DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင် ရင်း​နှီး​မြှုပ်နှံကြရန် သမ္မတဦး​သိန်း​စိန်ဖိတ်​ခေါ်
DVB
·
April 20, 2012
မြန်မာပြည်တွင် ရင်း​နှီး​မြှုပ်နှံကြရန် သမ္မတဦး​သိန်း​စိန်ဖိတ်​ခေါ်
Donate to DVB

ဂျပန်စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေကို မြန်မာနိုင်ငံမှာ လာ​ရောက် ရင်း​နှီး​မြှုပ်နှံကြဖို့​ ဂျပန်နိုင်ငံ ​ရောက်​နေတဲ့​ သမ္မတ ဦး​သိန်း​စိန်က ဖိတ်​ခေါ်လိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့​မှာ ဒီ​နေ့​ စတင်ကျင်း​ပတဲ့​ ဂျပန်နဲ့​ မဲ​ခေါင်​ဒေသတွင်း​ နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​ ရင်း​နှီး​မြှုပ်နှံမှုဆိုင်ရာ ၄ ကြိမ်​မြောက် ထိပ်သီး​ အစည်း​အ​ဝေး​မှာ သမ္မတဦး​ သိန်း​စိန်က ​ပြောလိုက်တာပါ။

[caption id="attachment_24356" align="alignright" width="300" caption="သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဘုရင် အကီဟီတို တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

သမ္မတ ဦး​သိန်း​စိန်က “ယခုအခါ မြန်မာနိုင်ငံမှာ နိုင်ငံ​ရေး​ စနစ်​ပြောင်း​လဲလာပြီး​ စီး​ပွား​ရေး​နဲ့​ ပတ်သက်ပြီး​တော့​လည်း​ ပွင့်​လင်း​မြင်သာမှု​တွေ ရှိလာပါပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အထူး​စီး​ပွား​ရေး​ဇုန်​တွေ တည်​ဆောက် အ​ကောင်အထည်​ဖော်လျက် ရှိ​နေပါတယ်။ ဂျပန်နိုင်ငံက စီး​ပွား​ရေး​လုပ်ငန်း​များ​ အ​နေနဲ့​ ရင်း​နှီး​မြှုပ်နှံမှုများ​ လာ​ရောက်လုပ်ကိုင်ဖို့​ ကြိုဆိုဖိတ်​ခေါ်အပ်ပါတယ်” လို့​ အစည်း​အ​ဝေး​မှာ ​ပြောကြား​ခဲ့​ပါတယ်။

အစည်း​အ​ဝေး​ပွဲကို ထိုင်း​၊​ က​မ္ဘောဒီး​ယား​၊​ လာအိုနဲ့​ ဗီယက်နမ်က ​ခေါင်း​ဆောင်​တွေလည်း​ တက်​ရောက်ပြီး​ ထိုင်း​ဝန်ကြီး​ချုပ် ယင့်​လပ်ရှင်နာဝပ်ကလည်း​ “ဂျပန်နိုင်ငံဟာ မဲ​ခေါင်​ဒေသဖွံ့​ဖြိုး​ရေး​အတွက် အဓိကကျတဲ့​ အခန်း​ကဏ္ဍမှာရှိပြီး​ မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​ အ​ခြေအ​နေ တိုး​တက်လာမှုနဲ့​ ၂၀၁၅ မှာ အာဆီယံ အသိုင်း​အဝိုင်း​ ဖွံ့​ဖြိုး​လာမှု​တွေဟာ ဂျပန် ပုဂ္ဂလိကလုပ်ငန်း​တွေအ​နေနဲ့​ မဲ​ခေါင်​ဒေသတွင်း​မှာ ရင်း​နှီး​မြှုပ်နှံဖို့​ အချိန်​ရောက်ပြီ ဆိုတာ ယုံကြည်လက်ခံဖို့​ လုံ​လောက်​စေမှာပါ” လို့​ ​ပြောကြား​ခဲ့​ပါတယ်။

သမ္မတဦး​သိန်း​စိန် အပါအဝင် မဲ​ခေါင်​ဒေသ ၅ နိုင်ငံက ​ခေါင်း​ဆောင်​တွေဟာ ဘုရင့်​နန်း​တော်ကို သွား​ရောက်ပြီး​ ဂျပန် ဘုရင် အကီဟီတိုနဲ့​လည်း​ သွား​ရောက် ​တွေ့​ဆုံခဲ့​ပါတယ်။

သမ္မတဦး​သိန်း​စိန်ဟာ စ​နေ​နေ့​မှာ​တော့​ ဂျပန်ဝန်ကြီး​ချုပ် ယိုရှီဟီကိုနိုဒါနဲ့​ ​တွေ့​ဆုံဖို့​ရှိပြီး​ ဂျပန်အစိုး​ရအ​နေနဲ့​ မြန်မာအစိုး​ရကို ဖွံ့​ဖြိုး​မှု အကူအညီ​တွေ ပြန်​ပေး​ဖို့​ကိစ္စနဲ့​ ​ကြွေး​မြီ​တွေ ​လျော်ပစ်ဖို့​ကိစ္စ ​ကြေညာဖွယ်ရှိတယ်လို့​ ဂျပန်သတင်း​တွေမှာ ​ဖော်ပြပါတယ်။

သမ္မတဦး​သိန်း​စိန်ဟာ အရင်က ဂျပန်-မဲ​ခေါင် ထိပ်သီး​အစည်း​အ​ဝေး​ကို ဝန်ကြီး​ချုပ်တာဝန်နဲ့​ တက်​ရောက်ခဲ့​ဖူး​ပြီး​ ခုတကြိမ်မှာ​တော့​ ၂၈ နှစ်တွင်း​ အဆင့်​မြင့်​ဆုံး​ မြန်မာအစိုး​ရ ​ခေါင်း​ဆောင်တဦး​အဖြစ် ပထမဆုံး​ သွား​ရောက်တာပါ။

သူ့​ရဲ့​ ၅ ရက်တာခရီး​စဉ်မှာ ပြည်​ထောင်စုဝန်ကြီး​တွေဖြစ်တဲ့​ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဦး​ဝဏ္ဏ​မောင်လွင်၊​ စက်မှုဝန်ကြီး​ ဦး​စိုး​သိန်း​၊​ ဘဏ္ဍာ အခွန်ဝန်ကြီး​ ဦး​လှထွန်း​၊​ စီး​ပွား​ကူး​သန်း​ဝန်ကြီး​ ဦး​ဝင်း​မြင့်​ အမျိုး​သား​စီမံကိန်း​နဲ့​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှု ဝန်ကြီး​ ဦး​တင်နိုင်သိန်း​၊​ ကျန်း​မာ​ရေး​ ဒု-ဝန်ကြီး​ ​ဒေါက်တာ ဝင်း​မြင့်​တို့​လိုက်သွား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013