DVB Logo
Home
မြန်မာသတင်း
ကျမ်း​ကျိန်လွှာပြင်ဆင်​ရေး​ ကြံ့​ခိုင်​ရေး​နှင့်​ တပ်မ​တော်သား​အမတ်များ​ မပါဝင်ဘဲ မဖြစ်နိုင်
DVB
·
April 23, 2012
ကျမ်း​ကျိန်လွှာပြင်ဆင်​ရေး​ ကြံ့​ခိုင်​ရေး​နှင့်​ တပ်မ​တော်သား​အမတ်များ​ မပါဝင်ဘဲ မဖြစ်နိုင်
Donate to DVB

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လွှတ်​တော် ကိုယ်စား​လှယ်​တွေ လွှတ်​တော်တက်​ရောက်​ရေး​မှာ အဟန့်​အတား​ ဖြစ်​နေတဲ့​ ကျမ်း​ကျိန်လွှာ ပြင်ဆင်​ရေး​ကိစ္စဟာ ဖွဲ့​စည်း​ပုံ ပြင်ဆင်​ရေး​ကိစ္စဖြစ်ပြီး​ ပြည်​ထောင်စု လွှတ်​တော်အ​ပေါ်မှာပဲ မူတည်တယ်လို့​ လွှတ်​တော်အမတ် ​ရှေ့​နေ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

ဒါ​ကြောင့်​ လွှတ်​တော်ထဲမှာ အများ​စု​နေရာယူထား​တဲ့​ ပြည်​ထောင်စု ကြံ့​ခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီက အမတ်​တွေ၊​ တပ်မ​တော်သား​ ကိုယ်စား​လှယ်​တွေ အ​ပေါ်မှာ မူတည်​နေတယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှာ နှစ်​ပေါင်း​များ​စွာ ဥပ​ဒေအကြံ​ပေး​အဖြစ် တာဝန်ယူခဲ့​ပြီး​ အခုလက်ရှိ ဒီမိုက​ရေစီပါတီသစ်ရဲ့​ ဥက္ကဋ္ဌ ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

“ကတိသစ္စာကလည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ ပုဒ်မ ၁၂၅ ကို ရည်ညွှန်း​ထား​တယ်။ အဲဒီ ရည်ညွှန်း​ချက်အရ ပုဒ်မ ၁၂၅နဲ့​အညီ ​ဖော်ပြထား​တဲ့​ ဇယား​လေး​ကို ကျမ်း​ကျိန်ရမှာဖြစ်တဲ့​အတွက် ဒီဇယား​ကို ပြင်မှသာလျှင် ​တောင်း​ဆိုထား​တဲ့​ ​လေး​စား​လိုက်နာပါမည်ဆိုတဲ့​ အချက်ကို ဖြစ်မှာ​ပေါ့​။ ဇယား​ကို ပြင်ဆင်ဖို့​ဆိုရင် ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ၁၂၅ကို ပြင်ဆင်ဖို့​လိုတယ်။ ၁၂၅ နဲ့​ ဆက်နွှယ်ပြီး​ ကတိသစ္စာပြုချက်​တွေကို ပြင်ဆင်ဖို့​လိုတယ်။

“အဲ့​လို ပြင်ဆင်ဖို့​ဆိုရင် ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ အခန်း​ ၁၂ မှာ ​ဖော်ပြထား​တဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်ခြင်း​ဆိုတဲ့​ ပြဋ္ဌာန်း​ချက်အရပဲ ပြင်ဆင်ရမှာ ဖြစ်တယ်။ ပြဋ္ဌာန်း​ချက်အရ ပြင်ဆင်ဖို့​ဆိုရင် ပြည်​ထောင်စု လွှတ်​တော်ကိုယ်စား​လှယ် ၂၀ ရာခိုင်နှုန်း​ရဲ့​ ပြင်ဆင်ချက် ဥပ​ဒေမူကြမ်း​ တင်သွင်း​ရမှာဖြစ်တယ်။ ၂၀ ရာခိုင်နှုန်း​ရဖို့​ဆိုရင် အခုအ​ခြေအ​နေမှာက ကြံ့​ခိုင်​ရေး​ပါတီနဲ့​ တပ်မ​တော်သား​ကိုယ်စား​လှယ်​တွေ မပါဝင်ရင် ဘယ်နည်း​နဲ့​မှ ပြင်ဆင်ချက် တင်သွင်း​နိုင်ဖို့​ မလွယ်ပါဘူး​။ ဒီကိစ္စကို ကိုင်တွယ်တဲ့​ ​နေရာမှာ စ လယ်ဆုံး​ အ​ခြေခံဥပ​ဒေ​ရော၊​ လွှတ်​တော်ဥပ​ဒေ​တွေ၊​ နည်း​ဥပ​ဒေ​တွေ​ရော နိုင်ငံ​ရေး​ပါတီ ဥပ​ဒေ​တွေ​ရောကို တဆက်တည်း​ ကျွမ်း​ကျွမ်း​ကျင်ကျင် ​လေ့​လာထား​မယ်ဆိုရင် အခု ​ရွေး​ကောက်ပွဲပြီး​တဲ့​အခါမှာ ပြည်သူလူထုက လွှတ်​တော်ထဲ ​ရောက်ပြီး​ လွှတ်​တော်အခင်း​အကျင်း​နဲ့​ ​ဆောင်ရွက်​စေချင်​နေတဲ့​ ပြည်သူ့​ဆန္ဒကို အ​ကောင်အထည်​ဖော်နိုင်မှာ​ပေါ့​။ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေဟာ မိခင်ဥပ​ဒေ (Mother of Law)။ နိုင်ငံ​ရေး​ပါတီ ဥပ​ဒေဆိုတာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေရဲ့​ လက်​အောက်ခံ ဖြစ်တယ်။”

ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ ​နောက်ဆက်တွဲ ဇယား​ (၄) မှာ ​ဖော်ပြထား​တဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ကာကွယ်​စောင့်​ရှောက်ပါမယ်ဆိုတဲ့​ စကား​ရပ်အစား​ ​လေး​စား​လိုက်နာပါမယ်လို့​ ပြင်ဆင်တာမျိုး​ကို အန်အယ်လ်ဒီက ​တောင်း​ဆို​နေတာပါ။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ကြား​ဖြတ်​ရွေး​ကောက်ပွဲမတိုင်ခင် ပါတီများ​ မှတ်ပုံတင်ခြင်း​ ဥပ​ဒေမှာ အလား​တူ ​တောင်း​ဆိုခဲ့​တာကို သက်ဆိုင်ရာက ပြင်ဆင်​ပေး​တဲ့​နောက် ​ရွေး​ကောက်ပွဲဝင်ခဲ့​တာဖြစ်ပါတယ်။

တနင်္လာ​နေ့​ လွှတ်​တော်မတက်​ရောက်နိုင်တာဟာ သပိတ်​မှောက်တာမျိုး​ မဟုတ်တဲ့​အ​ကြောင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဥပ​ဒေအကြံ​ပေး​ ​ရှေ့​နေ ဦး​ဥာဏ်ဝင်း​က ရှင်း​ပြပါတယ်။

“ကျ​နော်တို့​ဟာ ​ရွေး​ကောက်ပွဲဝင်တယ်ဆိုတာ လွှတ်​တော်တက်ဖို့​ဝင်တာ။ အခု မတက်နိုင်​သေး​တဲ့​အ​ခြေအ​နေဟာ ကျ​နော်တို့​ စိတ်ဆန္ဒမဟုတ်ပါဘူး​။ ဒါဟာ ကျ​နော်တို့​ရဲ့​ သတ်မှတ်ချက်စည်း​ကမ်း​ကို ကျ​နော်တို့​ လိုက်နာ​နေတာပါ။ တချိန်မှာ​တော့​ ဒါဟာ ​ပြေလည်သွား​မယ့်​ ကိစ္စလို့​ ကျ​နော်တို့​ထင်တယ်။”

အကျပ်အတည်း​ဖြစ်​နေတဲ့​ ဇယား​ (၄) ကျမ်း​ကျိန်လွှာဟာ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေပါ ပြဋ္ဌာန်း​ချက်​တွေနဲ့​ မညီညွတ်ဘူး​လို့​ ယူဆပါတယ်။

ဥပ​ဒေလုပ်ထုံး​လုပ်နည်း​အရ ဥပ​ဒေတရပ်မှာ ပြင်ဆင်ထား​တဲ့​ စကား​ရပ်​တွေဟာ တခြား​ ဆက်စပ်​နေတဲ့​ ဥပ​ဒေမှာလည်း​ ပြင်ဆင်ဖို့​ လိုအပ်တဲ့​ အ​ကြောင်း​ ​ရှေ့​နေ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

အန်အယ်လ်ဒီရဲ့​ ဥပ​ဒေပြင်ဆင်​ရေး​ဆိုင်ရာ အကြံပြုချက်ကို သမ္မတနဲ့​ လွှတ်​တော်အကြီး​အကဲ​တွေ၊​ ဖွဲ့​စည်း​ပုံဆိုင်ရာ ခုံရုံး​တို့​ကို စ​နေ​နေ့​မှာပဲ ဖက်စ်နဲ့​ အ​ကြောင်း​ကြား​လိုက်ပြီလို့​ ဦး​ဥာဏ်ဝင်း​က ဆိုပါတယ်။

သမ္မတနဲ့​ လွှတ်​တော်အကြီး​အကဲ​တွေဆီကို အန်အယ်လ်ဒီက စာပို့​ထား​တဲ့​အ​ပေါ်မှာ လက်ရှိ လွှတ်​တော်တက်​နေတဲ့​ ဒီမိုက​ရေစီပါတီသစ်ရဲ့​ဥက္ကဋ္ဌ ​ရှေ့​နေ ဦး​သိန်း​ညွန့်​က အခုလို သုံး​သပ်ပါတယ်။

“သမ္မတက ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီမှာ ဥက္ကဋ္ဌတာဝန် ထမ်း​ခဲ့​တာပဲ။ ဒီက​နေ့​ ဥက္ကဋ္ဌတာဝန်မယူ​တော့​ပေမယ့်​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက သူ့​ရဲ့​ မိခင်ပါတီပဲ​လေ။ လွှတ်​တော်ဥက္ကဋ္ဌများ​ကလည်း​ အဲ့​ဒီ ပါတီရဲ့​ ​ခေါင်း​ဆောင်​တွေပဲ​လေ။ သူတို့​ပါတီက​နေ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်ဖို့​ လိုတယ်လို့​ တင်ပြလာရင်​တော့​ ပြင်ဆင်ချက် ဥပ​ဒေမူကြမ်း​ကို ပြည်​ထောင်စုလွှတ်​တော်က လက်ခံ​ဆွေး​နွေး​ပြီး​တော့​ ၇၅ ရာခိုင်နှုန်း​က သ​ဘောတူရင်​တော့​ ပြင်ဆင်ချက် အတည်ဖြစ်ပြီ​ပေါ့​။ ဒါက အခန်း​ ၁၂ မှာ ​ဖော်ပြထား​တာပဲ။”

လွှတ်​တော်မှာ အများ​စု​နေရာယူထား​တဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီရဲ့​ အမတ်တဦး​ဖြစ်တဲ့​ ဦး​ခင်​ရွှေက​တော့​ ဖွဲ့​စည်း​ပုံပြင်ဆင်​ရေး​နဲ့​ ပတ်သက်လို့​ သူ့​အမြင်ကို ​ပြောပြပါတယ်။

“အခု အန်အယ်လ်ဒီပါတီအ​နေနဲ့​ တက်​ရောက်မှာက ၄၃ ဦး​ပေါ့​။ လက်ရှိ ဟိုမှာရှိ​နေတဲ့​ လွှတ်​တော်ကိုယ်စား​လှယ် ၈၀၀ ​ကျော်နဲ့​ နှိုင်း​ဆမယ်ဆိုရင် ၅ ရာခိုင်း​နှုန်း​ပဲ ရှိပါတယ်။ အဲ​တော့​ ဟိုမှာရှိ​နေတဲ့​ အဖွဲ့​တွေအကုန်လုံး​က ဖွဲ့​စည်း​ပုံအ​ခြေခံဥ​ဒေနဲ့​ပတ်သက်ရင် ​စောင့်​ရှောက်ကာကွယ်မယ်ဆိုပြီး​တော့​ ကတိခံပြီး​သား​ဖြစ်တယ်။ ဒါ​ပေမယ့်​ တချို့​တ​လေ​တွေက လိုအပ်ချက်​တွေကို ပြင်လို့​လည်း​ အန်အယ်လ်ဒီပါတီက ဝင်​ရောက်နိုင်ခဲ့​ပြီး​ဖြစ်တယ်။ ဒါ​ကြောင့်​ အန်အယ်လ်ဒီအ​နေနဲ့​ ​ပြောရရင် သိပ်​တော့​မထူး​ပါဘူး​။ ​နောက်တခုက တဦး​တ​ယောက်တည်း​ကလည်း​ ဒီကိစ္စကို ဆုံး​ဖြတ်လို့​မရဘူး​။ လွှတ်​တော်တင်ရမယ်၊​ လွှတ်​တော်က​နေပြီး​တော့​ ၇၅ ရာခိုင်နှုန်း​ သ​ဘောတူမယ်ဆိုရင်​တော့​ အကုန်လုံး​ ​ပြောင်း​လဲလို့​ ရပါတယ်။ ဒါကို​တော့​ လွှတ်​တော်ကိုယ်စား​လှယ်များ​ ဆုံး​ဖြတ်ရမယ့်​ ကိစ္စဖြစ်ပါတယ်။”

ဧပြီလ ၁ ရက်​နေ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က လွှတ်​တော်အမတ် ၄၀ ​ကျော် ဒီ​နေ့​ကျင်း​ပတဲ့​ ​နေပြည်​တော်က လွှတ်​တော်အစည်း​အ​ဝေး​ မတက်​ရောက်နိုင်ဘူး​လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013