A d v e r t i s e m e n t With Us

တပ်မ​တော်သား​ လွှတ်​တော်အမတ်များ​ကို အဆင့်​မြင့်​ စစ်အရာရှိများ​ဖြင့်​ အစား​ထိုး

ပြည်သူ့​လွှတ်​တော်နဲ့​ အမျိုး​သား​လွှတ်​တော်အတွက် တပ်မ​တော်သား​ လွှတ်​တော်အမတ်​တွေကို ပိုပြီး​အဆင့်​မြင့်​တဲ့​ စစ်အရာရှိ​တွေနဲ့​ အစား​ထိုး​လိုက်​ကြောင်း​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်က ဧပြီ ၂၂ ရက် ​နေ့​စွဲနဲ့​ ​ကြေညာလိုက်ပါတယ်။ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်ဟာ ပြည်သူ့​လွှတ်​တော် အမတ်အဖြစ် ခန့်​အပ်ထား​တဲ့​ ဗိုလ်မှူး​ အဆင့်​ ၃၉ ​ယောက်​နေရာမှာ ပိုပြီး​ ရာထူး​မြင့်​တဲ့​ ဗိုလ်မှူး​ချုပ် ၄ ဦး​၊​ ဗိုလ်မှူး​ကြီး​ ၉ ဦး​နဲ့​ ဒုဗိုလ်မှူး​ကြီး​အဆင့်​ ၂၆ ဦး​ အစား​ထိုး​ ခန့်​အပ်ခဲ့​တာပါ။ အမျိုး​သား​လွှတ်​တော်မှာ​တော့​ အမတ်အဖြစ် ခန့်​အပ်ထား​တဲ့​ ဗိုလ်မှူး​အ​ယောက် ၂၀ ​နေရာမှာ ဗိုလ်မှူး​ချုပ်အဆင့်​ ၄ ဦး​၊​ ဗိုလ်မှူး​ကြီး​အဆင့်​ ၅ ဦး​နဲ့​ ဒု-ဗိုလ်မှူး​ကြီး​အဆင့်​ ၁၁ ဦး​ အစား​ထိုး​ ခန့်​အပ်ခဲ့​ပါတယ်။ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ်ဟာ ယခင်ကလည်း​ တပ်မ​တော်သား​ အမတ်တချို့​ကို အ​ပြောင်း​အ​ရွှေ့​ လုပ်ခဲ့​ဖူး​ပေမယ့်​ ခုတကြိမ်က​တော့​ အ​ရေအတွက် အများ​ဆုံး​ ဖြစ်ပါတယ်။ ဒါဟာ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ အန်အယ်လ်ဒီ အဖွဲ့​ဝင် အမတ်တချို့​ လွှတ်​တော်ထဲ ​ရောက်လာမယ့်​ အ​ခြေအ​နေ၊​ ​ဒေါ်​အောင်ဆန်း​စုကြည် ကလည်း​ လွှတ်​တော်ထဲမှာ ​ရွေး​ကောက်ခံမဟုတ်တဲ့​ တပ်မ​တော်သား​တွေ ​ရောက်​နေတဲ့​ကိစ္စ ဖွဲ့​စည်း​ပုံ ပြင်နိုင်​အောင် ကြိုး​စား​မယ်လို့​ ​ပြောထား​တဲ့​အချိန်နဲ့​ တိုက်ဆိုင်​နေပါတယ်။ လက်ရှိ ပြည်သူ့​လွှတ်​တော်မှာ အန်အယ်လ်ဒီ အမတ်​တွေ အပါအဝင် ​ရွေး​ကောက်ခံ အမတ် ၃၂၂ ​ယောက်နဲ့​ တပ်မ​တော်သား​ အမတ် ၁၁၀ ပါဝင်ပြီး​ အမျိုး​သား​လွှတ်​တော်မှာ ​ရွေး​ကောက်ခံ ကိုယ်စား​လှယ် ၁၆၈ ​ယောက်နဲ့​ တပ်မ​တော်သား​ကိုယ်စား​လှယ် ၅၆ ​ယောက် ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up