A d v e r t i s e m e n t With Us

အနိမ့်ဆုံး လုပ်ခလစာ ၆၆၀၀ ဖြစ်သင့်ကြောင်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြော

နည်းဆုံးလုပ်ခလစာ ၆၆၀၀ ကျပ် ဖြစ်သင့်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားလိုက်တယ်။ ရန်ကုန်၊ ချက်ထရီယံဟိုတယ်မှာ ဒီနေ့ ပြုလုပ်တဲ့ အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားလိုက်တာပါ။ ၆၆၀၀ ကျပ် ဖြစ်သင့်တယ်လို့ တင်ပြထားပေမယ့်လည်း အနီးစပ်ဆုံးတော့ ညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။ အလုပ်သမားဝန်ကြီး ပြောကြားတဲ့ လစာ ၄၈၀၀ ကျပ် နှုန်းကိုလည်း သဘောမတူဘဲ ဒီနှုန်းနဲ့ ဆက်မဆွေးနွေးဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up