DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မြန်မာနိုင်ငံကို တတိယအကြိမ် သွား​ရောက်မည်
DVB
·
April 24, 2012
ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မြန်မာနိုင်ငံကို တတိယအကြိမ် သွား​ရောက်မည်
Donate to DVB

ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာဘန်ကီမွန်း​ဟာ မြန်မာ့​ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​ကို အား​ပေး​တဲ့​အ​နေနဲ့​ အခုသီတင်း​ပတ်အကုန်မှာ မြန်မာနိုင်ငံကို တတိယအကြိမ်​မြောက် ခရီး​စဉ်အဖြစ် သွား​ရောက်မယ်လို့​ ကုလသမဂ္ဂ ရုံး​က သတင်း​ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ ခရီး​စဉ်ပြီး​နောက် မြန်မာနိုင်ငံကို လာ​ရောက်မှာဖြစ်ပြီး​ မြန်မာနိုင်ငံ အသွင်ကူး​ပြောင်း​ရေး​ကာလ အ​ရေး​ကြီး​နေတဲ့​အချိန်မှာ ခုလိုမြန်မာနိုင်ငံကို သွား​ရောက်တာလို့​ နယူး​ယောက်မြို့​ ကုလသမဂ္ဂဌာနချုပ်မှာ ဧပြီ ၂၃ ရက်က ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဘန်ကီမွန်း​က ​ပြောကြား​ခဲ့​တာပါ။

[caption id="attachment_24443" align="alignleft" width="300" caption="မစ္စတာဘန်ကီမွန်း (ဓာတ်ပုံ - ရိုက်တာ)"][/caption]

မစ္စတာဘန်ကီမွန်း​က “မြန်မာနိုင်ငံမှာ ခုမှ အသွင်ကူး​ပြောင်း​ရေး​ အစပဲ ရှိပါ​သေး​တယ်။ ​ရှေ့​မှာ အခက်အခဲစိန်​ခေါ်မှု​တွေ အများ​ကြီး​ရှိ​နေ​သေး​တယ်။ ​ပြောဆို​ဆွေး​နွေး​ရမယ့်​ အ​ကြောင်း​တွေလည်း​ အများ​ကြီး​ ရှိ​သေး​တယ်။ ဒါ​ပေမယ့်​ ပိုမို​ကောင်း​မွန်တဲ့​ တိုင်း​ပြည်ရဲ့​ ​ရှေ့​အနာ ဂတ်ဆီကို ​ရောက်နိုင်ဖို့​၊​ ကူညီဖို့​ မကြုံဘူး​သေး​တဲ့​ အခွင့်​အလမ်း​ တခု ကျ​နော် တို့​မှာရှိ​နေပြီ ဆိုတာယုံကြည်ပါတယ်” လို့​ပြောပါတယ်။

မြန်မာ့​မိတ်​ဆွေနိုင်ငံများ​အဖွဲ့​ကိုလည်း​ နိုင်ငံတကာ အသိုင်း​အဝန်း​အ​နေနဲ့​ မြန်မာနိုင်ငံနဲ့​အတူ ရပ်တည်ဖို့​ အချိန်​ရောက်ပြီလို့​လည်း​ ​ပြောကြား​ခဲ့​ပါတယ်။

“ခုချိန်ထိ နိုင်ငံတကာရဲ့​ အပြုသ​ဘော တုံ့​ပြန်မှု​တွေကို ကျ​နော် ကြိုဆိုပါတယ်။ ဥ​ရောပသမဂ္ဂက စီး​ပွား​ရေး​ အ​ရေး​ယူပိတ်ဆို့​ထား​တာ​တွေကို တနှစ်ဆိုင်း​ငံ့​လိုက်ဖို့​ ဒီ​နေ့​ကြေညာလိုက်တာ အပါအဝင် အ​မေရိကန်နဲ့​ တခြား​နိုင်ငံ​တွေက အ​စောပိုင်း​က ရုပ်သိမ်း​ပေး​ခဲ့​တာ​တွေ အပါအဝင်​ပေါ့​လေ။ ကျ​နော်တို့​က အဲဒီလိုတိုး​တက်မှုမျိုး​တွေ၊​ မြန်မာနိုင်ငံရဲ့​ဒီမိုက​ရေစီ​ရေး​ ​ပြောင်း​လဲမှု ဖြစ်လာ​ရေး​ ကြိုး​ပမ်း​အား​ထုတ်မှု​တွေကို နိုင်ငံတကာက ပိုပြီး​ကူညီပံ့​ပိုး​ မှု​တွေကို မြင်​တွေ့​ချင်ပါတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ပါတီအနိုင်ရခဲ့​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ မြန်မာ့​ဒီမိုက​ရေစီကူး​ပြောင်း​ရေး​အတွက် အ​ရေး​ပါတဲ့​ခြေလှမ်း​ဖြစ်တယ်လို့​လည်း​ ​ပြောပါတယ်။

ခရီး​စဉ်အတွင်း​ မြန်မာသမ္မတ ဦး​သိန်း​စိန် အပါအဝင် ​ဒေါ်​အောင်ဆန်း​စုကြည်ကိုလည်း​ လူကိုယ်တိုင် ​တွေ့​ဆုံပြီး​ ဂုဏ်ယူ ဝမ်း​မြောက်​ကြောင်း​ ​ပြောကြား​ဖို့​ ရှိတယ်လို့​ ဘန်ကီမွန်း​က ဆိုပါတယ်။

မစ္စတာ ဘန်ကီမွန်း​ရဲ့​ တတိယအကြိမ်​မြောက် ဒီခရီး​စဉ်ကို သမ္မတ ဦး​သိန်း​စိန်က ဖိတ်ကြား​ခဲ့​တာလည်း​ ဖြစ်ပါတယ်။ မစ္စတာ ဘန်ကီမွန်း​ဟာ ၂၀၀၈ နာဂစ်မုန်တိုင်း​ဒဏ် ခံရပြီး​ ပြန်လည်ထူ​ထောင်​ရေး​ကာလက မြန်မာနိုင်ငံကို ပထမဆုံး​အကြိမ် လာ​ရောက်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013