မော်ဝါဒီသူပုန်များ နီပေါအစိုးရထံ လက်နက်များ အပြီးအပိုင် အပ်နှံ
DVB
·
April 23, 2012
နီပေါနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ၆ နှစ်ထဲ ရောက်လာချိန်မှာ ပြန်လည်ထူထောင်ရေးအတွက် မော်ဝါဒီ ကွန်မြူနစ်သူပုန်တွေ လက်နက် အပြီးအပိုင် ချတဲ့အဆင့်ကို ပြီးခဲ့တဲ့အပတ်က ရောက်ရှိခဲ့ပါတယ်။
အစိုးရက ယခင် မော်ဝါဒီဟောင်း တိုက်ခိုက်ရေးသမား အားလုံးကို လက်နက်အပ်နှံဖို့ အမိန့်ထုတ်ပြီးနောက်မှာ သူတို့ရဲ့ လက်နက်တွေကို နီပေါစစ်တပ်ထံ အပ်ခဲ့ကြတာပါ။ သူပုန်ဟောင်း ၄,၀၀၀ နီးပါးက နီပေါစစ်တပ်ထဲမှာ ၀င်ရောက်အမှုထမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး တချို့ကတော့ အရပ်သားဘ၀နဲ့ ဆက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီလို သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီမှု နီပေါမှာ ဖြစ်လာပေမယ့် မော်ဝါဒီကွန်မြူနစ် သူပုန် အုပ်စုတစုက လက်နက်အပ်နှံဖို့ ဆန့်ကျင်နေဆဲ ဖြစ်ပါတယ်။ ဒီအကြောင်း ခတ္တမန္ဒုမြို့မှ သတင်းထောက် ဆူနီလ် နျူပါနီ (Sunil Neupane) က သတင်းပေးပို့ထားတာပါ။
အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။