DVB Logo
Home
မြန်မာသတင်း
ထိုင်း​ငါး​ဖမ်း​လှေ​ပေါ် ​ရောင်း​စား​ခံရသည့်​ မြန်မာများ​ လွတ်​မြောက်
DVB
·
April 20, 2012
ထိုင်း​ငါး​ဖမ်း​လှေ​ပေါ် ​ရောင်း​စား​ခံရသည့်​ မြန်မာများ​ လွတ်​မြောက်
Donate to DVB

ထိုင်း​ငါး​ဖမ်း​လှေ​ပေါ်မှာ အလုပ်ခိုင်း​စေဖို့​ ​ရောင်း​စား​ခံရတဲ့​ မြန်မာအလုပ်သမား​တွေ ပြန်လည်လွတ်​မြောက်လာပါတယ်။

[caption id="attachment_24350" align="alignleft" width="300" caption="ငါးဖမ်းလှေများ (photo-ghre)"][/caption]

ရောင်း​စား​ခံရတဲ့​ မြန်မာအလုပ်သမား​ ၂၀ ​ကျော်ကို ထိုင်း​ လူကုန်ကူး​မှု တိုက်ဖျက်​ရေး​ အထူး​တပ်ဖွဲ့​က ထိုင်း​နိုင်ငံ​ရောက် မြန်မာနိုင်ငံသား​များ​အဖွဲ့​နဲ့​ အတူ ပူး​ပေါင်း​ပြီး​ ထိုင်း​နိုင်ငံ ချွန်ပူရီမြို့​နယ်တွင်း​ အ​ချောင်​လှေဆိပ်မှာ ဒီမနက်က သွား​ရောက် ကယ်တင်ခဲ့​တာပါ။

အလုပ်သမား​တွေထဲမှာ အသက် ၁၆ နှစ် ဝန်း​ကျင်အရွယ် ၄ ဦးပါဝင်ပြီး​ အများ​စုဟာ ပဲခူး​တိုင်း​ကဖြစ်​ကြောင်း​ ထိုင်း​နိုင်ငံ​ရောက် မြန်မာနိုင်ငံသား​များ​ အဖွဲ့​ရဲ့​ တာဝန်ခံ ဦး​ကျော်​သောင်း​က ​ပြောပါတယ်။

“ပဲခူး​တိုင်း​၊​ ထန်း​တပင်မြို့​နယ်၊​ ရင်အုပ်ကြီး​ကျေး​ရွာက သူတို့​ တရွာတည်း​သား​ ၆ ​ယောက် ​ရောင်း​စား​ခံ​နေရတယ် ဆိုပြီး​ အ​ကျော်ဆိုတဲ့​ လူတ​ယောက်က လာပြီး​ အမှုဖွင့်​တယ်။ အဲဒီမှာ ၁၆ နှစ်အရွယ် က​လေး​က ၄ ​ယောက်ပါတယ်။ အဲဒီက​လေး​ ၄ ​ယောက်ရဲ့​ ဓာတ်ပုံကို မိသား​စုဆီမှာ ဆက်သွယ်ပြီး​တော့​မှ မိသား​စုဓာတ်ပုံ​တွေ ဘာ​တွေ ပို့​တယ်။ ပို့​ပြီး​တော့​ အန်ကယ်က​နေပြီး​တော့​ ဒီ သတင်း​အချက်အလက်ကို ယူပြီး​တော့​ ကုလသမဂ္ဂ လူကုန်ကူး​မှုတိုက်ဖျက်​ရေး​က မြန်မာအရာရှိကို လှမ်း​ပြီး​တော့​ အ​ကြောင်း​ကြား​တယ်။ အ​ကြောင်း​ကြား​တော့​ သတင်း​အချက်အလက်​တွေ စု​ဆောင်း​တော့​ ဒီ​လောက်ကြာသွား​တော့​မှ၊​ ဒီ​နေ့​မနက် ၃ နာရီမှာ စပြီး​ အဲဒီ ​လှေကပ်ပြီဆိုတာ သိတာနဲ့​ ချက်ချင်း​ အန်ကယ်တို့​သွား​ပြီး​တော့​ သူတို့​တွေကို ကယ်ထုတ်နိုင်ခဲ့​တာ​ပေါ့​လေ။

“အဲဒီထဲမှာ အန်ကယ်တို့​ကို ​ပြောပြတဲ့​ အလုပ်သမား​တွေက​တော့​ ၁ နှစ်နဲ့​ ၃ လက​နေပြီး​တော့​ အနည်း​ဆုံး​ ၆ လ၊​ ၁၂ လ အထိ ပါတဲ့​ အလုပ်သမား​တွေပါပဲ။ ဒီအလုပ်သမား​တွေရဲ့​ ​နေရထိုင်ရတဲ့​ အ​ခြေအ​နေက အန်ကယ်မြင်ခဲ့​ရတာဆိုလို့​ရင် နံ​စော်ပြီး​တော့​ အဝတ်အစား​ လဲစရာကိုမရှိဘူး​။ ဒီအတိုင်း​ ခန္ဓာကိုယ်မှာ ဝတ်ထား​တာနဲ့​ လှမ်း​ထား​တဲ့​ တစုံပဲ ရှိတယ်။ တချို့​ဆိုရင် ဖိနပ်​တောင် မရှိဘူး​။ သူတို့​ လုပ်အား​ခ​တွေ ရလား​ဆို​တော့​ မရဘူး​၊​ သူတို့​ ​ရောင်း​စား​ထား​တဲ့​ ပွဲစား​က ထုတ်ယူသွား​တယ်။”

မြန်မာနိုင်ငံသား​ပွဲစား​တွေက ဘန်​ကောက်မြို့​ကို အလုပ်လုပ်ဖို့​လာတဲ့​ မြန်မာနိုင်ငံသား​တွေကို ​ခေါ်လာရင်း​ ထိုင်း​လှေသမား​တွေဆီ ​ရောင်း​စား​တာလို့​ ဆိုပါတယ်။

ပြန်လွတ်လာတဲ့​ ဦး​မောင်​ကျော်က မဲ​ဆောက်က​နေ ဘန်​ကောက်ကို တက်လာဖို့​ ထိုင်း​ဘတ်​ငွေ ၁၂၀၀၀ ​ပေး​ဆောင်ရပြီး​ လမ်း​ခရီး​မှာပဲ ​ရောင်း​စား​ခံရပုံကို ခုလို ရှင်း​ပြပါတယ်။

“ဘန်​ကောက်မှာ ကျ​နော့်​ သား​တွေက​နေပြီး​တော့​ ဒီမှာအလုပ်အကိုင် အဆင်​ပြေတယ်ဆိုလို့​ ကျ​နော်ကလည်း​ ဘန်​ကောက်တို့​ တက်လာမိတဲ့​အချိန်။ မဟာချိုင်​ရောက်ခါမှ ပွဲစား​ကို ပိုက်ဆံ ၁ ​သောင်း​ ​ပေး​ပြီး​တော့​၊​ ပွဲစား​က​နေ ချွန်ပူရီ ​လှေထဲကို ​ရောင်း​စား​လိုက်​တော့​တာပဲ ခင်ဗျ။ မဲ​ဆောက်က​နေပြီး​တော့​ လာတာ။ ​အောက်ပွဲစား​ကိုက ၂၅၀၀၊​ အထက်ပွဲကိုက အခု စုစု​ပေါင်း​ ၁၂၅၀၀။ သူတို့​ ​ရောင်း​သွား​ပြီး​ ပြန်မှ ကျ​နော် ​ရေ​တွေကို မြင်လို့​ ​လှေ​ပေါ် ​ရောင်း​စား​ပြီဆိုတာ သိရပါတယ်ခင်ဗျ။ ကျ​နော်တို့​ ၄ ​ယောက်စလုံး​ ​ရောင်း​စား​ခံရပါတယ်။”

လှေ​ပေါ်မှာလည်း​ အလုပ်ရှင်က အိပ်ချိန်မရှိ​အောင်ခိုင်း​ပြီး​ လစာလည်း​ မ​ပေး​သလို အလုပ်ပြီး​တာနဲ့​ အခန်း​မှာပဲ ထား​တယ်လို့​လည်း​ ဦး​မောင်​ကျော်က ​ပြောပါတယ်။

ပြန်လွတ်လာတဲ့​ မြန်မာအလုပ်သမား​တွေကို ထပ်မံစစ်​ဆေး​ပြီး​ မြန်မာနိုင်ငံ ပြန်ပို့​မှာဖြစ်ပြီး​ ​ရောင်း​စား​သူ​တွေနဲ့​ စက်​လှေပိုင်ရှင်ကို​တော့​ ဖမ်း​ဆီး​ထား​ပြီး​ တရား​စွဲဖို့​စီစဉ်​နေတယ်လို့​ သိရပါတယ်။

အလုပ်သမား​တွေဟာ တဦး​ကို ဘတ်​ငွေ ၂၂,၀၀၀ နဲ့​ ​ရောင်း​စား​ခံရတာလို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013