DVB Logo
Home
မြန်မာသတင်း
ထိုင်း​နိုင်ငံတွင် ဆန္ဒပြ မြန်မာအလုပ်သမား​များ​ ခြိမ်း​ခြောက်ခံရ
DVB
·
April 24, 2012
ထိုင်း​နိုင်ငံတွင် ဆန္ဒပြ မြန်မာအလုပ်သမား​များ​ ခြိမ်း​ခြောက်ခံရ
Donate to DVB

ထိုင်း​နိုင်ငံ ရပ်ချဘူရီ သတ္တုစက်ရုံမှာ မြန်မာနိုင်ငံသား​ အလုပ်သမား​ ၃၀၀ ​လောက်ဟာ ခံစား​ခွင့်​ လစာ​ငွေနဲ့​ ပတ်သက်ပြီး​ ၃ ရက်ကြာ ဆန္ဒပြခဲ့​ကြရာမှာ ရဲ​တွေက ခြိမ်း​ခြောက်ခဲ့​တယ်လို့​ ဆိုပါတယ်။

ဧပြီလ ၁၉ ရက်က​နေ ၂၁ ရက်​နေ့​အထိ အလုပ်သမား​တွေက ခံစား​ခွင့်​ရှိတဲ့​ ​ငွေ​တွေကို ပုံမှန်အတိုင်း​ ပြန်​ပေး​ဖို့​ ဆန္ဒပြရာမှာ ထိုင်း​ရဲက ​ခေါင်း​ဆောင်​တွေကို ဖမ်း​ဆီး​ဖို့​ ခြိမ်း​ခြောက်ခဲ့​တယ်လို့​ မြန်မာအလုပ်သမား​တွေက ​ပြောပါတယ်။

[caption id="attachment_24474" align="alignleft" width="300" caption="ဆန္ဒပြ မြန်မာအလုပ်သမား​များ​"][/caption]

အရင်က ပုံမှန်​နေ့​စား​ခ ၁၉၀ ဘတ် ရစဉ်က သတ္တုစက်ရုံက အလုပ်သမား​တဦး​ဟာ ခံစား​ခွင့်​အဖြစ် ရက်မှန်​ကြေး​ ၉၀ ဘတ်နဲ့​၊​ အပူနဲ့​ အနီး​ကပ် လုပ်​ဆောင်​နေတဲ့​ သူ​တွေအတွက်ကို ဘတ် ၈၀ ​ပေး​ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ပုံမှန် ​နေ့​စား​ခ ၂၅၁ ဘတ် သတ်မှတ်​ပေး​ခဲ့​တဲ့​နောက်ပိုင်း​ စက်ရုံက အလုပ်သမား​တွေ ခံစား​ခွင့်​ရတဲ့​ ရက်မှန်​ကြေး​ကို ၂၉ ဘတ်နဲ့​ အပူနဲ့​လုပ်​ဆောင်ရတဲ့​ သူ​တွေအတွက် ၇၀ ဘတ် ပြန်လည် ပြင်ဆင်ခဲ့​ပါတယ်။

ပုံမှန်​နေ့​စား​ခ တိုး​ပေး​လိုက်​ပေမယ့်​ တကယ်တမ်း​မှာ​တော့​ ရက်မှန်​ကြေး​ ခံစား​ခွင့်​ ၆၁ ဘတ်နဲ့​ အပူခ ၁၀ ဘတ် စုစု​ပေါင်း​ ၇၁ ဘတ်​လောက် နစ်နာခဲ့​ရပါတယ်။ စုစု​ပေါင်း​ လုပ်အား​ခနဲ့​တွက်ရင်လည်း​ ၁၀ ဘတ်​လောက် နစ်နာခဲ့​ပါတယ်။

အလုပ်သမား​တွေဟာ ရက်မှန်​ကြေး​နဲ့​ အပူခ​တွေကို အရင်​ပေး​နေကြအတိုင်း​ ပြန်လည်​ပေး​ဖို့​ ​တောင်း​ဆိုတာဖြစ်ပါတယ်။

ဆန္ဒပြရာမှာ ပါဝင်ခဲ့​တဲ့​ အလုပ်သမား​တဦး​ဖြစ်တဲ့​ ကို​ကျော်​နေက အ​ခြေအ​နေကို အခုလို ​ပြောပါတယ်။

“အဲဒီလူကြီး​တွေ ​ပြောတဲ့​စကား​က အလုပ်ရုံပိုင်ရှင်ထဲကပဲ ဖြစ်ဖို့​များ​တယ်၊​ ကျ​နော်တို့​ စိတ်ထင်တာက ​ငွေနဲ့​ပိတ်လုပ်ထား​လား​ မသိဘူး​။ ဖြစ်တဲ့​နေ့​က လူကြီး​တွေ အများ​ကြီး​ပဲလာတယ်။ သူတို့​ပြောတဲ့​စကား​တွေက အလုပ်သမား​တွေ အတွက် မပါဘူး​။ အလုပ်ရုံပိုင်ရှင်ဘက်ကပဲ များ​တယ်။”

အလုပ်လုပ်တဲ့​နေရာကို မူတည်ပြီး​ တချို့​အလုပ်သမား​တွေရဲ့​ ခံစား​ခွင့်​က ကွဲပြား​ပါတယ်။ သတ္တုစက်ရုံဖြစ်တဲ့​အတွက် အလုပ်လုပ်ရာမှာ ပူပြင်း​သလို တခါတရံ ​ပေါက်ကွဲတာ​တွေဖြစ်ရင် လူအ​သေအ​ပျောက် ရှိပါတယ်။ တခါတ​လေ အပူ​လောင်တာ​တွေ ရှိ​ပေမယ့်​ တစုံတရာ အကျိုး​ခံစား​ခွင့်​ မရှိဘူး​လို့​လည်း​ ​ပြောပါတယ်။

ဆန္ဒပြ​တောင်း​ဆိုတာ​တွေကို လိုက်​လျော​ပေး​ခြင်း​ မရှိသလို အလုပ် မလုပ်လိုတဲ့​ အလုပ်သမား​တွေကိုလည်း​ ထွက်ခွာသွား​ဖို့​ ​ပြောဆိုပါတယ်။ တချို့​အလုပ်သမား​တွေကို​တော့​ အလုပ်ဆင်း​ခွင့်​ မပြု​တော့​ဘူး​လို့​ ​ပြောပါတယ်။

အရင်ရက်ပိုင်း​ကလည်း​ ထိုင်း​နိုင်ငံ ကန်ချနဘူရီ စား​သောက်ကုန် ထုတ်တဲ့​ စက်ရုံမှာ မြန်မာနဲ့​ က​မ္ဘောဒီး​ယား​ အလုပ်သမား​တွေ ဆန္ဒပြခဲ့​ပါ​သေး​တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ထိုင်း​နိုင်ငံတွင် ဆန္ဒပြ မြန်မာအလုပ်သမား​များ​ ခြိမ်း​ခြောက်ခံရ