DVB Logo
Home
မြန်မာသတင်း
မြန်မာ့​ပထမဆုံး​ ရုပ်သံလွှင့်​ ဥပ​ဒေ နှစ်ကုန်ပိုင်း​ ထွက်​ပေါ်လာဖို့​ရှိ
DVB
·
April 24, 2012
Donate to DVB

မြန်မာ့​ပထမဆုံး​ ရုပ်သံလွှင့်​ ဥပ​ဒေ နှစ်ကုန်ပိုင်း​ ထွက်​ပေါ်လာဖို့​ ရှိ​နေပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး​ပေါ်ထွက်လာမယ့်​ (Broadcasting Law) ရုပ်သံလွှင့်​ဥပ​ဒေ ​ရေး​ဆွဲဖို့​ အလုပ်ရုံ​ဆွေး​နွေး​ပွဲတခု ​နေပြည်​တော်မှာ ဧပြီ ၂၃ ရက်က ကျင်း​ပခဲ့​ပါတယ်။

ဒီအလုပ်ရုံ​ဆွေး​နွေး​ပွဲက​နေ လက်ရှိပကတိ အ​ခြေအ​နေနဲ့​ ကိုက်ညီတဲ့​ ရုပ်သံလွှင့်​ ဥပ​ဒေ ​ရေး​ဆွဲဖို့​ ဖြစ်တယ်လို့​ ဆိုပါတယ်။

အခုလို ဥပ​ဒေ​ရေး​ဆွဲဖို့​ ပြုလုပ်ရတာဟာ ​ပြောင်း​လဲလာတဲ့​ စနစ်​ကြောင့်​ဖြစ်ပြီး​ ရုပ်သံလွှင့်​လုပ်ငန်း​တွေကို ​ဘောင်တခုထဲက​နေ လွတ်လွတ်လပ်လပ် လုပ်နိုင်​အောင် အတွက် ဖြစ်တယ်လို့​ မြန်မာ့​အသံနဲ့​ ရုပ်မြင်သံကြား​ဌာန၊​ ဒု - ညွှန်ချုပ် ဦး​တင်ဝမ်း​က ​ပြောပါတယ်။

“အခု ဒီဥပ​ဒေ​ရေး​ဆွဲတယ်၊​ အ​ရေး​တကြီး​ လိုအပ်လာတယ် ဆိုတာက နိုင်ငံက စနစ်​ပြောင်း​လဲလာတာရယ်၊​ ကျ​နော်တို့​လည်း​ နား​လည်လာတယ်။ ၂၀၀၅ ခုနှစ်​လောက်ကတည်း​က ပုဂ္ဂလိကနဲ့​ ဖက်စပ်လုပ်ကိုင်တဲ့​ ရုပ်မြင်သံကြား​လိုင်း​မှာကို Forever၊​ ​ရွှေသံလွင်မီဒီယာ အုပ်စုရယ် ၂ ခုရှိတယ်။ လွန်ခဲ့​တဲ့​ ၃ နှစ်ခွဲ ၄ နှစ်နီး​ပါး​လောက်ကတည်း​က FM ​တွေ ​ပေး​ထား​တာ​တွေလည်း​ ရှိလာတယ်။ ခြုံ​ပြောရရင်​တော့​ ဒီ industrial မှာ နိုင်ငံ​တော်က​နေပဲ ကျယ်ကျယ်ပြန့်​ပြန့်​ စီး​ပွား​ရေး​အရ ရင်း​နှီး​မြှုပ်နှံလာမှု၊​ နိုင်ငံသား​တွေက ဒီမီဒီယာအ​ပေါ်မှာ ကြိုး​ပမ်း​ ​ဆောင်ရွက်လာတာ​တွေကို လမ်း​ဖွင့်​ပေး​လာတဲ့​ အ​နေအထား​မျိုး​ ဖြစ်လာတယ်။ ဒစ်ဂျစ်တယ် နည်း​ပညာပိုင်း​တွေမှာလည်း​ အင်တာနက်က​နေ ထိုး​ဖောက်တာ​တွေ သွား​နိုင်​အောင်ဆို​တော့​ ဥပ​ဒေက မပြဋ္ဌာန်း​လို့​မရဘူး​။ နိုင်ငံရဲ့​ ယဉ်​ကျေး​မှုနဲ့​ နိုင်ငံသား​ပေါ့​ စည်း​နဲ့​ဘောင်နဲ့​ ဖြစ်​အောင် ကျ​နော်တို့​ ဥပ​ဒေက ကန့်​သတ်ချုပ်ချယ်တာ မဟုတ်ဘဲ လွတ်လွတ်လပ်နဲ့​ ဖွံ့​ဖြိုး​လာ​အောင်​ပေါ့​။”

အသံလွှင့်​ဥပ​ဒေ မူကြမ်း​ရေး​ဆွဲ​နေပြီး​ ဒီနှစ်ကုန်​လောက်ပြီး​အောင် ​ဆောင်ရွက်​နေတယ်လို့​ ​ပြောပါတယ်။

ပြည်ပ အသံလွှင့်​လုပ်ငန်း​တွေနဲ့​ ပတ်သက်ပြီး​ အခု​ရေး​ဆွဲ​နေတဲ့​ ဥပ​ဒေမှာ ထည့်​သွင်း​ ​ရေး​ထား​ပေမယ့်​လည်း​ လိုင်စင်ချ​ပေး​ပြီး​ ခွင့်​ပြုဖို့​တော့​ လိုဦး​မယ်လို့​လည်း​ ဆိုပါတယ်။

“ပြည်ပရုပ်မြင်သံကြား​ကိစ္စ​တွေက​တော့​ အခု​လော​လောဆယ်မှာ​တော့​ pay channel ​တွေမှာ​တော့​ ထပ်ဆင့်​လွှင့်​တာ​တွေ ရှိတယ်။ free channel က​တော့​ ကျ​နော်ထင်တယ် အချိန်​လေး​ နည်း​နည်း​ယူရမယ် ထင်တယ်။ ​လော​လောဆယ် အ​နေအထား​က​တော့​ ပြည်ပအသံလွှင့်​လုပ်ငန်း​တွေ လွှင့်​နိုင်​အောင်​တော့​ law က​တော့​ ပြဋ္ဌာန်း​တဲ့​အထဲမှာ ထည့်​သွား​မှာပဲ။ အစိုး​ရကလည်း​ ဒါ​တွေကို လိုင်စင်​တွေကို စဉ်း​စား​တဲ့​အခါမှာ ချက်ချင်း​ကြီး​ ခွင့်​ပြုက​တော့​ ​တော်​တော်​လေး​ ခက်လိမ့်​မယ်။ ခု​လော​လောဆယ်က ပြည်တွင်း​မီဒီယာက ပုံစံမျိုး​စုံနဲ့​ ​ဝေ​ဝေဆာဆာ​လေး​ လူ​တွေက အမျိုး​မျိုး​ကြည့်​လို့​ရ​အောင် ကျ​နော်တို့​ ဦး​တည်ပြီး​ လုပ်​နေပါတယ်။ ပြည်ပအသံလွှင့်​တဲ့​ကိစ္စက​တော့​ ​နောက်တဆင့်​ ဖြစ်သွား​လိမ့်​မယ်။”

ပြည်ပအသံလွှင့်​ဌာန​တွေ တည်​ထောင်ခွင့်​ပြုဖို့​ဆိုတဲ့​ အပိုင်း​မှာ နိုင်ငံ​ရေး​ဖြစ်ထွန်း​ တိုး​တက်မှုနဲ့​လည်း​ ဆိုင်မယ်လို့​ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ်က ရုပ်မြင်သံကြား​နဲ့​ ဗွီဒီယို ဆိုတဲ့​ ဥပ​ဒေတခု ထုတ်ပြန်ခဲ့​ဖူး​ပြီး​ အဲ့​ဒီဥပ​ဒေကလည်း​ ရုပ်မြင်သံကြား​ လိုင်စင်​ကြေး​ပေး​ဆောင်ဖို့​ ထုတ်ပြန်ခဲ့​တာပါ။

မြန်မာ့​အသံလွှင့်​လုပ်ငန်း​ကို ၁၉၃၆ ခုနှစ်က စတင်ခဲ့​တာ ဖြစ်ပါတယ်။


ဆက်စပ်သတင်း​ (ရုပ်သံအင်တာဗျုး​)

ဲမြန်မာ့​ပထမဆုံး​ ရုပ်သံလွှင့်​ဥပ​ဒေ ဒီနှစ်အကုန်ပိုင်း​လောက်မှာ ထွက်​ပေါ်လာဖို့​ရှိတယ်လို့​ သိရပါတယ်။ ရုပ်သံလွှင့်​ဥပ​ဒေ​ရေး​ဆွဲ​ရေး​ဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ​နေပြည်​တော်မှာ ဧပြီလ ၂၃-ရက်​နေ့​က ကျင်း​ပ ခဲ့​ပါတယ်။
ရုပ်သံလွှင့်​ဥပ​ဒေ ​ရေး​ဆွဲမှု အ​ခြေအ​နေ​တွေနဲ့​ ပတ်သက်ပြီး​ ပြန်ကြား​ရေး​ ဝန်ကြီး​ ဌာန ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ရဲထွဋ်ကို ဒီဗွီဘီ ဦး​တိုး​ဇော်လတ်က ​နေပြည်​တော်မှာ ​တွေ့​ဆုံ​မေး​မြန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013