ကျနော်တို့အားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာရမှာပဲ (ဦးဌေးဦး)
နေသွင်
·
April 23, 2012
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၄၀ ကျော်ဟာ ဒီနေ့ ပြန်စတဲ့ လွှတ်တော်အစည်းအဝေးတွေကို မတက်ရောက်နိုင်သေးပါဘူး။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့စကားရပ်ကို မပြင်ဆင်မချင်း လွှတ်တော်ကို တက်မှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ်က ဆိုပါတယ်။
ဒီလို ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စဟာ လွှတ်တော်ရဲ့ အဆုံးအဖြတ်အပေါ်မှာ မူတည်နေတာကြောင့် လွှတ်တော်မှာ အဓိက အဆုံးအဖြတ်ပေးမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။