A d v e r t i s e m e n t With Us

နယ်စပ်ဒေသ ငြိမ်းချမ်းမှုရှိရေး တရုတ်နှင့်အိန္ဒိယ ပူးတွဲထိန်းသိမ်းရန် သဘောတူ

တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ နှစ်နိုင်ငံ မကြာခဏဖြစ်လေ့ရှိတဲ့ နယ်စပ်အငြင်းပွားမှုကိစ္စကို နည်းမှန်လမ်းမှန်ကိုင်တွယ်သွားကြဖို့နဲ့ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းမှုရှိအောင် ပူးတွဲထိန်းသိမ်းသွားကြဖို့ သဘောတူခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တရုတ်နယ်စပ်အရေးကိစ္စနဲ့ပတ်သက်တဲ့ အထူးကိုယ်စားလှယ် နိုင်ငံတော် ကောင်စီဝင် ယန်းကျိချီ နဲ့ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် တို့ တွေ့ဆုံခဲ့အပြီးမှာ အခုလို သဘောတူခဲ့ကြတာဖြစ်ပါတယ်။ အခုဆွေးနွေးပွဲဟာ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ အကြိမ် ၂၀ မြောက် ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံအကြားမှာ သဘောမတူတဲ့အရာတွေထက် ဘုံတူညီချက်က ပိုများတယ်ဆိုတာကို နှစ်နိုင်ငံ အထူးကိုယ်စားလှယ်တွေ သဘောတူညီခဲ့ကြသလို၊ နှစ်နိုင်ငံစလုံးဟာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ မူကြီး ၅ ရပ်ကို စွဲကိုင်ထားသင့်တယ် ဆိုတာကို သဘောတူခဲ့ကြပါတယ်။ တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်းကျိချီဟာ ဒီဇင်ဘာ ၂၃ ရက်နေ့မှာပဲ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up