DVB Logo
Home
မြန်မာသတင်း
အီး​ယူက မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​မှု တနှစ်ဆိုင်း​ငံ့
DVB
·
April 23, 2012
အီး​ယူက မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​မှု တနှစ်ဆိုင်း​ငံ့
Donate to DVB

မြန်မာနိုင်ငံအ​ပေါ် လက်နက်တင်ပို့​မှုကလွဲပြီး​ ဒဏ်ခတ်အ​ရေး​ယူမှု ပိတ်ပင်ထား​တာ​တွေကို ဥ​ရောပသမဂ္ဂ အီး​ယူက တနှစ် ဆိုင်း​ငံ့​လိုက်ပါတယ်။

ဥ​ရောပသမဂ္ဂ နိုင်ငံခြား​ရေး​ဝန်ကြီး​တွေ ဒီက​နေ့​ လူဇင်ဘတ်မြို့​မှာ ကျင်း​ပတဲ့​ ​ဆွေး​နွေး​ပွဲမှာ ဆုံး​ဖြတ်လိုက်တာလို့​ အီး​ယူ ဥ​ရောပသမဂ္ဂရုံး​ ​ပြောခွင့်​ရသူ Maja Kocijancic က ​ပြောပါတယ်။

“လက်ရှိ လုပ်​ဆောင်​နေတဲ့​ ပြုပြင်​ပြောင်း​လဲတာ​တွေကို ​ထောက်ခံတဲ့​အ​နေနဲ့​ နိုင်ငံခြား​ရေး​ဝန်ကြီး​တွေက ဒီက​နေ့​မှာ လက်နက်တင်ပို့​ရောင်း​ချတာကလွဲရင် ဒဏ်ခတ်ပိတ်ဆို့​တာ​တွေကို ဆိုင်း​ငံ့​ဖို့​ ဆုံး​ဖြတ်လိုက်ပါတယ်။”

တိုင်း​ရင်း​သား​ဒေသ​တွေမှာ အပစ်အခတ်​တွေရပ်စဲဖို့​၊​ ကျန်​နေ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို လွှတ်​ပေး​ဖို့​၊​ စီး​ပွား​ရေး​နဲ့​ နိုင်ငံ​ရေး​ ပြုပြင်​ပြောင်း​လဲမှု စတဲ့​ တိုး​တက်မှု​တွေကိုလည်း​ ​ခေါင်း​ဆောင်​တွေက ဆက်လက်မြင်​တွေ့​လိုတယ်လို့​ သူက ​ပြောပါတယ်။

မြန်မာနိုင်ငံရဲ့​ ပြုပြင်​ပြောင်း​လဲ​ရေး​တိုး​တက်မှုဖြစ်စဉ်ကို ကြည့်​ပြီး​ ပိတ်ဆို့​အ​ရေး​ယူတာကို လုပ်​ဆောင်သွား​မယ်လို့​ ဆိုပါတယ်။

အီး​ယူရဲ့​ ပိတ်ဆို့​တား​မြစ်မှုဟာ ကုမ္ပဏီ​ပေါင်း​ ၈၀၀ နဲ့​ လူပုဂ္ဂိုလ်​ပေါင်း​ ၅၀၀ ကို သက်​ရောက်မှုရှိပြီး​ အခု ဆိုင်း​ငံ့​မှု​ကြောင့်​ အထည်ချုပ်လုပ်ငန်း​အပါအဝင် စီး​ပွား​ရေး​လုပ်ငန်း​တွေ ​ဆောင်ရွက်ခွင့်​ရသွား​မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်း​နှီး​မြှုပ်နှံမှု​တွေကို လုပ်​ဆောင်ကြဖို့​ ဥ​ရောပနိုင်ငံက ကုမ္ပဏီ​တွေရဲ့​ ဒီက​နေ့​ ဆုံး​ဖြတ်ချက်​ကြောင့်​ ရင်း​နှီး​မြှုပ်နှံကြဖို့​လမ်း​ပွင့်​သွား​ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအ ​ပေါ်ကို လူသား​ချင်း​စာနာမှုဆိုင်ရာ အကူအညီ​တွေကို ဥ​ရောပ​ကော်မရှင်က တိုး​မြင့်​ပေး​ခဲ့​ပြီး​ ရန်ကုန်မှာ ဥ​ရောပသမဂ္ဂ ရုံး​ဖွင့်​ဖို့​လည်း​ လုပ်​ဆောင်​နေပါတယ်။

အီး​ယူရဲ့​ နိုင်ငံရပ်ခြား​မူဝါဒ​ရေး​ရာအကြီး​အကဲ ကက်သရင်း​ အက်စတွန်လည်း​ မြန်မာပြည်ကို ဒီလကုန်ပိုင်း​မှာ သွား​ဖို့​ ရှိ​နေတာပါ။

ဥ ​ရောပသမဂ္ဂဟာ မြန်မာအစိုး​ရ ထိပ်တန်း​အရာရှိ​တွေကို ခရီး​သွား​လာခွင့်​ ပိတ်ပင်ထား​တာ​တွေကို ပြီး​ခဲ့​တဲ့​လက စတင် ​လျှော့​ချ​ပေး​ခဲ့​ပါတယ်။

ပြီး​ ခဲ့​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က အနိုင်ရသွား​ပြီး​တဲ့​နောက် ​နော်​ဝေ၊​ ဩစ​တြေး​လျနဲ့​ အ​မေရိကန်နိုင်ငံ​တွေက ပိတ်ဆို့​ဒဏ်ခတ်အ​ရေး​ယူမှု တချို့​ ​လျှော့​ပေး​လိုက်ပါတယ်။

အီး​ယူအဖွဲ့​ဝင် နိုင်ငံ​တွေထဲက ယူ​ကေဝန်ကြီး​ချုပ် ​ဒေး​ဗစ်ကင်မရွန်း​ ရန်ကုန်မြို့​ကို မကြာ​သေး​ခင်က သွား​ရောက်ခဲ့​ပြီး​ မြန်မာနိုင်ငံအ​ပေါ် ဒဏ်ခတ်ပိတ်ဆို့​မှု​တွေကို ရုပ်သိမ်း​တာထက် ဆိုင်း​ငံ့​ရေး​က ပိုမိုသင့်​တော်တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ပူး​တွဲ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောခဲ့​ပါတယ်။

ဒီသ​ဘောထား​ဟာ ပြုပြင်​ပြောင်း​လဲ​ရေး​ကို ဆက်လက် လုပ်​ဆောင်မယ်ဆိုရင် ပိတ်ဆို့​မှု အလုံး​စုံရုပ်သိမ်း​ရေး​ဖြစ်လာမှာ ဖြစ်ပြီး​ မလုပ်​ဆောင်သူ​တွေကို ပိတ်ဆို့​ဒဏ်ခတ်မယ်ဆိုတာ သတိ​ပေး​တာဖြစ်တယ်လို့​ ဆိုပါတယ်။ ဒီအဆိုကို ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ​ထောက်ခံထား​ပါတယ်။

ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဝီလျံဟိသ်က “မြန်မာနိုင်ငံမှာ တိုး​တက်မှု အကြီး​ အကျယ် လုပ်နိုင်ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ မြန်မာပြည် တချို့​တိုင်း​ရင်း​သား​ ​ဒေသ​တွေမှာ ပဋိပက္ခ​တွေနဲ့​လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို ကျ​နော်တို့​အရမ်း​ကို စိုး​ရိမ်ပူပန်​နေပါတယ်။ အထူး​သဖြင့်​ ကချင်ပြည်နယ်မှာပါ။ နိုင်ငံ​ရေး​အကျဉ်း​သား​တွေရှိ​သေး​တယ်။ အတိုက်အခံ​တွေရဲ့​ လွှတ်​တော်တက်ဖို့​ကျမ်း​ကျိန်အငြင်း​ပွား​မှု ဒီက​နေ့​ရှိ​နေပါ​သေး​တယ်။ ဒါ​ကြောင့်​ ဒါ​တွေအား​လုံး​ဟာ ပိတ်ဆို့​ဒဏ်ခတ်မှုကို အလုံး​စုံ ရုပ်သိမ်း​ဖို့​မဟုတ်ဘဲ ဆိုင်ငံ့​ထား​သင့်​တယ်ဆိုတာ ပြသ​နေပါတယ်” လို့​ပြောကြား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013