DVB Logo
Home
မြန်မာသတင်း
သုံး​ခွမြို့​နယ်တွင် ရွာ​ပေါင်း​ ၄၀ ​ကျော် ​သောက်သုံး​ရေလိုအပ်
DVB
·
April 24, 2012
သုံး​ခွမြို့​နယ်တွင် ရွာ​ပေါင်း​ ၄၀ ​ကျော် ​သောက်သုံး​ရေလိုအပ်
1 / 2
Donate to DVB

ရန်ကုန်တိုင်း​ သုံး​ခွမြို့​နယ် မုတ္တမပင်လယ်ကမ်း​နား​တ​လျှောက်က ​ကျေး​ရွာ ၄၀ ​ကျော်မှာ ​သောက်သုံး​ရေ ပြတ်လပ်​နေပါတယ်။

[caption id="attachment_24480" align="alignleft" width="300" caption="photo-saizaw(facebook)"][/caption]

သုံး​ခွမြို့​နယ် စစ်ကိုင်း​စု​ကျေး​ရွာက​နေ မုတ္တမပင်လယ်နား​က ​ကျေး​ရွာ ၄၀ ​ကျော်ဟာ အခုလဆန်း​ပိုင်း​ကတည်း​က ​ရေခန်း​ခြောက်ပြီး​ ​သောက်သုံး​ရေ ရှား​ပါး​နေ​တာလို့​ ​ရေအကူအညီ​ပေး​နေတဲ့​ သုံး​ခွမြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ)က ​ပြောပါတယ်။

တွင်း​ရေ၊​ ကန်​ရေ​တွေ ခန်း​ခြောက်ပြီး​ ​ဒေသခံ​တွေလည်း​ ​ရေသို​လောင်ကန်​တွေ မရှိတာ​ကြောင့်​ ​သောက်သုံး​ရေ ခက်ခဲ​နေတာလို့​ သုံး​ခွမြို့​နယ် အန်အယ်လ်ဒီ စည်း​ရုံး​ရေး​မှူး​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“ဒီနှစ်နည်း​နည်း​ပိုပြီး​ ​ရေဒုက္ခ​ရောက်တယ်။ ​နွေ​ကြောင့်​ ကန်​တွေလည်း​ ​ရေ​တော်​တော်ခန်း​နေကြတယ်။ ခါတိုင်း​ မခန်း​ဖူး​တဲ့​ ကန်​တွေလည်း​ ခန်း​ခြောက်ကုန်တယ်။ ရာသီဥတု​ကြောင့်​လည်း​ ​ပြောလို့​ရမယ်။ ​ကျေး​ရွာဆို​တော့​လည်း​ ကန်အင်အား​နည်း​တယ်။ ​သောက်​ရေအတွက် အခက်အခဲရှိတယ်။ ​သောက်​ရေအတွက်ဆိုရင် တပတ်ကိုတခါ သွား​ရသ​လောက်ကို ဖြစ်​နေတယ်။”

သောက်သုံး​ရေ မသန့်​တဲ့​အတွက် အခုလဆန်း​ပိုင်း​က ဝမ်း​ပျက်ဝမ်း​လျော ​ရောဂါ ဖြစ်ပွား​နေတယ်လို့​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“ရွာမှာ​တော့​မ​ပြောတတ်ဘူး​၊​ သုံး​ခွမှာ​တော့​ ပြီး​ခဲ့​တဲ့​ လဆန်း​လောက်က ​သောက်​ရေမသန့်​လို့​ ဝမ်း​လျောတာ​တွေလည်း​ နည်း​နည်း​ပါး​ပါး​ ရှိပါတယ်။ လူအ​သေအ​ပျောက်​တော့​ မရှိပါဘူး​။ ရွာတရွာမှာဆိုရင် ၁၅ - ၂၀ ​ယောက်​လောက် ​ရေမသန့်​တာကို ​သောက်မိလို့​ ဖြစ်သွား​တဲ့​ကိစ္စ​တွေပါ။

သုံး​ခွမြို့​နယ်ထဲက ​ကျေး​ရွာ​ပေါင်း​ ၄၀ ​ကျော်က ​သောက်​ရေကန်​တွေ ခန်း​ခြောက်မှု​ကြောင့်​ ​ဒေသခံ ၁ သိန်း​ကျော် ​သောက်​ရေ ပြတ်လပ်မှု ကြုံ​တွေ့​နေရပြီး​ ​ကျေး​ရွာ​တွေကို ကူညီကြဖို့​လည်း​ လူမှု​ရေး​ကွန်ရက်​တွေမှာ ​ရေး​သား​ဖြန့်​ချိ​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013