DVB Logo
Home
အာရှဒေသ
အိမ်တအိမ် အိမ်သာတလုံး ထားဖို့ ဆော်ဩလှုပ်ရှားတဲ့ အိန္ဒိယမှ ရေအိမ် သံတမန် အမျိုးသမီး
DVB
·
April 24, 2012
အိမ်တအိမ် အိမ်သာတလုံး ထားဖို့ ဆော်ဩလှုပ်ရှားတဲ့ အိန္ဒိယမှ ရေအိမ် သံတမန် အမျိုးသမီး
Donate to DVB

အိန္ဒိယမှာရှိတဲ့ လူဦးရေတ၀က်လောက်က သူတို့အိမ်မှာ အိမ်သာမရှိကြပါဘူး။ အညစ်အကြေးကို ကြုံတဲ့နေရာမှာ လွတ်လွတ်လပ်လပ် စွန့်ပစ်ကြပါတယ်။ ကမ္ဘာ့ ဘယ်တိုင်းပြည်ထက်မဆို အညစ်အကြေး အလွယ်တကူ စွန့်ပစ်ရာမှာ အိန္ဒိယက လူအများဆုံး ဖြစ်နေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကမ္ဘာမှာ အိန္ဒိယဟာ အန္တရာယ်အများဆုံး မိလ္လာဆိုးစနစ်ကို ကျင့်သုံးနေတယ်လို့ ပြောပါတယ်။
မနှစ်က ဖေဖော်ဝါရီလမှာ အိန္ဒိယ၀န်ကြီးတဦးကလည်း အိန္ဒိယ အမျိုးသမီးတွေဟာ အိမ်သာအသုံးပြုဖို့ထက် မိုလ်ဘိုင်းဖုန်းကိုပဲ ပိုပြီး လိုချင်ကြတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ‘အနီတာ နာရီ’ ဆိုတဲ့ အမျိုးသမီးလေးကတော့ ထူးခြားပါတယ်။
မက်ဒယာ ပရာဒက်ရှ်(Madhya Pradesh) ပြည်နယ် ကျေးလက်က အဲဒီ အသက် ၂၀ အရွယ် အမျိုးသမီးလေးကို ပြည်နယ်အစိုးရက ရေအိမ် သံတမန် ခန့်လိုက်ပါတယ်။ ဒီအကြောင်း အိန္ဒိယမှ သတင်းထောက် ရှုရီယာ နီရာဇီ (Shuriah Niazi) က သတင်းပေးပို့ထားတာပါ။ ဒီဘာသာပြန် သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013