DVB Logo
Home
မြန်မာသတင်း
ပီအန်အယ်လ်အိုနှင့်​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ် ​မေလလယ်တွင် ထပ်မံ ​တွေ့​ဆုံမည်
DVB
·
April 23, 2012
ပီအန်အယ်လ်အိုနှင့်​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ် ​မေလလယ်တွင် ထပ်မံ ​တွေ့​ဆုံမည်
Donate to DVB

ပအိုဝ်း​အမျိုး​သား​လွတ်​မြောက်​ရေး​အဖွဲ့​ချုပ် (ပီအန်အယ်လ်အို) က လာမယ့်​ ​မေလလယ်မှာ ပြည်​ထောင်စုရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်အဖွဲ့​နဲ့​ ထပ်မံ​တွေ့​ဆုံမယ်လို့​ အဖွဲရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ခွန်မြင့်​ထွန်း​က ​ပြောပါတယ်။

[caption id="attachment_24416" align="alignleft" width="300" caption="ခွန်မြင့်​ထွန်း​"][/caption]

မ​နေ့​က ဦး​အောင်မင်း​နဲ့​ တယ်လီဖုန်း​ ဆက်သွယ်​ပြောဆိုချိန် အခုလို ​နောက်ထပ် ​တွေ့​ဆုံဖို့​ သ​ဘောတူခဲ့​ကြတာလို့​ ​ပြောပါတယ်။

“​ဖေ​ဖော်ဝါရီလ ၅ ရက်​နေ့​တုန်း​က ဦး​အောင်မင်း​တို့​အဖွဲ့​နဲ့​ ကျ​နော်တို့​ ပီအန်အယ်လ်အို ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှု ​ကော်မတီနဲ့​ ​တွေ့​ဆုံခဲ့​တာရှိပါတယ်။ အဲဒီ​တွေ့​ဆုံပွဲမှာ ၂ ဦး​ ၂ ဖက် ​နောက်တကြိမ်​တွေ့​ဆုံကြဖို့​ကို သ​ဘောတူတယ်။ ဒါ​ပေမယ့်​ ဘယ်​နေ့​ဘယ်ရက်မှာ ထပ်​တွေ့​မယ်ဆိုတာ အဲဒီ​ဆွေး​နွေး​ပွဲမှာ မသတ်မှတ်ခဲ့​ရဘူး​။ ဒါ​ကြောင့်​မို့​ ဦး​အောင်မင်း​က ​နောက်တကြိမ်​တွေ့​ဖို့​ကို ​မေလလယ်​လောက်မှာ ​တွေ့​ဆုံဖို့​ပြောပါတယ်။”

ဝန်ကြီး​ ဦး​အောင်မင်း​နဲ့​ ပအိုဝ်း​အမျိုး​သား​လွတ်​မြောက်​ရေး​တပ်မ​တော်ဟာ ပြီး​ခဲ့​တဲ့​နှစ် ဒီဇင်ဘာလ ၂၇ ရက်​နေ့​က တကြိမ်၊​ အခုနှစ် ​ဖေ​ဖော်ဝါရီ ၅ ရက်​နေ့​က တကြိမ်။ နှစ်ကြိမ် ​တွေ့​ဆုံပြီး​ ဖြစ်ပါတယ်။
ဒီ​တွေ့​ဆုံမှု​တွေအတွင်း​ ပအိုဝ်း​လွတ်​မြောက်​ရေး​အဖွဲ့​ချုပ်ဘက်က တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​၊​ တပြည်လုံး​ အပစ်အခတ်ရပ်စဲ​ရေး​ ​ကြေညာပြီး​ ရက်​ပေါင်း​ ၆၀ အတွင်း​ တိုင်း​ရင်း​သား​အင်အား​စုနဲ့​ ပြည်​ထောင်စုအစိုး​ရ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မှုလုပ်ဖို့​၊​ အဲဒီက​နေ တဆင့်​ နိုင်ငံ​ရေး​အင်အား​စု​တွေ အား​လုံး​ပါဝင်တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု​တွေ လုပ်ဖို့​ အပါအဝင် အချက် ၁၁ ချက်ကို တင်ပြ ​တောင်း​ဆိုခဲ့​ပါတယ်။

လာမယ့်​မေလ ​တွေ့​ဆုံတဲ့​အခါမှာလည်း​ အပစ်အခတ်ရပ်စဲ​ရေး​ အဓိက ​ဆွေး​နွေး​မှာလို့​ ခွန်မြင့်​ထွန်း​က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013