DVB Logo
Home
မြန်မာသတင်း
လွတ်လပ်သည့်​ အထက်မြန်မာနိုင်ငံ စာ​ရေး​ဆရာအသင်း​ဖွဲ့​မည်
DVB
·
April 23, 2012
လွတ်လပ်သည့်​ အထက်မြန်မာနိုင်ငံ စာ​ရေး​ဆရာအသင်း​ဖွဲ့​မည်
Donate to DVB

အထက်မြန်မာနိုင်ငံ စာ​ရေး​ဆရာအသင်း​ ဖြစ်​မြောက်​ရေး​ ​ကော်မတီတရပ် ဖွဲ့​စည်း​လိုက်ပြီး​ သီး​ခြား​လွတ်လပ်တဲ့​ အသင်း​အဖြစ် ဖွဲ့​စည်း​ရပ်တည်သွား​မယ်လို့​ သိရပါတယ်။

လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​များ​စွာကတည်း​က ရှိခဲ့​တဲ့​ အထက်ဗမာပြည် စာ​ရေး​ဆရာအသင်း​ကို ပြန်လည်​ဖော်ထုတ်လိုတာ​ကြောင့်​ အသင်း​ဖွဲ့​ဖို့​ လုပ်တာပါလို့​ အသင်း​ဖြစ်​မြောက်​ရေး​ ​ကော်မတီအတွင်း​ရေး​မှူး​ စာ​ရေး​ဆရာ ဆူး​ငှက်က ​ပြောပါတယ်။

[caption id="attachment_24382" align="alignright" width="300" caption="စာ​ရေးဆရာ ဆူးငှက်"][/caption]

“လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၆၀ ​ကျော်၊​ ၇၀ ဝန်း​ကျင်ထဲက ရှိခဲ့​ပြီး​တော့​ တ​လျှောက်လုံး​ ကန်ပိန်း​လှုပ်ရှား​မှုမှာ တစိုက်မတ်မတ် လုပ်ခဲ့​တဲ့​ အသင်း​ကြီး​လည်း​ဖြစ်တယ်။ ကျ​နော်တို့​တွေကလည်း​ အထက်မြန်မာပြည် စာ​ရေး​ဆရာအသင်း​ရဲ့​ ဓမ္မသာလ စာ​ပေဆိုတာ စာတမ်း​ဖတ်ပွဲ​တွေ စာအုပ်စာတမ်း​တွေ ဒီကစာ​ရေး​ဆရာကြီး​တွေရဲ့​ ဩဇာနဲ့​ အရိပ်​အောက်က​နေမှ စာ​ရေး​ဆရာဖြစ်ကြတဲ့​ သူ​တွေဖြစ်​တော့​ ဒီအသင်း​က ပြန်လည်​ပေါ်ထွန်း​သင့်​တယ်လို့​ ယူဆတဲ့​အတွက် ဒါကိုပြန်လည် ​ဖော်ထုတ်တာပါ။”

 

အသင်း​ဖြစ်​မြောက်​ရေး​ကော်မတီ ဥက္ကဋ္ဌအဖြစ် စာ​ရေး​ဆရာညီပု​လေး​၊​ အဖွဲ့​ဝင်​တွေအဖြစ် ညီ​စေမင်း​၊​ သိုက်ထွန်း​သက်၊​ ညိုထွန်း​လူ၊​ ကိုရိုး​ကွန့်​နဲ့​ အတွင်း​ရေး​မှူး​အဖြစ် ဆူး​ငှက်တို့​ ပါဝင်ဖွဲ့​စည်း​ထား​ပြီး​ ​ကော်မတီအဖွဲ့​ကို မန္တ​လေး​မြို့​ ဗိုလ်ချုပ်​အောင်ဆန်း​ လမ်း​ပေါ်ရှိ လူထုကြီး​ပွား​ရေး​ စာအုပ်တိုက်မှာ ဆက်သွယ်နိုင်ပါတယ်။

တခြား​ စာ​ပေအဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​လုပ်​ဆောင်သွား​ဖို့​လည်း​ ရှိတယ်လို့​ စာ​ရေး​ ဆရာဆူး​ငှက်က ​ပြောပြပါတယ်။

“သီး​ခြား​လွတ်လပ်တဲ့​ အဖွဲ့​အစည်း​လည်း​ဖြစ်တယ်။ တခြား​အဖွဲ့​အစည်း​တွေ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံ စာ​ပေနဲ့​ စာနယ်ဇင်း​က​နေ ကူး​ပြောင်း​ဖွဲ့​စည်း​တဲ့​ စာ​ရေး​ဆရာ အသင်း​တွေရှိမယ်။ သတင်း​စာဆရာ အသင်း​တွေရှိမယ်။ ပုံနှိပ်ထုတ်​ဝေသူများ​ အသင်း​တွေရှိမယ်။ ဒါ​တွေနဲ့​လည်း​ ပူး​ပေါင်း​ဆောင်ရွက်ပြီး​တော့​ လုပ်လို့​ရတဲ့​ အ​နေအထား​တွေရှိရင် ကျ​နော်တို့​ မူဝါဒနဲ့​ ကိုက်ညီတဲ့​လုပ်ငန်း​တွေရှိလည်း​ ပူး​ပေါင်း​ဆောင်ရွက်သွား​မှာပါ။”

ပြီး​ခဲ့​တဲ့​လထဲမှာ အရင်အစိုး​ရလက်ထက်ကတည်း​က ဖွဲ့​စည်း​တည်ရှိခဲ့​တဲ့​ မြန်မာနိုင်ငံစာ​ပေနဲ့​ စာနယ်ဇင်း​အဖွဲ့​ကို ဖျက်သိမ်း​ပြီး​ မြန်မာနိုင်ငံ စာ​ရေး​ဆရာအသင်း​၊​ မြန်မာနိုင်ငံ သတင်း​စာဆရာအသင်း​နဲ့​ မြန်မာနိုင်ငံ ပုံနှိပ်ထုတ် ​ဝေ ဖြန့်​ချိသူများ​အသင်း​ စတဲ့​ အသင်း​ ၃ သင်း​ကို ၃ လအတွင်း​ ဖွဲ့​စည်း​ဖို့​ ​ဆောင်ရွက်​နေတာ ဖြစ်ပါတယ်။

အခု အထက်မြန်မာနိုင်ငံ စာ​ရေး​ဆရာအသင်း​ ဆိုတာက​တော့​ အဲ့​ဒီအသင်း​တွေနဲ့​ သက်ဆိုင်ခြင်း​မရှိပါဘူး​။

အထက်မြန်မာနိုင်ငံ စာ​ရေး​ဆရာအသင်း​ကို မကြာခင်အချိန်အတွင်း​ ဖွဲ့​စည်း​နိုင်​အောင် ​ဆောင်ရွက်သွား​မှာ ဖြစ်​ကြောင်း​ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013