A d v e r t i s e m e n t With Us

မုံရွာတွင် ရေတွင်းဟောင်းအတွင်းမှ အမျိုးသမီးအလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ ၅ ရှိ အသုံးမပြုတော့တဲ့ တွင်းဝကျယ်ရေတွင်းထဲမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက အမျိုးသမီးအလောင်း တလောင်း တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူက ချမ်းမြသာစည်ရပ်ကွက်အတွင်းက အသက် ၃၃ နှစ်ရှိ မငယ်ငယ်မိုး ဆိုသူဖြစ်ပြီး စိတ်ရောဂါဝေဒနာရှင်တဦး ဖြစ်တယ်လို့ သိရပါတယ်။ ရေတွင်းဟောင်းထဲက အလောင်းကို မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ဆယ်ယူခဲ့ကာ သေဆုံးသူအလောင်းကိုတော့ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ဖို့ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာနယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းဖွင့်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up