မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုလျှော့ပေးရေး အီးယူ ဆွေးနွေးဆုံးဖြတ်ရဦးမည်
DVB
·
April 20, 2012

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုလျှော့ပေးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဧပြီ ၂၃ ရက်နေ့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တရားဝင် ချမှတ်မယ်လို့ သိရပါတယ်။
[caption id="attachment_24345" align="alignright" width="300" caption="Maja Kocijancic"]
[/caption]
မြန်မာနိုင်ငံအပေါ် အီးယူရဲ့ ဒဏ်ခတ်အရေးယူထားမှုတွေ ၁ နှစ် ဆိုင်းငံ့ထားမယ်ဆိုတဲ့ သတင်းတွေကို အီးယူ ဥရောပသမဂ္ဂရုံး ပြောခွင့်ရသူ Maja Kocijancic က ငြင်းဆိုလိုက်ပြီး ဧပြီ ၂၃ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲမှာ ဒီကိစ္စကို အတည်ပြု ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး အပြောင်းအလဲတွေကို မြင်တွေ့ခဲ့ရပြီးနောက် စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေအတွက် ဆွေးနွေးပြီးတဲ့နောက်မှာ အီးယူအနေနဲ့ ဆက်ဆံရေးခေတ်သစ်တခုကို စတင်မယ်လို့ ဥရောပသမဂ္ဂ ပြောခွင့်ရှိသူက ပြောပါတယ်။
ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ရပ်တန့်လိုက်ရင် မြန်မာနိုင်ငံအတွက် အကျိုးရှိမယ်လို့ Maja Kocijancic က ရှင်းပြပါတယ်။
“ဥပမာအားဖြင့် ကုန်သွယ်ရေးနဲ့ အကူအညီဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ကြာရှည်နာမည်ပျက်စာရင်း ထည့်သွင်းထားတဲ့ လူတွေ၊ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။”
မြန်မာနိုင်ငံအပေါ်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဥရောပကော်မရှင်က တိုးမြှင့်ပေးခဲ့ပြီး ရန်ကုန်မှာ ဥရောပသမဂ္ဂ ရုံးဖွင့်ဖို့လည်း လုပ်ဆောင်နေတဲ့အကြောင်းနဲ့ နယ်စပ်ဒေသနဲ့ ဒုက္ခသည်စခန်းတွေကိုလည်း အကူအညီတွေ ပေးသွားဖို့ နည်းလမ်းတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ အီးယူရုံးက ပြောပါတယ်။
ပြီး ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသွားပြီးတဲ့နောက် နော်ဝေ၊ ဩစတြေးလျနဲ့အမေရိကန်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု တချို့ လျှော့ပေးလိုက်ပါတယ်။ ဥရောပသမဂ္ဂကလည်း မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတာတွေကို ပြီးခဲ့တဲ့လက လျှော့ချပေးခဲ့ဖူးပါတယ်။
