DVB Logo
Home
မြန်မာသတင်း
မွန်အမျိုး​သား​ဒီမိုက​ရေစီပါတီက အမည်သစ်ဖြင့်​ မှတ်ပုံတင်မည်
DVB
·
April 23, 2012
မွန်အမျိုး​သား​ဒီမိုက​ရေစီပါတီက အမည်သစ်ဖြင့်​ မှတ်ပုံတင်မည်
Donate to DVB

၁၉၉၀ ​ရွေး​ကောက်ပွဲတုန်း​က အနိုင်ရထား​ပြီး​ ဖျက်သိမ်း​ခံခဲ့​ရတဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီပါတီဟာ အမည်သစ်တခုနဲ့​ မှတ်ပုံပြန်တင်​တော့​မယ်လို့​ ပါတီ​ခေါင်း​ဆောင်​တွေက ​ပြောပါတယ်။

မွန်အမျိုး​သား​ ဒီမိုက​ရေစီပါတီက​နေ မွန်ဒီမိုက​ရေစီပါတီလို့​ အမည်​ပြောင်း​လဲ မှတ်ပုံတင်မှာလို့​ ပါတီအ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါက်တာ မင်း​စိုး​လင်း​က ​ပြောပါတယ်။

[caption id="attachment_20383" align="alignleft" width="300" caption="ဒေါက်တာ မင်း​စိုး​လင်း"][/caption]

ဒီလို အမည်​ပြောင်း​ရတာဟာ မွန်ရဟန်း​ရှင်လူပြည်သူ​တွေက လိုလား​နေကြတဲ့​ မွန်နိုင်ငံ​ရေး​ပါတီ ၂ ပါတီ ပူး​ပေါင်း​ရေး​ အတွက် ကြား​ခံနာမည်တခုရှိဖို့​ ရည်ရွယ်တာလည်း​ ဖြစ်တယ်။

နိုင်ငံ​ရေး​လုပ်ပိုင်ခွင့်​တွေ ရရှိဖို့​ ဒီရက်ပိုင်း​အတွင်း​ ​နေပြည်​တော်မှာ သွား​ပြီး​ မှတ်ပုံတင်မယ်လို့​ ​ဒေါက်တာ မင်း​စိုး​လင်း​က ​ပြောပါတယ်။

“သံဃာ​တော်​တွေက ညွှန်ကြား​ချက်ရှိတယ်​လေ။ ပါတီ ၂ ခု ​ပေါင်း​ဖြစ်​အောင် ကြား​ နာမည်ယူပါဆို​တော့​ ကြား​နာမည် တခုယူတယ်​လေ။ လိုက်​လျော​ပေး​လိုက်တာပါ။ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ကို ဘယ်ဖျက်ချင်ပါ့​မလဲ။ နှစ်​ပေါင်း​ ၂၀ ​ကျော် အဲ့​နာမည်နဲ့​ လှုပ်ရှား​ခဲ့​တာ။ မွန်အမျိုး​သား​အဖွဲ့​က​နေ မွန်ဒီမိုက​ရေစီပါတီအ​နေနဲ့​ ပြန်မှတ်ပုံတင်မှာ​ပေါ့​နော်။”

၁၉၉၀ ​ရွေး​ကောက်ပွဲဝင် မွန်အမျိုး​သား​ ဒီမိုက​ရေစီပါတီနဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင် မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီတို့​ဟာ တပါတီတည်း​အဖြစ် ​ပေါင်း​စည်း​ဖို့​အတွက် မနှစ် နိုဝင်ဘာလကစပြီး​ မကြာခဏ ​ဆွေး​နွေး​လာခဲ့​ကြပြီး​နောက် ဧပြီ ၂၂ ရက် မွန်း​လွဲပိုင်း​မှာ ဆုံး​ဖြတ်ချက် ၄ ခု ချမှတ်ခဲ့​တယ်လို့​လည်း​ ဆိုပါတယ်။

“ဆုံး​ဖြတ်ချက် နံပါတ် (၁) မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​နဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီတို့​ဟာ ​ပေါင်း​စည်း​ရမယ်။ နံပတ် (၂) ​ပေါင်း​စည်း​ရမယ့်​ အချိန်က ၂၀၁၄ ဒီဇင်ဘာ ​နောက်ဆုံး​ထား​ ​ပေါင်း​စည်း​ရမယ်။ နံပတ် (၃) မ​ပေါင်း​စည်း​ခင်မှာ ပါတီ ၂ ခုဟာ တလတကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​သွား​ရမယ်။ (၄) ​ပေါင်း​စည်း​တဲ့​အချိန်မှာ နာမည်သစ်တခုနဲ့​ ပြန်လည်ဖွဲ့​စည်း​ရမယ်။”

မော်လမြိုင်မြို့​ သာသနာ ၂၅၀၀ မွန်​ကျောင်း​တိုက်မှာ ​တွေ့​ဆုံခဲ့​တဲ့​ ​ဆွေး​နွေး​ပွဲမှာ မွန် ၂ ပါတီက ကိုယ်စား​လှယ်​တွေအပြင် မွန်ပြည်သစ်ပါတီ ဗဟို​ကော်မတီဝင်​တွေ​ရော မွန်ရဟန်း​သံဃာ​တော်နဲ့​ ပြည်သူ​တွေ စုစု​ပေါင်း​ ၂၀၀ ​ကျော် တက်​ရောက်ခဲ့​တယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013