DVB Logo
Home
မြန်မာသတင်း
ထိုင်း​ရောက် မြန်မာက​လေး​ငယ်တဦး​ အဓမ္မလုပ်အား​ခိုင်း​စေခံရ
DVB
·
April 23, 2012
ထိုင်း​ရောက် မြန်မာက​လေး​ငယ်တဦး​ အဓမ္မလုပ်အား​ခိုင်း​စေခံရ
Donate to DVB

မြန်မာက​လေး​ငယ်တဦး​ကို အတင်း​အဓမ္မလုပ်အား​ခိုင်း​စေမှု၊​ နှိပ်စက် ညှဉ်း​ပန်း​မှု​တွေနဲ့​ ဘန်​ကောက်က မြန်မာအမျိုး​သမီး​ကြီး​တဦး​ကို ထိုင်း​လူကုန်ကူး​မှု တိုက်ဖျက်​ရေး​ရဲအဖွဲ့​က ဒီက​နေ့​မနက်မှာ ဖမ်း​ဆီး​လိုက်တယ်လို့​ မန်​နေဂျာအွန်လိုင်း​ ထိုင်း​သတင်း​ဌာနက ​ပြောပါတယ်။

[caption id="attachment_24424" align="alignleft" width="300" caption="photo-manager online"][/caption]

မောင်​အေး​ (အသက် ၇ နှစ်) က​လေး​ငယ်ဟာ ​ဖျော်​ဖြေ​ရေး​ဆိုင်​တွေမှာ ​နေ့​စဉ် ပန်း​တွေ လိုက်​ရောင်း​ခိုင်း​တာ ခံ​နေရပြီး​ ​ရောင်း​လို့​မရရင် ရိုက်နှက်တာ၊​ အစာအငတ်ထား​တာ​တွေ ခံ​နေရတယ်လို့​ ​မောင်​အေး​ရဲ့​ အုပ်ထိန်း​သူက ဘန်​ကောက်မှာရှိတဲ့​ ​ဝေါလ်ဗီရှင် (World Vision)နဲ့​ မဲလ်လာ (The Mirror) ​ဖောင်​ဒေး​ရှင်း​ ၂ ခု ကို တိုင်ကြား​ခဲ့​ပါတယ်။ ​ဖောင်​ဒေး​ရှင်း​ ၂ ခုက ဆက်လက် စုံစမ်း​ပြီး​ လူကုန်ကူး​မှု တိုက်ဖျက်​ရေး​အဖွဲ့​ကို တိုင်ကြား​ခဲ့​ပါတယ်။

အဲဒီ တိုင်ကြား​ချက်အရ မြန်မာအမျိုး​သမီး​ မစိုး​ (​ခေါ်) မစ်စ် စုမိုဟာမက် (အသက် ၄၇ နှစ်) ကို သူမတည်း​ခိုရာ ဘန်​ကောက်ခရိုင် ခ​လောင်း​တွန့်​မြို့​နယ် ဆွန်လုန်ရပ်ကွက် ဖထနား​ကန်လမ်း​က အိမ်ခန်း​တခုမှာ ဒီ​နေ့​မနက် ၁၀ နာရီက ဝင်​ရောက် ဖမ်း​ဆီး​ခဲ့​တာလို့​ နယ်​မြေခံ ရဲမှူး​ချုပ် ချဝလစ် ဆဝိုင်ဖိုတ် က ​ပြောပါတယ်။

သူ့​ကိုသွား​ဖမ်း​တဲ့​အချိန်မှာ သက်​သေခံ နှင်း​ဆီပန်း​တွေနဲ့​ ​မောင်​အေး​နဲ့​အတူ တခြား​ သက်တူရွယ်တူ က​လေး​ ၄၊​ ၅ ​ယောက်ကိုလည်း​ ​တွေ့​ခဲ့​တယ်လို့​ ဆိုပါတယ်။

မစိုး​က​တော့​ သူတို့​တွေဟာ ​ဆွေမျိုး​ချင်း​တွေမို့​ ခိုင်း​စား​တာဖြစ်တယ်လို့​ ဆိုပါတယ်။ ပန်း​ရောင်း​ခ တ​နေ့​ကို ဘတ်​ငွေ ၃၀၀ က​နေ ၅၀၀ ထိရပြီး​ က​လေး​တ​ယောက်ကို ဘတ် ၂၀ က​နေ ၃၀ ထိ​ပေး​ကြောင်း​၊​ က​လေး​မိဘ​တွေကိုလည်း​ တလ ဘတ်​ငွေ ၂၀၀၀ ပို့​ပေး​ရ​ကြောင်း​နဲ့​ က​လေး​တွေကို ရိုက်နှက်ညှဉ်း​ဆဲတာ မလုပ်ရပါဘူး​လို့​ ငြင်း​ဆို​ကြောင်း​ ရဲမှူး​က ​ပြောပါတယ်။

ဒါ​ပေမယ့်​လည်း​ က​လေး​တွေဟာ ပွဲစား​က​နေတဆင့်​ သူမဆီ​ရောက်လာပြီး​ အဓမ္မ လုပ်အား​ပေး​ ခိုင်း​စေခံ​နေရတဲ့​အတွက် သူမကို ​သွေး​ဆောင်ဖြား​ယောင်း​မှုနဲ့​ က​လေး​သူငယ်များ​ ကာကွယ်​ရေး​ဥပ​ဒေအရ ဆက်လက် အ​ရေး​ယူဖို့​ရှိတယ်လို့​ ရဲမှူး​က​ပြော​ကြောင်း​ မန်​နေဂျာအွန်လိုင်း​ ထိုင်း​သတင်း​ဌာနက ​ဖော်ပြသွား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013