွက် အဲဒီနှစ် စက်တင်ဘာကတည်းက အစိုးရ အရပ်ဘက်ဝန်ထမ်းအားလုံး ဝဒေသကနေ ထွက်သွားခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။
“ကျန်းမာရေး၊ မွေးမြူရေး၊ သစ်တောတို့ အဲ့ဌာနတွေ အကုန်လုံး ရုံးပဲရှိတယ်။ ထွက်သွားကြတာပဲ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ သူတို့ရဲ့ အခွင့်အရေးဖြစ်တယ်။ ရွေးကောက်ပွဲပါဝင်နိုင်ဖို့ ဆိုပြီး ပြန်ခေါ်သွားတာ။”
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ပေမယ့် ဝဒေသ တခုလုံးကို ကိုယ်စားမပြုဘဲ ဟိုပန်မြို့မှာတင် အခြေစိုက်တာလို့ သူက ပြောပါတယ်။ ဝဒေသ နေရာအတော်များများကို ဝပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ကနေ ထိန်းချုပ်ထားတယ်လို့ ပြောဆိုပါတယ်။











