DVB Logo
Home
မြန်မာသတင်း
အသိမ်း​ခံရသည့်​ရာဘာခြံကို ဖျက်ဆီး​နေသဖြင့်​ တရား​ရုံး​တင်ရန်ပြင်ဆင်
DVB
·
April 23, 2012
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့​မှာ တပ်မ​တော်အစိုး​ရလက်ထက်တုန်း​က ဧက ၁၀၀ ​ကျော် သိမ်း​ခံရတဲ့​ ရာဘာခြံကို လတ်တ​လောမှာ ​မြေထိုး​စက်နဲ့​ ဝင်​ရောက် ဖျက်ဆီး​နေတဲ့​အတွက် ခြံပိုင်ရှင်က တရား​ရုံး​တင်ဖို့​ ပြင်​နေပါတယ်။

ဆယ်စုနှစ်တနှစ်​ကျော် လုပ်ကိုင်ခဲ့​ပြီး​တော့​ ၂၀၀၆ က စစ်တပ် အသိုင်း​အဝန်း​နဲ့​ နီး​စပ်တဲ့​သူ​တွေက ခြံ​မြေ​တွေကို သိမ်း​ပိုက်ခဲ့​ပါတယ်။ သိမ်း​ယူခဲ့​တုန်း​က တရား​ရုံး​မှာ ရာဘာခြံပိုင်ရှင်က တရား​ရင်ဆိုင်ခဲ့​ပြီး​ တရား​ရုံး​က ​မြေစာရင်း​နဲ့​ ဆက်လက်ရှင်း​လင်း​ဖို့​ ဆုံး​ဖြတ်​ပေး​ခဲ့​တာ ဖြစ်ပြီး​ ဆုံး​ဖြတ်ချက် မပြီး​ပြတ်ခင်မှာ ခုလို လုပ်​ဆောင်တာလို့​ ခြံပိုင်ရှင် ဦး​စောစိုး​သန်း​က ဆိုပါတယ်။

လတ်တ​လောမှာ ခြံ​တွေကို ​မြေထိုး​စက်နဲ့​ ဝင်ထိုး​ဖျက်ဆီး​နေတဲ့​အတွက် ထပ်မံ တရား​ရုံး​တင်ဖို့​ လုပ်​ဆောင်တာ ဖြစ်တယ်လို့​ ရာဘာခြံပိုင်ရှင်က ​ပြောပါတယ်။ မွန်ပြည်နယ် အာဏာပိုင်​တွေကိုလည်း​ ဒီကိစ္စ တင်ပြခဲ့​တယ်လို့​ သူက ​ပြောပါတယ်။

အရင်က တရား​ရုံး​မှာ တရား​ရင်ဆိုင်ရာမှာ သိမ်း​ယူတဲ့​သူ​တွေက အ​ထောက်အထား​ မပြနိုင်ဘူး​လို့​ ခြံရှင် ဦး​စောစိုး​သန်း​က ​ပြောပါတယ်။

ရာဘာခြံအသိမ်း​ခံရတာနဲ့​ ပတ်သက်ပြီး​တော့​ ဦး​စောစိုး​သန်း​က အခုလို​ပြောပါတယ်။

“ဗိုလ်ချုပ်ညွန့်​တင်က အဲဒီအချိန်က လယ်ဆည်ဝန်ကြီး​၊​ ဗိုလ်ချုပ်ညွန့်​တင်နဲ့​ ပတ်သက်တဲ့​ သူ့​ညီအကို ဗိုလ်ချုပ်ညွန့်​တင် ညီ၊​ ညီမ တ​ယောက်ပါတယ်။ အစ်မတ​ယောက် ​ပေါင်း​ ၃ ဦး​က​နေပြီး​တော့​ ကျိုက်ထို​မြေစာရင်း​ ဦး​စီး​မှူး​နဲ့​ညှိပြီး​တော့​ ၃၁၇ ဧက ထုတ်လိုက်တယ်။ ထုတ်တဲ့​အချိန်မှာ ကျ​နော့်​မြေ​တွေ ၁၁၄ ဧက ပါသွား​တယ်။”

မြေခွန်​တွေ​ပေး​ဆောင်ခဲ့​ပေမယ့်​ ​မြေစာရင်း​ရုံး​က ​သေချာမစိစစ်ဘဲ ပလပ်​မြေအဖြစ် လွယ်လွယ်ကူကူ သတ်မှတ်ပြီး​ ဗဟို​မြေလွတ်​မြေရိုင်း​ လုပ်ထုံး​အရ လုပ်​ဆောင်ခဲ့​တာဖြစ်လို့​ အသိမ်း​ခံရတာလို့​ ဦး​စောစိုး​သန်း​က ဆိုပါတယ်။

သိမ်း​ယူခံရပြီး​တဲ့​နောက် ရာဘာစိုက်ခင်း​တွေကို ပြုပြင်ထိန်း​သိမ်း​ရင် တရား​စွဲမယ်ဆိုတဲ့​အတွက် မပြုပြင်ဘဲထား​လို့​ စိုက်ခင်း​တွေလည်း​ ပျက်စီး​ဆုံး​ရှုံး​ခဲ့​တယ်လို့​ ​ပြောပါတယ်။

ဒီရာဘာခြံ​မြေသိမ်း​ယူတာနဲ့​ ပတ်သက်ပြီး​တော့​ ​ဆောင်ရွက်​ပေး​နေတဲ့​ ​ရှေ့​နေ ကိုဖိုး​ဖြူက​တော့​ အခုလို ​ပြောပါတယ်။

“ဒီလယ်ယာခြံ​မြေထဲမှာ အကျုံး​ဝင်တဲ့​ ရာဘာခြံ​တွေကို လုပ်ပိုင်ခွင့်​ တရား​ဝင် စိုက်ပျိုး​ထုတ်လုပ်သူ​တွေကို ​ပေး​ထား​ပြီး​သား​ဖြစ်တယ်။ အဲဒီလို ​ပေး​ထား​ပြီး​သား​ ရာဘာခြံ​တွေ၊​ အပင်​တွေကို လယ်သမား​တွေ ခြံစိုက်ပျိုး​သူ​တွေက လက်ငုတ်လုပ်ကိုင်​နေပါလျက်နဲ့​ တိုင်း​ပြည်ကို အကျိုး​ပြု​နေပါလျက်နဲ့​ ဗိုလ်ချုပ်မိသား​စုဝင်​တွေ ကြီး​ပွား​ချမ်း​သာ​ရေး​အတွက် သိမ်း​လိုက်တယ်။ သိမ်း​ပြီး​တော့​ ပုဂ္ဂလိက အကျိုး​စီး​ပွား​အတွက်ကို လွှဲ​ပြောင်း​ပေး​လိုက်တယ်။ သာမန်အရပ်သား​ ပြည်သူပြည်သား​တွေက​တော့​ သူတို့​ရဲ့​ လူမှုဘဝ​တွေက မ​ပြောင်း​လဲဘူး​။ အာဏာပိုင်​တွေရဲ့​ ဖိနှိပ်ချုပ်ချယ်မှု​တွေ၊​ ​ဒေသဆိုင်ရာ အာဏာပိုင်​တွေရဲ့​ မ​တော်မတရား​ မျက်နှာလိုက်မှု​တွေ ​ငွေ​ကြေး​တွေနဲ့​ ဖိအား​ပေး​ခံရမှု​တွေကို ​နေ့​စဉ်နဲ့​အမျှ ပြည်သူ​တွေကြုံ​တွေ့​နေရတုန်း​ပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013